♡ 6 ♡

270 54 29
                                    


ဒီနေ့တော့ ကျောင်းမှာ ဘောလုံးချိန်းပွဲရှိသည်မို့ ဦးကို နည်းနည်းနောက်ကျပြီးမှ လာကြိုလို့ ph ဆက်ထားသည်။ဆယ်ဟွန်းနဲ့ ဒိုဘယ်တို့ အခန်းက တစ်သင်း သူတို့နောက်ခန်းက တစ်သင်းပြိုင်ကြမှာဖြစ်သည်။

ကျောင်းမှာ ကအမြဲလိုလို အားကစားပွဲတွေကျင်းပနေကြဖြစ်သည်။ ပွဲမစခင် ကိုယ်လက်လေ့ကျင့်ခန်းလေးလုပ်ကြပြီး ပြိုင်ပွဲစကြသည်။

ပွဲစတော့ ဟိုဘက်က အသာစီးရနေသည်။ဆယ်ဟွန်း ကိုယ့်အတန်းက ရှုံးနေတာမို့ အင်တိုက်အားတိုက် တိုးဝင်ကာ ဘောလုံးကို လုတော့သည်။

" အိုဆယ်ဟွန်း မညစ်နဲ့နော် "

" ဘယ်မှာ ညစ်လို့လဲ အရူးရဲ့ "

ဆယ်ဟွန်းက သူမနိုင်တော့ရင် ညစ်တတ်တာကို သူငယ်ချင်းတွေအကုန်သိပြီးသားဖြစ်သည်။ခုလည်းသူရှုံးနေတော့ လူတွေကိုအတင်းတွေဝင်တိုက်ပြီး ညစ်တော့သည်။

တစ်ခြားသူငယ်ချင်းတွေလည်း မပြန်ကြသေးဘဲ အားပေးနေကြတာမို့ ကျောင်းကွင်းမှာ အသံများဆူညံလို့နေသည်။

ကျောင်းသားတွေကြားထဲ Suit အပြည့်ဝတ်ထားတဲ့ လူကလည်း ကွင်းထဲက တစ်ဦးတည်းသောကောင်လေးရဲ့ ကစားပုံ ညစ်တတ်တတ် လုပ်ပုံလေးတွေကြည့်ကာပြုံးနေတတ်သေးသည်။ဓာတ်ပုံများလည်း ရိုက်ကာ သိမ်းဆည်းထားနေလေသည်။

" အချိန် ဘယ်လောက်မှမကျန်တော့ဘူးနော် မြန်မြန်ဆော့ကြ "

အားကစားဆရာက လှမ်းအော်နေပြီမို့ ဆယ်ဟွန်းနဲ့ ဒိုဘယ်တို့ သူငယ်ချင်းတွေပေါင်းကာ တိုက်ကွက်အသစ်တွေထုတ်ရတော့မည်။ အခုက သရေဖြစ်နေပြီမလား ။

နိုင်အောင်လုပ်ရမယ် မနိုင်ရင် အိမ်မပြန်ဘူး။ဦးလာခေါ်မှ ပြန်မယ် အိုဆယ်ဟွန်းတဲ့နော် တစ်ဟွန်းဘဲရှိတယ် နှစ်ဟွန်းရှိရင် ဦးကိုယူပလိုက်မယ်။

အချိန်လည်း သိပ်မကျန်တော့သည်မို့ ဘောလုံးကို ဟိုဘက်ကလုလိုက် ဒီဘက်ကလုလိုက်နှင့် ဂိုးပေါက်နားကိုမရောက်နိုင်ပါ။ရုတ်တရက်ဆိုသလို ဆယ်ဟွန်းနားဘောလုံးရောက်တော့ ဆယ်ဟွန်းလည်း ခြေထောက်နှင့်ကန်ကာ အနောက်ကဂိုးပေါက်ထဲသွင်းခါနီး ဒိုဘယ်က

BELOVED [ Completed ]Wo Geschichten leben. Entdecke jetzt