Part 7 EP 1 ZG

82 15 0
                                    

Part 7 Episode 1

လောကကြီးမှာ မျက်လုံးနဲ့ မမြင်ရတဲ့ မျက်နှာဖုံးတွေရှိကြပါတယ်။ မျက်နှာဖုံးတွေဟာ လူတွေရဲ့စိတ်ကို လှည့်စားနိုင်တယ်။ လူတိုင်းမှာလည်း မျက်နှာဖုံးတွေရှိကြတယ်။

မျက်နှာဖုံးတွေက မကောင်းဘူးလား ?

လူတွေက ဘယ်အချိန်တွေမှာ မျက်နှာဖုံးတပ်ကြလဲ ?

×××

ခွေးဂေဟာ ~~~

ပုံပြင်သစ်ဟာ အထက်တန်းပထမနှစ်အပြီးမှာ မေမေတာဝန်ကျတဲ့မြို့ကို ပြောင်းရွေ့လာခဲ့ရသည်။ အခုတလော မေမေက မြို့ထဲက ခွေးဂေဟာကို ခနခနလှူနေကြမို့ ပုံပြင်သစ်လည်းလိုက်ဖြစ်ခဲ့သည်။

ဝုတ် ~ ဝုတ် ~ ဝုတ်

ဟေး  စေးစေး မဆိုးနဲ့လေ ~

စေးစေး ဆိုတဲ့ ခွေးလေး ဟာ ပုံပြင့်ကိုမြင်တာနဲ့ခုန်တက်ပြီး ဇွတ်ကိုကြိုဆိုတော့သည်။

ပုံပြင်ဟာ ခွေးဂေဟာကို လာနေကျမို့ ခွေးတော်တော်များများနဲ့ရင်းနှီးနေခြင်းဖြစ်သည်။ ဒီနေ့တော့ အလှူရှင်ရှိပြီးသားမို့ မေမေဟာ ကလေးတွေအတွက် ဆေးဝါးလှူဖို့လာခြင်းဖြစ်သည်။

ထိုစဉ် ခွေးဂေဟာကို အစာလာကျွေးနေတဲ့ ပုံပြင်နဲ့အရွယ်တူကောင်မလေး တစ်ယောက် ~

အစက ဘာမှမပြောဘဲ လိုက်ကြည့်နေပေမဲ့ ထိုကောင်မလေးဟာ စေးစေးကို အစာထည့်ကျွေးတဲ့ပမာဏဟာ အခြားခွေးတွေထက် သိသိသာသာ နည်းနေတာကို ပုံပြင်သတိထားမိသွားသည်။

" ဟိတ် ~ ဒီမှာ "

" ဘာလဲ "

" နင် ဘာလို့ စေးစေးကို အစာလျော့ကျွေးတာလဲ "

" အမြင်ကပ်လို့ "

" ဘာလို့လဲ "

" အဲ့ အကောင်က ယုန်ဖြူလေးမျက်နှာဖုံးလေ "

" ဟမ် "

" အစာပိုစားရဖို့ အလှူရှင်တွေ လာရင် ဇွတ်ဖားတာ ~ ငါက ဒီမှာလှူနေကြ နင်လည်းသူ့မာယာမှာမြောသွားတာ နေမှာ "

" အမ် "

" ဘာလဲ ငါက နင့်ခွေးကိုပြောလို့မကြိုက်တာလား"

Enjoy Being A Villain [ Completed ]Where stories live. Discover now