Part 4 EP 3 ZG

81 14 0
                                    

နေမင်းကြီးကိုတော့ပူလောင်ပါတယ်ပြောပြီး ဘာဖြစ်လို့ကြယ်တွေကိုကျတော့ ပူလောင်ပါတယ် မပြောကြတာလဲ။

ကြယ်တွေကို ချစ်ရသူအတွက် ခူးဆွတ်ပေးချင်တဲ့သူတွေကတစ်ဖုံ ...

အမှောင်ကြောက်တဲ့ချစ်ရသူအတွက်ကြယ်လေးတွေသီပေးမယ်ဆိုတဲ့အဖွဲ့က တစ်ဖွဲ့ ...

ချစ်သူနဲ့အတူတူဆို ကောင်းကင်က ကြယ်ကို
ခူးဆွတ်ပေးနိုင်ပါတယ်ဆိုတဲ့ သူတွေကတစ်မျိုး ....။

ကြယ်တွေထဲမှာ အအေးဆုံး ကြယ်အမျိုးအစားဟာ အနီရောင်ကြယ်တြွေဖစ်ပါသတဲ့။
အအေးဆုံးဆိုတဲ့ အနီရောင်ကြယ်တွေတောင်
အပူချိန် ငါးထောင် ဒီဂရီ ဖာရင်ဟိုက်ရှိပါတယ်။

အရောင်တွေထဲမှာတော့ အပြာရောင်ဟာ အေးချမ်းပေမဲ့ အပြာရောင်ကြယ်တွေဟာ အပူဆုံးဖြစ်ပါသတဲ့။
အပြာရောင်ကြယ်တွေရဲ့ အပူချိန်ဟာ သူရိန်နေမင်းကြီးရဲ့ မျက်နှာပြင်အပူချိန်ထက် အဆ နှစ်ထောင်လောက်ပိုပူပါတယ်။

ဘယ်လိုလဲ ချစ်ရသူကို ကြယ်ခူးပေးချင်ကြသေးရဲ့လား ။

××××

" ဒါဘာတွေလဲ သက္က "

" မဟုတ်ဘူး ဆောင်း ~ အဲ့တာ ငါနင်နဲ့ ချစ်သူမဖြစ်ခင်က "

" နင့်ကိုမေးရင်တော့ ဒီလိုပဲပြောမှာပဲလေ ...
ဘယ်သူခိုးက ခိုးတယ်လို့ဝန်ခံလို့လဲ "

" မဟုတ်ဘူး ဆောင်း  ~ မဟုတ်ဘူး "

" တော်တော့ နင်နဲ့ ငါနဲ့ ဇာတ်လမ်း ဒီမှာ ပြတ်ပြီ "

xxx

တွဲတုန်းကလည်း လူသိရှင်ကြားပဲတွဲခဲ့သလို ပြတ်တော့လည်း လူသိရှင်ကြားပဲ ပြတ်ခဲ့ကြသည်။

နှစ်ပတ်တာချစ်သူဆိုတဲ့ စကားနောက်ကွယ်မှာ ယောကျာ်းမာနရော၊ သိက္ခာပါ ​ပါသွားသလိုခံစားရသည်။ ပိုဆိုးတာက ဆောင်းကဗျာသည် မိမိကို မယုံကြည်တော့ခြင်းဖြစ်သည်။

ဆောင်းကဗျာကို ဘယ်အချိန်ကစချစ်ခဲ့သလဲလို့မေးလာရင် ~ ဆောင်းကဗျာဆိုတဲ့ နာမည်ကို မသိသေးခင်ကတည်းက ချစ်ခဲ့တယ် လို့ဖြေမည်။

ဘယ်အချိန်ထိ ဆက်ချစ်သွားမလဲ လို့မေးလာရင် ~ ဆောင်းကဗျာဆိုတဲ့ နာမည် ကို ဉီးနှောက်က မမှတ်မိနိုင်တော့တဲ့ အချိန်အထိချစ်သွားမည်ဖြစ်သည်။

Enjoy Being A Villain [ Completed ]Where stories live. Discover now