Part 2 EP 3 ZG

106 15 0
                                    

မိုးရွာပြီး တဲ့အခါ စိတ်ကိုလန်းဆန်းစေတဲ့ သက်တံ့ကြီးပေါ်လာပြီး ပတ်ဝန်းကျင်ဟာ လှပတဲ့ အခါ တွေလည်းရှိနိုင်သလို ...

မိုးရွာပြီးတဲ့ အခါ ရေကြီးရေလျှံဖြစ်ပြီး  ရေဘေးဒုက္ခသည်တွေ ၊ အိုးမဲ့ အိမ်မဲ့တွေ အများကြီးကျန်ခဲ့တဲ့အခါတွေလည်းရှိနိုင်ပါတယ်။

မိုးဟာဘယ်အချိန်မှာ ဆုလာဘ်ကိုခံစားစေပြီး
ဘယ်အချိန်မှာ အပြစ်ဒဏ်ကို ခံစားစေနိုင်တာလဲ။

ကျွန်တော်တို့ဟာ မိုး ကို ထိန်းချုပ်နိုင်လား။

xxx

" ဝဏ္ဏ ... ဒီတစ်ခါ အာဇာနည်နေ့ ကျပန်းစကားပြောပြိုင်ပွဲ ဝင်ပြိုင်ကြည့်ပါလား "

ပုံပြင်သစ်ဟာ ဘုန်းဝဏ္ဏကိုရည်းစားဖြစ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာပထမဆုံးအကြိမ်တောင်းဆိုဖူးခြင်း ~~~

" ဟမ် ..  "

" လုပ်ပါ ငါတို့အတန်းက ပထမရအောင် "

" No ! "

" လုပ်ပါ။  ဆုမရရင် နင် ငါနဲ့ ပြတ်ပြီ "

" ရရင်ရော "

" ငါ နင့်သဘောအတိုင်း မောင် လို့ခေါ်ပေးမယ် "

" Ok ! Deal "

×××

" ပုံပြင် ကျပန်းစကားပြောလေ့ကျင့်ရမယ့်ခေါင်းစဉ်က  ၉ခုတောင်
ဆုမရရင် ငါနဲ့ နင်နဲ့ပြတ်မယ်ဆိုတာတော့လွန်လွန်းရာ မကျ ဘူးလား "

" ဒါဆို ဒီခေါင်းစဉ် ပဲကြည့် "

~ ကျွန်တော်ဘာကြောင့် အာဇာနည်ခေါင်းဆောင်တွေကို လေးစားတာလဲ ~

" အဲ့တစ်ခုပဲ ဒါဆိုအဲ့ခေါင်းစဉ် ငါ့ဆီမကျရင်ရော"

" နင် ဆုမရလည်း ငါ မောင်လို့ ခေါ်ပေးမယ် "

" Sure "

" yes "

××××

ပြိုင်ပွဲနေ့ရောက်လာသောအခါ မှာ
ကျောင်းသားကျောင်းသူ ကိုယ်စီဟာ ကိုယ့် တာဝန်နဲ့ ကိုယ်အလုပ်ရှုပ်နေကြသည်။

အချို့က နံရံကပ်စာစောင် ပြိုင်ပွဲ

အချို့က ကျပန်းစကားပြောပွဲ

Enjoy Being A Villain [ Completed ]Where stories live. Discover now