Part 3 Episode 1

860 102 5
                                    


ရောင် ~ ရောင် ~ ရောင် ဘာရောင်လဲ။

အဖြူရောင် ~

ဘယ်အရောင်ကို အနှစ်သက်ဆုံးလဲလို့မေးတဲ့အခါ ဖြေတဲ့သူအပေါ်မူတည်ပြီး အဖြေတွေဟာ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။

ဒါပေမဲ့

အဖြူရောင်လို့ ဖြေတဲ့သူဟာ လူနည်းစုပဲရှိပါတယ်။ ခင်ဗျားသာ အဖြူရောင်ကိုကြိုက်တယ်ဆိုရင် ဘာလို့ကြိုက်တာလဲ မျက်စိအေးလို့လား။ ဒါမှမဟုတ်ဖြူစင်လို့လား။

အဖြူရောင်ဟာ တကယ်ရောသန့်စင်ရဲ့လား။

အဖြူ ရဲ့ နောက်ထပ်နာမည်တစ်မျိုးကိုရော သိကြလား။

×××

မတည့်အတူနေ ၊ မမြင်ရချောင်းကြည့်ကြတာ သူငယ်ချင်းတွေ သဘာဝပါပဲ။ ပုံပြင်သစ်ရဲ့ မတည့်အတူနေသူငယ်ချင်းဆိုလျှင် ဆောင်းကဗျာ ဟုပြောရမည်ဖြစ်သည်။ နှစ်ယောက်လုံးဟာ ရူးကြောင်ကြောင် အတွေးအခေါ်တွေနဲ့ ခံယူချက်တွေရှိတာကြောင့်စကားပြောရတာ အဆင်ပြေသည်။ မတည့်ရင်လည်းထသတ်လိုက်ပြီးရင် ဘာအကန့်မှမရှိတော့ချေ။

သို့သော် အဆင်မပြေတာက ဆောင်းကဗျာကိုကြိုက်နေတဲ့ ကောင်လေးတွေသာဖြစ်သည်။
ဆောင်းကဗျာကိုကြိုက်တဲ့ ကောင်လေးတိုင်းဟာ ပထမဆုံး ပုံပြင်သစ်ကိုခင်အောင်ပေါင်းကြပြီး
ဆောင်းကဗျာနဲ့ အောင်သွယ်ခိုင်းလေ့ရှိသည်။
ထိုအရာဟာ ပုံပြင်သစ်အတွက်တော့ အရှုပ်ထုပ်ဖြစ်လာသည်။

" Noti တွေကလည်းတတောင်တောင်နဲ့ ပုံပြင်ကစွံလှချည်လား "

စာကျက်နေရင်းတောင် ဆက်တိုက်ဝင်နေသော message တွေကြောင့် ရှင်း က ပုံပြင့်ကို ပြောသည်။

" တစ်ယောက်မှငါ့ကိုကြိုက်နေတဲ့အကောင်မပါဘူးဟေး "

" ဒါဆိုဘာလို့ "

" ဆောင်းနဲ့ ချိတ်ခိုင်းနေကြတာ "

" အော်  ..  ဆောင်း နင်ကရော ဘယ်သူ့မှပြန်မကြိုက်တော့ဘူးလား "

ရှင်းက ဆောင်းကဗျာကို လှမ်းမေးလိုက်သည်။

" မကြိုက်ပါဘူး "

" နင်မကြိုက်ရင် ငါ့ Acc ကြီး decativate ရတော့မယ် နင်ကြိုက်တာတွေလာမေးတာကတစ်ဖွဲ့
နင့်ကို ချစ်လှပါချည်ဆိုတာကတစ်ဖွဲ့နဲ့ အားနေရင် နင့် အကြောင်းပဲ reply ထိုင်ပြန်နေရတာ "

Enjoy Being A Villain [ Completed ]Where stories live. Discover now