Part 8 Episode 2

616 86 8
                                    

လူတွေဟာ သစ်စိမ်းချိုးချိုး တဲ့လူတစ်ယောက်ကို သိပ်ပြီး အပြစ်တင်တတ်ကြတယ်။

ဒါပေမဲ့ ဘာဖြစ်လို့ ချိုးတဲ့သူက ဘာလို့ချိုးသွားတယ်ဆိုတဲ့အကြောင်းပြချက်ကို စိတ်မဝင်စား ကြတာလဲ ~ ~ ~။

xxx

" ကို မင်းဝေနဲ့ ငါနဲ့ ရည်းစားဖြစ်သွားပြီ "

" အော် အေး "

" သူက အေးတယ်ဟ စိတ်ဝင်စားဖို့တော့ကောင်းပါတယ် "

" အေးပါ နင်စိတ်ဝင်စားဖို့အရေးကြီးတာပဲ "

~~~

ဖြစ်စဉ် ၁

" အကို ~ coffee ကြိုက်လား "

" အာ ~ မသောက်တတ်ဘူး "

" အိုင်က Coffee date ချင်တာ "

" အော် ~ သူငယ်ချင်းနဲ့သွားလေ  "

×××

ဖြစ်စဉ် ၂

" အကို ~ ဘယ်အချိန်အိပ်လဲ "

" ည ၁၀ နာရီ "

" ဟယ် အစောကြီးပဲ ~ အိုင်က မနက်လင်းခါနီးမှအိပ်တာ တစ်ရက်လောက် mid night chat ရအောင် "

" အာ အစ်ကို့အမေက မရဘူး "

×××

ဖြစ်စဉ် ၃

" ဘာလို့ ဒီနေ့စကားလာ မပြောတာလဲ "

" ပုံမှန်ပြောတယ်လေ ဒီနေ့ကတမင်မပြောဘဲထားလိုက်တာ အကို့ကို လာပြောစေချင်လို့ "

" အော် ~ အကိုက ပုံမှန်အတိုင်း လာပြောမယ်ထင်လို့မပြောတာ "

×××

ဖြစ်စဉ် ၄

" အကို့ ဘာအရောင်ကြိုက်တာလဲ "

" သိတယ် မဟုတ်လား သိရဲ့သားနဲ့ ဘာလို့မေးနေတာလဲ "

xxx

ဖြစ်စဉ် ၅

" ဒီစာအုပ်ကောင်းတယ် အကို "

" အကိုက စာဖတ်ပျင်းတယ် "

~~~~

" ငါနဲ့နင်လမ်းခွဲရအောင် "

" ၂လပဲရှိသေးတယ်လေ ဘာဖြစ်လို့လဲ ပုံပြင် "

" ငါ နင့်ကို မချစ်ဘူး ~ ငါတို့ဇာတ်လမ်းကိုဒီမှာပဲရပ်လိုက်ရအောင် ~ ငါ ကစားသလိုဖြစ်သွားလို့တောင်းပန်ပါတယ် "

" ကောင်းပြီလေ "

~~~

" ဟဲ့ ပုံပြင် နင့် Phone ကလည်း ဘဲနဲ့ပြတ်မှပဲ Noti တတောင်တောင်နဲ့ "

စောသက် က တစ်ချိန်လုံးတက်နေတဲ့ Noti တွေကို ကြည့်ရင်းပြောလိုက်သည်။

" စိတ်ဆင်းရဲတယ် ငါ့ကို အားတိုင်း message ပို့နေတာ "

" ဘယ်သူလဲ ဟို မင်းဝေဆိုတဲ့ အကောင်ပဲလား "

" အေးဟာ ဘယိသူရှိရအုံးမှာလဲ "

" အခု Messanger ကလား "

" Block ပြီးပြီ "

" Viber လား "

" မဟုတ်ဘူး "

" Telegram လား "

" အကုန် Bloack ပြီးပြီ အခု Twitter ပဲကျန်တော့တာ "

" အေး Block လိုက် "

" နင်အစက အကိုမင်းဝေကိုချစ်တယ်ဆို ~ ဘာလဲ အခု မချစ်တော့လို့လား "

" အေးငါချစ်ချင်စိတ်ကုန်သွားတာ "

" အဲ့တာကြောင့်ဖြတ်လိုက်တာလား "

" မချစ်လို့ ဖြတ်ရကြေးဆို ငါ့ဘဲ အဟောင်းတုန်းက တွဲကတည်းကချစ်လို့တွဲခဲ့တာမှ မဟုတ်တာဟာ ~ အခုဟာက သူကတရားလွန်လာပြီ "

" ဘာလို့လဲ "

" ရည်းစားဝတ္တရားနားမလည်လို့ဟာ ပြီးရင် ငါသူနဲ့ ညှိမလို့ကြိုးစားပေမဲ့ ငါနဲ့သူရဲ့ condition က ခြင်္သေ့နဲ့ယုန်တစ်ဂူတည်းအောင်းရသလိုပဲဖြစ်နေမှာ"

" အော် ဖြတ်လိုက်တာ ကောင်းပါတယ်  "

" အခုကျမှ တောက်တဲ့လိုကပ်နေတာ ရွံဖို့ကောင်း"

" ဟိုက အသည်းတွေဇွတ်ကွဲပြနေတာနော် နင်ကတော့ ဗီလိန်ပဲ "

" စောက် ဂ ရု မစိုက်ဘူး ~ စောသက် "

တချို့လူတွေဟာ အနေနီးတုန်းက ညှိယူပေးဖို့မကြိုစားခဲ့ဘဲ ဝေးသွားမှ တစ်သသ ဖြစ်တတ်ကြသည်။

ပီကေလိုညက်အောင်ဝါးပြီးအချိုကုန်မှထွေးထုတ်တယ်လို့မပြောကြေးနော် ။ ရည်းစားထားတယ်ဆိုတာright person နဲ့မတွေ့သရွေ့ ပီကေဝါး သလိုပဲ~ အစပိုင်းပဲကောင်းပြီး ကြာကြာဝါးရင် ခေါင်းကိုက်လာတာမျိုး ~~~။

×××

အချိုးခံရတဲ့ သစ်ပင်ကိုပဲမကြည့်ဘဲနဲ့ ချိုးသွားတော့ လူနေရာရော ခဏလောက်ဝင်ကြည့်ကြပါလား။

ဘယ်လောက်ကြီးအထိ ဒီသစ်ပင်က သူ့အတွက် အနှောက်အယှက်ဖြစ်နေလို့ ခြောက်တဲ့အထိတောင် မစောင့်နိုင်ဘဲ သစ်စိမ်းချိုးချိုး လိုက်တယ် ဆိုတာ ~~။

Enjoy Being A Villain [ Completed ]Where stories live. Discover now