Part 7 Episode 2

629 88 0
                                    

Part 7 Episode 2

ယုန်ကလေးက နားရွက်ထောင် ပညာရှိယောင်ဆောင် ~

ကြောင်ကလေးကလက်သည်းဝှက် ချောင်းလိုက်ရတဲ့ ကြွက် ~

××××

ဖြစ်စဥ် ၁

အထက်တန်း ဒုတိယနှစ် အဆောင်စာကျက်ခန်း ~~~

" ဟဟ ~ အဲ့တစ်ယောက်က အရမ်းချောတာနော်"

" နောက်အပတ် debut တော့မှာ "

" အေး ငါ ဒီတစ်ယောက် Bias တော်မှာ "

စာကျက်ခန်းထဲမှာ ပုံပြင်သစ် ၊ ခင်ရတီ နဲ့ စောသက်တို့ဟာ စာမကျက်ဘဲ Kpop New boy band အကြောင်းပြောနေကြခြင်းဖြစ်သည်။

ထိုစဥ် အခန်းစောင့် ဂိုက်ဆရာမသည် အခန်းတွင်းမှထသွားတာကို ပုံပြင်သစ်နဲ့ စောသက်ဟာ ဂရုမစိုက်မိခဲ့ ~~~။

ဆရာမထွက်သွားပြီး သိပ်မကြာခင်မှာ ကျောင်းအုပ်ဆရာမကြီးဟာ ဟာ ပုံပြင်သစ်တို့ အခန်းရှေ့ရောက်လာခဲ့သည်။

" ပုံပြင်သစ် ! စောသက် ! "

" ဆရာမကြီး ! "

" စာလုပ် ! ကိုယ့်အတွက်ကိုယ်သိရတယ် မင်းတို့တွေအလေလိုက်တာ များနေပြီ နောက်ဆို လူခွဲထားတော့မှာ!  နင်တို့နှစ်ယောက်က အမြဲ ရည်မှန်းချက်ကိုမထားကြဘူး ပေါ့ပျက်ပျက်နဲ့"

ခင်ရတီရော  ! စကားပြောနေတာသူလည်းပါတာပဲ ။

သတိရပြီးလှမ်းကြည့်လိုက်တော့ အခန်းထောင့်မှာ စာထိုင်ကျက်နေတဲ့ ခင်ရတီ ~~ ။

ထို့နောက်ဆရာမကြီးဟာ အခန်းထဲကအထွက် ~

" အစော "

" အေး ~ "

" ယုန်ဖြူလေးမျက်နှာဖုံး "

" ကြာဖြူလေး စောက်ခွက်နဲ့ "

" နင်တို့ဘာပြောနေကြတာလဲ "
ခုနက ငြိမ်နေတာ သူမဟုတ်သလိုပင်စကားဝိုင်း ထဲပြန်ဝင်လာသော ခင်ရတီ ~~~။

" အော် ဘာမှမဟုတ်ဘူး ပုံပြင်သစ်က နင့်လို ယုန်လေး နဲ့တူပြီး ချစ်ဖို့ကောင်းလို့တဲ့ "

×××

ဖြစ်စဥ် ၂

ကျောင်းစာကြည့်တိုက် ~~~

Enjoy Being A Villain [ Completed ]Where stories live. Discover now