♡ 5 ♡

285 54 11
                                    


ဆယ်ဟွန်းကျောင်းဆင်းတော့ ဦးငယ်ကားကို ကျောင်းပေါက်ဝမှာ ထိုင်စောင့်နေလိုက်သည်။တော်တော်ကြာသည်ထိ ရောက်မလာတာမို့ သူနဲ့အတူစောင့်ပေးနေတဲ့ ဒိုဘယ်တောင် ပြန်တော့မယ်ဆိုပြီး ပြန်သွားပြီ။

ဦးငယ်ဆီ ph ဆက်တော့လည်း မကိုင်။ဂါးးးး ဘာတွေအလုပ်ရှုပ်ပြန်နေပြီလဲမသိဘူး။ ကျောင်းထဲမှာ ဘောလုံး ကန်လာတာမို့ တစ်ကိုယ်လုံးလည်းနံစော်နေပြီ။မြန်မြန်ရေချိုး ထမင်းစားပြီး အိပ်ချင်နေပြီ။ ဒီထက်ဆက်စောင့် နေရမလား မစောင့်ရဘူးလား အမေဆီ ph ဆက်ရမယ်။

" မေမေ ဦးငယ်က မလာသေးဘူးလား …  ဟွန်းငယ်စောင့်နေတာ ကြာလှပြီ "

" သားဦးငယ်က အလုပ်ကိစ္စကြောင့် ခုလေးတင်ခရီးထွက်သွားလေရဲ့ ခဏစောင့် ဂျုံအင်လေးလာကြိုလိမ့်မယ် "

" ဟင် ဦးလာကြိုမှာလား … ဟင့် ~~ ကြိုလည်းမပြောဘူးမေမေတို့ကလည်း ဘာမှန်းလဲမသိဘူး "

ချွေးတွေနဲ့ ရွှဲနေပါတယ်ဆိုမှ တကယ်ပါဘဲ။ ဦးကလည်း ဘာလို့ ဒီနေ့မှလာကြိုရတာလဲလို့။ အနံ့တွေအရမ်းနံနေလားမသိဘူး။

" ဟွန်းငယ် !… "

" ဦး !  "

" လာလေ ကားပေါ်တက်တော့ "

" ဟုတ်ကဲ့ "

ဦးက သူ့ကို လှမ်းခေါ်ကာ ကားတံခါးဖွင့်ပေးလာသည်မို့ ဆယ်ဟွန်းလည်း ကားပေါ်တက်လိုက်သည်။ကားနားအရောက် ဦးဘေးနားကအဖြတ် ရေမွှေးလေးပါရောနှောနေသောချွေးနံ့သင်းသင်းလေးကို ရလိုက်သည်။

ဦးက ကားပေါ်တက်ကာ စတီယာတိုင်ကို တစ်ဖက်တည်းလှည့်ပြီး မောင်းသွားပုံကတကယ်ကို မိမိုက်နေသည်။

" ဘာစားပြီးပြီ လဲ ဟွန်းငယ် "

" ဘာမှမစားရသေးဘူး ဦးရဲ့ "

" ဟုတ်လား ! ဗိုက်ဆာနေလား ဒီနားက မုန့်ဆိုင်မှာ တစ်ခုခုဝင်စားကြမယ်လေ "

" ဟင့်အင်း တော်ပြီစားတော့ဘူး "

ဂျုံအင်က မုန့်တစ်ခုခုဝင်စားမယ်လို့ ပြောတုန်းက ဟွန်းငယ် မျက်လုံးလေးတွေက အရောင်လက်လာသည်။နောက်တော့ တစ်ခုခုကိုစဉ်းစားသလို လုပ်နေပြီးမှ မစားတော့ဘူးပြောလာသည်။

BELOVED [ Completed ]Where stories live. Discover now