အပိုင်း(၅၄)

Start from the beginning
                                    

ရုတ်တရက် ထန်းမော့ဖုန်းက မြည်လာခဲ့တယ်။

ထန်းမော့ ခေါင်းကို ငုံ့လိုက်တယ်။ သူမသိတဲ့နံပါတ်စိမ်းကို ကြည့်ရင်း သူ့အသက်ရှူသံတွေ မတည်မငြိမ်ဖြစ်လာတယ်။ ပြီးတော့ သူဖုန်းကိုင်လိုက်တယ်။

" ဟယ်လို? " သူ့စိတ်ထဲမှာ ဆူညံသံတွေက ဆက်ရှိနေတယ်။ ဒါပေမဲ့ ကောင်မလေးရဲ့ ကြည်လင်နေတဲ့ အသံက အဲ့အသံတွေကို မုန်တိုင်းတိုက်နေတဲ့အချိန်လျှပ်စီးလက်လိုက်သလိုပဲ ဖောက်ထွင်းသွားတယ်။

" ဟေး " ဖုန်းရဲ့တစ်ဖက်က အသံက တစ်ကယ့်အစစ်လို့ မထင်ရဘူး။

" ထန်းမော့ နင်လား? နင်ဘာဖြစ်လို့လဲ။ နင်အအေးမိထားလို့လား။ နင့်အသံက ဘာလို့ နည်းနည်း ထူးဆန်းနေရတာလဲ။ "

ထန်းမော့က ဖုန်းကို ကိုင်ရက်ကြီးနဲ့ပဲ အေးခဲသွားတယ်။

အချိန်အကြာကြီးနေတော့ သူက ဖုန်းကို သူ့ရဲ့အေးနေတဲ့ပါးပေါ်ကို တင်းတင်းဖိလိုက်တယ်။

အခုအချိန်က ဘော့စတွန်မှာ ညနေ၁၂ခွဲ ရှိပြီ။ သူတို့နိုင်ငံထက် ၁၂နာရီစောနေတယ်။ ဆိုလိုတာက ကမ္ဘာတစ်ဖက်ခြမ်းက ချောင်လန့်ဘက်မှာ မနက်ခင်း၁၂ခွဲကြီးပေါ့။

ချောင်လန်က လွန်ခဲ့တဲ့နာရီပိုင်းလောက်ကမှ ထန်းမော့ဖုန်းနံပါတ်ကို ရခဲ့တာ။ သူမအလုပ်ချိန်လဲပြီးရော သူမ သူဌေးဖုန်းကိုငှားပြီး ထန်းမော့ဖုန်းနံပါတ်ကို ဆက်လိုက်တာ။

ဖုန်းရဲ့တစ်ဖက်မှာ နည်းနည်း ဆူညံနေတယ်။ ထန်းမော့ အအေးမိနေတာလား ဒါမှမဟုတ် တစ်ခုခုဖြစ်တာလားဆိုတာ သူမမသိဘူး။ ဒါပေမဲ့ သူ့အသံကတော့ နည်းနည်းအက်ကွဲနေတယ်။

" ထန်းမော့ နင်အအေးမိထားတာလား။ ဘာလို့ နင့်အသံက နည်းနည်း ပြာနေသလိုဖြစ်နေရတာလဲ။ " ချောင်လန်က သူ့ကို မေးလိုက်တယ်။ ခဏကြာတော့ သူမမေးခွန်းကို ဖုန်းကနေတစ်ဆင့်ဖြေသံကြားလိုက်ရတယ်။ " မဟုတ်ပါဘူး "

ပြီးတော့ ဘာမှထပ်မရှိတော့ဘူး။

တစ်ကယ်လို့ ချောင်လန်ကသာ ထန်းမော့အကျင့်ကို နားမလည်ဘူးဆိုရင် သူကဒီလိုကပုံမန်ပဲဆိုတာကို မသိခဲ့ဘူးဆိုရင် ဒီဖုန်းဆက်တာက ရှေ့ဆက်ဖို့ အတော်လေးခက်ခဲတော့မှာပဲ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now