Part 6 Episode 2

668 86 2
                                    

အပြာရောင်လွင်ပြင်ဖြစ်တဲ့ ကောင်းကင်နဲ့ ပင်လယ်မှာဆို ခင်ဗျားတို့ဘာကိုရွေးချယ်ကြမလဲ။

နှစ်ခုလုံက အပြာရောင်ဖြစ်ပြီး အဆုံးအရှိဘူးဆိုပေမဲ့ ~

ပင်လယ်က ခက်ထန်ပြီး

ကောင်းကင်က နုညံ့ပါတယ်။

xxx

နွေရာသီ အေးဆေး နားပြီးတော့ ကျောင်းပြန်တက် ရတဲ့အခါ ပုံပြင်သစ်သည် အထက်တန်းကျောင်း သူဖြစ်နေခဲ့ပြီဖြစ်သည်။

" ဟေး "

တစ်ယောက်တည်းထိုင်နေစဉ် ဘေးကနေ အခေါ်ခံလိုက်ရသည်။

"  ~ ပုံပြင်သစ်  "

ပုံပြင်ရဲ့ စာရေးခုံပေါ်ကို ဆက်ခနဲ တက်ထိုင်လိုက်တဲ့ ဘယ်ကမှန်းမသိတဲ့ သူတောင်းစား ကို ဆဲမယ် လုပ်ပြီး မော့အကြည့် ~

" ဟယ် Zero "

" Long time no see "

" နင် ကျောင်းပြောင်းလာတာလား "

" အေး ဒီကျောင်းက နာမည်ကြီးပဲလေ "

" အော် ဒါနဲ့ ဘယ်အခန်း ~ "

" အထက်တန်းပထမနှစ် တန်းခွဲအေ "

" ဒါဆို ဒီအခန်းပဲပေါ့ "

" YES ~ ဒါနဲ့ သူက ..."

" အော်သူက ရှင်း တဲ့ ငါ့သူငယ်ချင်း~ "

ZERO ဟာ ရှင်းကိုမြင်ပြီးတာနဲ့ ခုံပေါ်ကဆင်းကာ ရှင်းဆီ လှည့်လိုက်ပြီး ~

" ရှင်း ~ ကိုယ့်နာမည်က Zero ပါ "

" မအေးဘေး ~ နင့်အကြောင်းငါသိတယ် "

ရှင်းဘာမှမပြောခင် ဝင်အော်သော ပုံပြင်သစ် ~

xxxx

" ပုံပြင် ~ Zero ကချောတယ်နော် "

ခက်ဟာ ပုံပြင်နဲ့ Zero ကို တွဲမြင်မိပြီးကတည်းက တရစပ် Zero အကြောင်းပဲမေးနေသည်။

" အာ ~ ဟုတ်တယ် "

" သူက နင့်ကောင်လေးလား "

" ဟာ ~ No "

" ဒါဆို ငါနဲ့ချိတ်ပေးပါလား "

" ဟမ် ~ "

" ငါဒီတစ်ခါတကယ် Zero ကို falling in ဖြစ်သွားပြီထင်တယ် ~ ဘုန်းတုန်းကလိုမျိုး "

Enjoy Being A Villain [ Completed ]Donde viven las historias. Descúbrelo ahora