Yellow Is The Warmest Colour ⁹+¹⁰

Começar do início
                                    

" သမီး ရဲ့ Mommy က စိတ်ပူ​နေတာ​လေ "



" Mommy မှာ ဒီသမီး​လေးတစ်​​ယောက်ပဲရှိတာ

အားကိုးရပြီး ကိုယ့်ကိုသိပ်ချစ်​ပေးနိုင်တဲ့ ခင်ပွန်းရယ်
တီတီတာတာ​ပြောတတ်တဲ့ က​လေး​​လေး​တွေရယ် နဲ့
သမီး​​ပျော်ရွှင်​နေတာကို Mommy မြင်သွားချင်တယ် "



ညာဖက်လက်က လက်သည်း​စတွေဟာ
ဘယ်ဖက်လက်ဖမိုး​ပေါ်မှာ အားနဲ့ဖိဝင်နေခဲ့တယ်

စိုးရိမ်တကြီး​ပြော​နေတဲ့ အ​မေဖြစ်သူ​ကြောင့်
Lisa နဲ့ ဘယ်လိုပတ်သတ်မှုရှိသလဲ ဆိုတဲ့အ​ကြောင်း​တွေကို ​
လော​​လောဆယ်မှာ Jennie ​ပြောဖြစ်​သေးမှာမဟုတ်ဘူး



" Mommy ​ပြောတာ နားလည်တယ်မှတ်လား ? "



" စိတ်မပူပါနဲ့ ~ Mommy ကို စိတ်မပျက်​စေရပါဘူး
အဲ့ဒါဆိုရင် သမီးအခန်းထဲမှာ သွားနားလိုက်ဦးမယ် "



Dining room ထဲက​နေ Jennie ထွက်လာပြီး
အ​ပေါ်ထပ်က ကိုယ့်အခန်းထဲကိုယ်ဝင်လာခဲ့တယ်

လက်ထဲက ph ကို အားသွင်းဖို့လုပ်တုန်း
message မှာမြင်လိုက်ရတဲ့ Lisa ပို့ထား​သောစာ​ကြောင့်
နှုတ်ခမ်း​​​ထောင့်စွန်းတွေ တွန့်​ကွေး​သွား​သည်အထိပြုံးမိသည်



အိမ်မှာ​ကောင်း​ကောင်းအနားယူလိုက်ပါ
ည​နေကျရင်ရုပ်ရှင်ကြည့်ဖို့အတွက်ကိုယ်လာ​ခေါ်မယ်​နော်
ကိုယ့်ချစ်သူဖြစ်​ပေးလို့လည်းအရမ်း​ကျေးဇူးတင်ပါတယ်

ချစ်တယ် Jennie 💛🌼



Jennie စာဖတ်ပြီးတာနဲ့ ph အားသွင်းပြီး
ကုတင်​ပေါ်မှာ လှဲလိုက်ရင်း မျက်လုံး​တွေမှိတ်ထားမိသည်

အားလုံးပြည့်စုံ​နေပါလျက်နဲ့ ဘယ်လိုအရာက
ကိုယ့်ရဲ့စိတ်ကို မတင်မကျဖြစ်​နေ​စေ​သေးသလဲဆိုတာ
အ​တွေး​တွေနယ်ချဲ့ရင်း အ​တော်ကြာအိပ်​ပျော်သွားခဲ့တယ်




















~~~~~~~~~~~~~~~~~~~~~~~~~~~~~~~













Jennie အိပ်​ပျော်​​နေတုန်း မျက်နှာ​ပေါ်မှာ
တစ်စုံတစ်ခု​ပြေးလွှား​နေတာကိုသတိထားမိတယ်

Yellow Is The Warmest Colour💛(Ongoing)Onde histórias criam vida. Descubra agora