♡ 7 ♡

292 51 15
                                    


ဆေးရုံရောက်တော့ ဟွန်းငယ်ကိုယ်လေးကိုမကာ အရေးပေါ်ခန်းထဲထိဂျုံအင်ပွေ့ချီကာ ကုတင်ပေါ်တင်ပေးလိုက်သည်။ချန်းယောလ်ကလည်း ဂျုံအင်နောက်ကလိုက်လာကာ တာဝန်ကျဆရာကို မကြည့်ခိုင်းဘဲ သူကိုယ်တိုင်ကြည့်ပေးသည်။

" ဘယ်လိုဖြစ်တာလဲ ဂျုံအင် "

ချန်းယောလ်မေးတာကိုမဖြေဘဲ ကုတင်ပေါ်က ဟွန်းငယ်ကိုသာ ကြည့်နေပြီး လက်ကိုလည်းမလွှတ်တမ်းဆုပ်ကိုင်ထားကာ သတိလက်လွတ်ဖြစ်နေတဲ့ ဂျုံအင်ကို

" ဂျုံအင် !! ဂင်ဂျုံအင် ငါမေးနေတယ်လေ ဟွန်းငယ်က ဘယ်လြို့ဖစ်တာလဲလို့ ? "

ချန်းယောလ်က အော်မေးလိုက်တာကြောင့် ဘေးနားက သူနာပြုတွေရော လူနာတွေကပါကြည့်လာသည်။ဘေးကအတွင်းရေးမှူးက သူဌေးဆိုကာ ခေါ်တော့မှ မျက်ရည်ဝဲနေတဲ့ မျက်လုံးများဖြင့် ချန်းယောလ်ကိုကြည့်ကာ

" ဓာတ် ~~ ဓာတ်လှေကားထဲမှာမေ့လဲသွားတာ ဟွန်းငယ်တစ်ယောက်တည်း … ငါ အမှားတွေပါ ဟွန်းငယ်ကို တစ်ယောက်တည်းမသွားခိုင်းသင့်ဘူး "

တော်တော်ထိတ်လန့်နေတဲ့ ပုံစံဖြင့်ပြောလာသော ဂျုံအင်ကြောင့် ချန်းယောလ်လည်းသက်ပြင်းချကာ ဟွန်းငယ်ကို အမြန်ကြည့်ရသည်။

ချန်းယောလ်လည်း ဟွန်းငယ်ကို သေချာကြည့်ပြီးတာနဲ့ ဘေးနားက သူနာပြုလေးတစ်ယောက်ကို ဆေးနဲ့ အခန်းသက်သက်ပါလုပ်ပေးဖို့ ပြောလိုက်သည်။ဂျုံအင် အတွင်းရေးမှူးကလည်း အခန်းကိစ္စလုပ်ဖို့ဆိုကာ ထွက်သွားလေသည်။

ဟွန်းငယ်ကို သီးသန့်အခန်းပြောင်းပြီးသည့်တိုင် ဂျုံအင်က ဟွန်းငယ်ဘေးနားကမခွာပါ။ ကုတင်ပေါ်မှာလှဲနေတဲ့ ဟွန်းငယ်ကို တစ်ချက်ပြန်စစ်ရင်း

" ဟွန်းငယ်က အမှောင်ခန်းတွေ အရမ်းကြောက်တတ်တယ် ငယ်ငယ်တည်းက မှောင်နေတဲ့အခန်း မီးမထွန်းထားတဲ့ အခန်းဆို မဝင်တော့ဘူး မီးပျက်လို့ အခန်းကမှောင်နေရင်တောင် ဓာတ်မီးဖွင့်ဖို့ ကြောက်ပြီး တစ်နေရာတည်းမှာဘဲ မလှုပ်မယှက် နေတတ်တယ် ပြီးရင် အသက်ရှူကျပ်င်္ပြီး မေ့လဲသွားတတ်တယ် "

ချန်းယောလ်စကားပြောနေရင်း ဂျုံအင်ကိုကြည့်နေမိသည်။စကားပြောနေရင်း ဟွန်းငယ်လက်ကို ဆုပ်ကိုင်ထားတဲ့ ဂျုံအင်လက်က ပိုတောင်တင်းကျပ်သွားသလိုပင်။

BELOVED [ Completed ]Where stories live. Discover now