Part 5 Episode 2

680 98 2
                                    

Part 5 Episode 2

တံငါ နားနီး တံငါ ~

မုဆိုး နားနီး မုဆိုး~

ဗီလိန် နားနီး  ဗီလိန်~

×××

မီးကို စိတ်ဝင်တစားရှိပြီး ကိုင်ချင်နေတဲ့ ကလေးငယ် တစ်ယောက်ကို တွေ့ရင် ဘာလုပ်မလဲ။

ပထမအကြိမ် ~ တားကြည့်မယ်

ဒုတိယအကြိမ် ~ မကိုင်ဖို့ပြောမယ်

နောက်ဆုံးအကြိမ်တော့ ပေးကိုင်လိုက်တာပါပဲ ။

အနည်းဆုံးတော့ ကလေးငယ်က ပိုးဖလံမဟုတ်တာမို့  နောက်တစ်ခါ မီးကိုထပ်မထိတော့ပါဘူး။

~~~~

" မေ ~ စွမ်က နင့်ကိုကြည့်နေသလိုပဲ "

" မေ ~ မေ စွမ်က နင်ထိုင်နေတဲ့ ဘက်ကို wink လုပ်ပြသွားတာ "

" မေ~ သိလားစွမ်က နင့်ကို အတည်ကြီး ကြိုက်နေတာထင်တယ် "

" မေ ~ သိလား စွမ်မှာ crush ရှိနေတာတဲ့ ။ ငါကတော့ နင်ထင်တာပဲ "

" စွမ်က စာသင်ရင်းတောင် နင့်ကိုလှမ်းကြည့်နေတာ "

ပုံပြင်သစ်က ချက်ချင်းပြောင်းလဲသွားပြီး မေနဲ့ တွေ့တိုင်းစွမ် အကြောင်းတွေသာ ပြောလေ့ရှိသည်။ စွမ် ဟာ မေ့ကို တကယ်ကြိုက်နေသလိုတွေအထိ မေ့ကိုပြောသည်။ ဆောင်းကဗျာ နဲ့ မာန်ဝင့်လွှာက ဒါကိုသိပ်တော့မကြိုက်ပေမဲ့ ဘာမှတော့မပြော။

xxxx

Canteen တွင် အဖွဲ့ထဲက လူစုံနေကြအချိန်ဖြစ်သည်။
ဆောင်းကဗျာဟာ ပေါက်ပေါက်ဖောက်နေတဲ့ စကားဝိုင်းတစ်ခုကို စကားပလ္လင်တစ်ခုနဲ့ငြိမ်သက်စေလိုက်သည်။

" ငါပြောစရာရှိလို့ "

" အေး ... ဆောင်းပြောလေ "

မာန်ဝင့်လွှာက ​ထောက်ပေးလိုက်သည်။

" ဟို ... စွမ်က ငါ့ကိုကြိုက်နေတာတဲ့ "

" ဟမ် "

မေ၏ မျက်နှာသည် ကမ္ဘာတစ်ခုလုံးပြိုကျသွားသလိုဖြစ်သွားသည်။

" မေ ... မေ "

ဆောင်းဟာ လိုက်ခေါ်ပေမဲ့ မေဟာ ပြေးထွက်သွားပြီးဖြစ်သည်။

Enjoy Being A Villain [ Completed ]Where stories live. Discover now