အပိုင်း(၅၈)

Start from the beginning
                                    

နောက်ဆုံးစာကြောင်းကို ကြားလိုက်ရတော့ ထန်းမော့ရဲ့ ဖိနှိပ်ထားတဲ့ ဒေါသတွေက ပေါက်ထွက်လာတယ်။ သူ့လက်ထဲက ဓားနဲ့ခက်ရင်းနဲ့ကို ပန်းကန်ပြားပေါ် ပစ်ချပစ်လိုက်တယ်။ အဲ့တာက ချောင်လန့်ကို လန့်သွားစေတယ်။ သူတို့ဘေးကလူတွေတောင် လှည့်ကြည့်ကြတယ်။

သူများတွေရဲ့ အကြည့်ကို လျစ်လျူရှုလိုက်ပြီး သူက ချောင်လန့်ကို အေးစက်စွာ စိုက်ကြည့်လိုက်တယ်။ " ငါစားလို့ပြီးပြီ။ ငွေရှင်းချင်တယ်။ "

ထန်းမော့က လောကကြီးကိုနားမည်ဘူး။ ဒါပေမဲ့ သူက တစ်ကယ်တော့ အရမ်းဥာဏ်ကောင်းပါတယ်။

အခုအချိန်မှာ သူအရမ်းစိတ်တိုနေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ စိတ်ရင်းစေတနာကလဲ အမှန်ပဲလေ။

ချောင်လန်ကပြောတယ် သူ သူမကို ဒီလိုမျိုး ထောက်ပံ့နေရအောင် သူတို့၂ယောက်က ဘာဆက်ဆံရေးမှ မရှိဘူးတဲ့။ 'သူတို့ကြားမှာ ဆက်ဆံရေးမရှိဘူး' ဆိုတဲ့ စကားက ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းလိုပဲ သူ့ခေါင်းထဲမှာ ထပ်တလဲလဲ ပေါ်လာနေတယ်။

သူ ဓားနဲ့ခက်ရင်းနဲ့ကို ပန်းကန်ပြားပေါ်ကို အကြမ်းကြီး ပစ်ချလိုက်တယ်။ ဒေါသ ၊ ဝမ်းနည်းမှု ၊ စိတ်တိုမှု ၊ စိတ်ပျက်မှု၊ ပူဆွေးမှု ပြီးတော့ သူမဖော်ပြတက်တဲ့ တစ်ခြားခံစားချက်တွေက သူ့စိတ်ထဲမှာ ပြည့်လာနေတယ်။

သူ့မျက်လုံးတွေက မြူဖုံးနေသလိုပဲ။ ပြီးတော့ သူ ဒေါသထွက်လွန်းလို့ ဒီနေရာကနေ ထွက်သွားချင်နေတယ်။

ချောင်လန်က အနှောင့်အယှက်ဖြစ်သွားတဲ့ ဧည့်သည်တွေကို အမြန်တောင်းပန်လိုက်ပြီး ပြန်ပြေးလာတယ်။ " ဦးလေးချန်က အခုထိ မလာသေးဘူး။ နင်ဘယ်သွားမလို့လဲ။ ထန်းမော့ ငါနင့်ကို ဒေါသထွက်အောင်လို့ ပြောလိုက်တာ မဟုတ်ပါဘူး။ "

သူ နားမထောင်ချင်ဘူး။ ဘယ်နေရာဖြစ်ဖြစ်သွားချင်နေတယ်။ ဒီနေရာမှာ ဆက်မနေချင်တော့တာပဲ သူသိတယ်။

ချောင်လန်က ထန်းမော့ စားပွဲကို ပြန်ပြင်ပေးလိုက်တယ်။ ပြီးတော့ ထန်းမော့ ထွက်သွားလို့မရအောင် သူ့ wheelchair ရှေ့က ပိတ်ရပ်လိုက်တယ်။ ထန်းမော့က wheelchair ပေါ်မှာ အေးစက်စွာထိုင်နေပြီး ချောင်လန့်ကို ကြည့်လိုက်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now