♡ 16 ♡

258 41 8
                                    

ကလေးနဲ့တရားဝင်တွဲခွင့်ရထားသည်မို့ ဂျုံအင်မှာလွယ်လင့်တကူအိမ်ကိုဝင်ထွက်နိုင်လေသည်။Company ကိုမသွားခင် ကလေးကိုကျောင်းပို့။အပြန်မှာလည်း ဂျုံအင်ကဘဲကြိုကာ ကလေးနဲ့အတူလျှောက်လည်ပြီးမှ အိမိပြန်ပို့ပေးမိသည်။

ဘက်ခ်ဟျွန်းကတော့ သူ့တူကိုလိုက်မပို့ရတော့တာမို့ မနက်ဆို နည်းနည်းလေးနောက်ကျမှထသည်။ညနေဆိုလည်း အိမ်ကိုစောစောပြန်ရင်ပြန် မပြန်ဖြစ်ရင်လည်းနှစ်ယောက်မရှိသောဆရာဝန်ကြီးပတ်ချန်းယောလ်ဆီသွားကာ သွားသွားရှုတ်တတ်သေးသည်။

ကျောင်းပြီးရင် ကလေးနဲ့အတူနေဖို့ အိမ်ကိုလည်းဂျုံအင်ဒီဇိုင်းဆွဲထားပြီးပြီဖြစ်သည်။မြေနေရာကောင်းကောင်းရှာကာ ဆောက်ဖို့ဘဲလိုသည်။
တွဲတာကြာလာလေလေ ကလေးကိုပိုချစ်လာသလို။ကလေးကလည်းတနေ့တခြားသူ့အပေါ်ချွဲလိုက်ဆိုးလိုက်ပင်။

အစ်မဆူဟိုတို့နဲ့များထမင်းအတူစားလို့ ငါးဟင်းချက်ထားရင် အစ်မဆူဟိုကိုမနွှာခိုင်းဘဲ ဂျုံအင်ကိုနွှာခိုင်းသည်။သူ့အကြိုက်တွေ့လို့ စိတ်ပျော်နေတဲ့နေ့ဆို အဖေအမေတွေရှေ့မရှောင်ဘဲ ဂျုံအင်ပါးကိုနမ်းသည်။ဘက်ခ်ဟျွန်းဆို ကလေးလုပ်တဲ့ပုံကိုကြည့်ပြီး မျက်နှာကြီးမဲတက်လာသလို။အစ်ကိုရီရှင်းဆိုလည်း အဟမ်းအဟမ်းလုပ်ကာ နေသည်။အစ်မဆူဟိုကတော့ ကလေးခေါင်းကိုခေါက်ကာ အရှက်မရှိဘူးဆိုကာ ပြောလေသည်။

" ဦး ~~ မေမေက ကလေးခေါင်းကိုခေါက်တယ်  ကလေးနာသွားပြီ "

" အုံဖွ နော် ဖွ ဖွ "

ဂျုံအင်က ဘာဆိုဘာမှမပြောဘဲ အလိုလိုက်ပေးတာကို အစ်မဆူဟိုကမြင်ရင်
် " ဂျုံအင်ရေ နင်အဲ့ကလေးကိုကြပ်ကြပ်အလိုလိုက် နင့်ကိုရောင်းစားသွားလိမ့်မယ် "

်လို့ ပြောရင် ကလေးကနှုတ်ခမ်းဆူကာ

" ဦးကိုကလေးက ဘယ်မှမရောင်းစားဘူးသိလား ကြားစကားတွေနားမယောင်နဲ့နော် "

ဒီလိုကိုဂျုံအင်ကို ချုပ်တတ်သေးသည်။
ကလေးဆီကအနမ်းခံရသည်မို့ ဂျုံအင်ကတော့့ပျော်တယ်ဆိုသော်လည်း လူကြီးတွေရှေ့တော့ရှောင်ရမယ်မလား။ဘေးကနေအေးအေးဆေးဆေးပြောပြရင် တဟုတ်ဟုတ်ဖြင့် ပြန်ဖြေပေမယ့်လည်းပြီးရင် လုပ်ချင်တာလုပ်တော့တာပါဘဲ။

BELOVED [ Completed ]Where stories live. Discover now