♡ 10 ♡

273 48 21
                                    

ချန်းယောလ်မွေးနေ့မို့ ဒီနေ့အတွက်အလုပ်တွေကို ဂျုံအင်ရောဘက်ခ်ဟျွန်း ပါအလုပ်တွေဖျက်ထားရသည်။24နာရီ လုံးမအားတဲ့ ဆရာဝန်သူငယ်ချင်းကြီးက ခုမှမွေးနေ့ကို ခရီးသွားချင်ပါတယ်ဆိုတာကြောင့် သူတို့လည်းဖြည့်ဆည်းပေးရသည်။

မနေ့ညတည်းက လိုက်ချင်ပါတယ်ဆိုပြီး ဂျီကျနေတဲ့ တူတော်မောင်က အခုတော့ သူ့ကိုစိတ်ဆိုးနေလေသည်။မနက်အစောနိုးလို့ အခန်းထဲဝင်ကြည့်တော့ အိပ်ယာပေါ်မှာ စောင်ကိုခေါင်းထိခြုံကာအိပ်လို့နေသည်။

စောင်ပုံလေးကိုတစ်ချက်ပုတ်ကာ

" ဦးငယ်တို့ပြန်လာရင် လက်ဆောင်ဝယ်ခဲ့မယ်နော် "

" ဦးငယ်ကိုခေါ်ဘူး ဟွန့်  !"

စောင်လေးဖယ်ကာ သူ့ကိုအော်ပြောလာပြီး နောက်တော့ စောင်ထဲပြန်ဝင်တိုးသွားလေသည်။ဘက်ခ်ဟျွန်းလည်း အောက်ဆင်းလာကာ မနက်စာစားလိုက်ပြီး ဧည့်ခန်းထဲ ph သုံးကာ ချန်းယောလ်တို့ကိုစောင့်နေလိုက်သည်။

" အဖေ ဟွန်းငယ်ကျောင်းသွားတော့မယ် "

" ဟဲ့ အစောကြီးကို ဘယ်ကျောင်းလဲ "

ဆူဟိုမှာလည်း မီးဖိုချောင်ထဲ ပန်းကန်တွေသုတ်ရင်း လက်သုတ်ပုဝါကြီးကိုင်လျှက်ထွက်လာရသည်။ဟွန်းငယ်က ကျောင်းဝတ်စုံကိုဝတ်ထားကာ ကျောပိုးအိတ်လည်းလွယ်ထားပြီးပြီ။

" ဒီနေ့ ဦးငယ်မအားဘူးလေ "

" ဟွန့် ! ဒိုဘယ်လာခေါ်မှာ ဟိုမှာရောက်တောင်ရောက်နေပြီ "

အပေါက်ဝကိုလှမ်းကြည့်တော့ ဒိုဘယ်က ခေါင်းငုံ့ကာနှုတ်ဆက်လာသည်။သူ့ဦးငယ်ကို စိတ်ကောက်နေတာမို့ နှုတ်မဆက်ဘဲ ဒိုဘယ်ကိုဆွဲခေါ်ကာ ထွက်သွားလေသည်။

" သွားလိုက်ပါဦးမယ် ခင်ဗျ ဟေ့ရောင်! ဖြေးဖြေးဆွဲဟ "

ဆူဟိုလည်း အခန်းထဲက လက်ကိုကြယ်သီးတပ်ကာထွက်လာတဲ့ ဟွန်းငယ်တို့အဖေနားသွားလိုက်သည်။လက်သုတ်ပုဝါကို ချထားခဲ့ကာ ဟွန်းငယ်တို့အဖေ ကို နက်ကတိုင်ပြန်ပြင်ပေးရသည်။

" ဟွန်းငယ်အသံကြားလို့ထွက်လာတာ ဟွန်းငယ်ရော "

" ဒိုဘယ်လေးလာခေါ်လို့ ကျောင်းသွားပြီ "

BELOVED [ Completed ]Where stories live. Discover now