Chapter (106)_ အကိုကြီးဆီ အရောက်လာပြီ..

Start from the beginning
                                    

"ဟိန်ဟိန်?"

ရှုချိန်က သူ့ရှေ့က လူက ဘယ်သူဆိုတာ သေချာမြင်လိုက်တော့ ချက်ချင်းထထိုင်ရင်း ခေါ်လိုက်သည်။ ရှုဟိန်က ချက်ချင်းပင် ရှုချိန်နားကို ရောက်လာပြီး ကျောနောက်တွင် ခေါင်းအုံးကို ခုပေးကာ မှီထိုင်စေလိုက်ချိန်မှာ ရှုချိန်က သူ့သားကြီး၏မျက်လုံးကို အကြည့်လွဲကာ စိတ်မကောင်းစွာ ပြောလိုက်သည်။

"ငါ မင်းကို စိတ်ပူစေမိလို့ စိတ်မကောင်းပါဘူး"

"အရင်မှီထိုင်လိုက်ဦး အဖေ။ ကျွန်တော် အိမ်ဖော်တွေကို ဆန်ပြုတ်ယူလာခိုင်းလိုက်မယ်"

"မင်း ဒီကို အပြေးပြန်လာရတာ မင်း ကျောင်းစာကို မထိခိုက်ဘူးလား"

"အဲ့ဒါက အပြီးသတ်နေပါပြီ။ ကိစ္စမရှိပါဘူး"

အဲ့ဒါက ဘယ်သူမို့လဲ။ ရှုဟိန်လေ။ သူက ကိစ္စမရှိဘူးလို့ပြောရင် တကယ် ကိစ္စမရှိလို့ပဲပေါ့။

ဒီစကားကိုကြားတော့မှ ရှုချိန်က စိတ်ချလက်ချ ခေါင်းအုံးကို မှီလိုက်နိုင်တော့သည်။ ရှုဟိန်က ပြန်ရောက်ရောက်ချင်း သူ့အဖေကို စိတ်ပူလို့ ဆေးရုံကို သယ်သွားပြီး တကိုယ်လုံးကို စစ်ဆေးပေးပြီး ဘာမှမဖြစ်ဘူးဆိုမှ အိမ်ကို ပြန်ခေါ်လာသည်ဆိုတာကို ရှုချိန် မသိပေ။ အိမ်သို့ပြန်ရောက်ချိန်မှာ ရှုဟိန်က အစီရင်ခံစာအားလုံးကို ကြည့်ပြီးလေပြီ။

"အဖေ နေကောင်းပါတယ်။ နည်းနည်းအားနည်းနေရုံပါ"

ရှုချိန်က ပြောလိုက်သည်။ အောက်ထပ်ကို ရှုဟိန်က စာပို့ပြီး ဆန်ပြုတ်လာပို့ခိုင်းလိုက်သည်။ ရှုချိန်က ဆန်ပြုတ်သောက်နေချိန်မှာ ရှုဟိန်က အိပ်ယာဘေးမှာ လုပ်စရာရှိတာလုပ်နေသည်။ သားအဖ နှစ်ယောက် စကားမပြောကြပေမယ့် သူတို့ကြားကလေထုက သဟဇာတဖြစ်ကာ အခြေနေက အေးချမ်းလို့နေသည်။

ရှုချိန်က ဆန်ုပြုတ်တစ်ဝက်ကုန်ချိန်မှာ ဆက်မစားနိုင်တော့ပေ။.

"အဖေ အခုမှ အိပ်ယာနိုးလာတာ။ သိပ်မဆာသေးဘူး.... သူမ .. ထွက်သွားပြီလား"

"ထွက်သွားပြီ..."

"ဒါကို နင်နင်မသိအောင် ငါတို့ ခဏထားထားရအောင်။ စာမေးပွဲနီးနေလို့ သူ့ကို စိတ်အနှောက်ယှက်မဖြစ်စေချင်ဘူး"

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now