Part 4 Episode 2

728 92 0
                                    

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိ ၊ သက်မဲ့ တွေ ဟာ ဘယ်အချိန်မှာ အဖိုးအတန်ဆုံးဖြစ်ပြီး ဘယ်အချိန်မှာ အသုံးအဝင်ဆုံးဖြစ်မလဲ။

ဘာလို့လဲ ။

xxx

" ဟဲ့ ဆောင်း နင် သက္ကအကြောင်းသိပြီးပြီလား"

မေရဲ့အမေးကိုဆောင်းက နားမလည်သလိုကြည့်လိုက်သည်။

" ဟမ် ...  ဘာကိုလဲ "

" သက္ကနဲ့ K လေ "

" အော် သူတို့ ၂ယောက်က ခင်တယ်လေ "

" ဟဲ့ သူတို့ ၂ယောက်က ခင်ယုံတင်မဟုတ်ဘူး"

" ဘာရှိသေးလို့လဲ "

" ဟိုတစ်နေ့က ငါနဲ့ပုံပြင် သူတို့ ၂ယောက် စတိုခန်းထဲမှာ ချိန်တွေ့နေတာကိုတွေ့ခဲ့တာ "

ဆောင်းဟာ မျက်နှာလည်း အတော်လေးပျက်သွားပြီး ဒေါသထွက်သွားပုံပေါ်သည်။

" အင်း .... မေ ပြောတာ ဟုတ်တယ် "

အစက ငြိမ်နေတဲ့ပုံပြင်သစ်ဟာ အခုမှထပြောသည်။

" အဲ့နေ့က ငါနဲ့ မေ အခန်းထဲမဝင်ခင်က ဆို နမ်းနေတာ လားတောင်မသိဘူး ~ ပြီးတော့ K က ချောတယ်လေ။ မျက်လုံးမျက်ခုံး၊ နှာတံ ၊ အသားအရည် နောက်ဆုံး ကိုယ်လုံးကိုယ်ပေါက်က အစဘာမှပြောစရာမလိုဘူး "

ပုံပြင်သစ်က စာအုပ်ကနေမျက်လုံးမခွာပဲ ပြောနေသည်။ မေကတော့ ဆောင်းရဲ့ အရိပ်အကဲကြည့်နေသည်။ ဆောင်းကတော့ စိတ်တိုနေပုံပေါ်သည်။

" လွှတ်ပေးလိုက်ပေါ့ ~ နင်လည်း သက္ကကို မှမကြိုက်တာ "

" သက္ကက ငါ့ ကိုပဲ ချစ်တာ "

ဆောင်းကဗျာဟာ အားတင်းရင်းနဲ့ပြောလိုက် သည်။

" အင်း ~ နင့်ကို ချစ်မချစ်တော့ မသိဘူး ဟိုတစ်နေ့ကတော့ အခန်းထဲမှာဖြစ်ပျက်နေတာပဲ~ဟုတ်တယ်မလား မေ  "

" ဟမ် ~ အေး ဟုတ်တယ် ဟုတ်တယ် "

မေကတော့ ဆောင်းကဗျာ စိတ်တိုနေတာ သိတာကြောင့် ပုံပြင်သစ်ခြေထောက်ကို တက်နင်းထားသည် ။ သို့သော် ပုံပြင်သစ်က ပြောတာ မရပ်ချေ။

Enjoy Being A Villain [ Completed ]Where stories live. Discover now