အခန်း (12) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး

Start from the beginning
                                    

" စစ်တပ်ဌာနချုပ်မှာရှိတဲ့ အမှိုက်ကောင်တွေ"

ရှို့ရီထယ့် ခေါင်းမော့ကာနောက်ဆုံးလက်ကျန် ဝိုင်ကိုသောက်ရင်း အော်ပြောလိုက်တယ်။

ရှို့ရီထယ့် ကို လုဟန် အသံတိတ်ငေးမောနေတယ်။

" ဘယ်သူ့အထောက်အပံ့မှမပါဘဲ Wind & Thunder တစ်ဖွဲ့တည်း Queen ပြသာနာကိုဖြေရှင်းနိုင်တယ်...Oh...."

ရှို့ရီထယ့် သရော်သလိုပြုံးရင်း ဆက်ပြောပြန်တယ်။

"သူတို့ရဲ့မျက်လုံးထဲမှာ မာရှယ်ရာထူးကလွဲရင်ဘာမှ မမြင်တော့ဘူး၊ဒီလောက်ကောင်းတဲ့ အခွင့်ရေးကို သူတို့က သူတို့ရဲ့ ပြိုင်ဆိုင်မှုတွေအတွက် ညှိနှိုင်းချက်တစ်ခုလို အသုံးချနေကျတယ်"

"အဲ့ဒီ့တော့??"

လုဟန် မေးလိုက်တဲ့အခါ ရှို့ရီထယ့် မျက်မှောင်တစ်ချက်ကျုံ့သွားပြန်တယ်။

လုဟန် နှုတ်ခမ်းမြှင့်ပြီး ဖျော့တော့တော့ပြုံးကာ စကားဆက်လိုက်တယ်။

" အဲ့တော့ မင်းက ယုံကြည်ချက်မရှိဘူးလား"

" ဘယ်လိုဖြစ်နိုင်မှာလဲ! Wind & Thunder တပ်ဖွဲ့တစ်ခုတည်းရှိနေမယ်ဆိုရင်တောင် Queen ကိုချေမှုန်းဖို့ ပြသာနာလုံးဝမရှိဘူး"

ဒါက ရှို့ရီထယ့် မာနထောင်လွှားပြီးပြောဆိုနေတာမဟုတ်ပါဘူး။ အရက်ကြောင့် အသိဉာဏ်ဝေဝါးနေသည့်တိုင် Wind & Thunder ရဲ့ ကိုယ်ပိုင်ခွန်အားကို ရှို့ရီထယ့် ရှင်းရှင်းလင်းလင်း သိမြင်တယ်။ တခြားတပ်မဟာတွေလာမကူခဲ့ရင်တောင် အလွန်ဆုံးမှ အခက်အခဲ နည်းနည်းလောက် ပိုသွားရုံတင် ဘာမှ မထူးခြားဘူး။

" ဒါဆို မင်းဘာလို့ စိတ်ဓာတ်ကျနေတာလဲ?တခြားသူတွေနားလည်လာအောင် လုပ်ဖို့ကငါတို့တာဝန်မဟုတ်ဘူး၊ ငါတို့ရဲ့ ရည်ရွယ်ချက်ကို မမေ့သေးသ၍ အဆင်ပြေပါတယ်"

ရှို့ရီထယ့် က လုဟန် ရဲ့မျက်လုံးတွေကို ကြည့်လိုက်တယ်။ထိုမျက်ဝန်းတွေက အတိမ်အနက်မသိတဲ့ ရှေးဟောင်းရေတွင်းတွေလို နက်ရှိုင်းလှပေမယ့် လက်ရှိမှာတော့ ကြယ်ရောင်စုံလင်းလက်နေတဲ့ ကြယ်မြစ်ကြီးတစ်စင်းလို တောက်ပနေပါတယ်။ရှို့ရီထယ့် က ထိုအလင်းတွေရဲ့ ဆွဲဆောက်မှုကိုခံလိုက်ရတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးတိတ်ဆိတ်သွားခဲ့သလိုပါပဲ။ သူ့ရဲ့ တည်ရှိနေမှုကို အသံပေးနေတဲ့ ပင်လယ် လှိုင်းပုတ်သံတွေတောင်မှ ငြိမ်သက်သွားသလိုခံစားရတယ်။လုဟန် ရဲ့ မျက်ဝန်းတွေကို ရှို့ရီထယ့် ကြည့်နေရင်းမှာ သူ့ရဲ့ ကိုယ်ပိုင်နှလုံးခုန်သံကလွဲရင် ဘာမှ မကြားရတော့ဘူး။ရှို့ရီထယ့် တစ်ယောက်ကြယ်မြစ်တစ်စင်းလို ဆွဲဆောင်နေတဲ့ မျက်ဝန်းတွေဆီကနေ သူ့ကိုယ်သူမနည်း အသိကပ်အောင်လုပ်ဆောင်နေရပါတယ်။နှစ်ယောက်သား နီးကပ်လာလေ ရှို့ရီထယ့် တစ်ယောက် အသက်မရှုနိုင်တော့လောက်အောင်ရင်တွေခုန်နေတယ်။လုဟန် ကို ရှို့ရီထယ့် ထိတွေ့တော့မယ့် အချိန်မှာ တစ်စုံတစ်ခုက ရှို့ရီထယ့် ကို တားဆီးထားပါတော့တယ်။

How to die as heavy as mount TaiWhere stories live. Discover now