အချို့ကစာစီစာကုံး

အစရှိသဖြင့် ကိုယ့်တာဝန်ကိုယ်ယူကြရသည်။

ဘာပြိုင်ပွဲမှဝင်မပါထားရင်တောင် အတန်းလိုက်နံရံကပ်စာစောင်ပြိုင်ပွဲတော့ ဝင်ပြိုင်ရသည်။

ထိုနေ့ အခမ်းအနားအတွက် အခမ်းအနားမှူးက ခက်ဖြစ်ပြီး ၊ အစီအစဉ်တင်ဆက်သူကတော့
ပုံပြင်သစ်ကိုယ်တိုင် ဖြစ်သည်။

" ပထမဆုံး ကျပန်းစကားပြောပြိုင်မယ့်
အလယ်တန်း နောက်ဆုံးနှစ် တန်းခွဲအေ က
သူငယ်ချင်းဘုန်းဝဏ္ဏကို စင်ပေါ်ဖိတ်ခေါ်ချင်ပါတယ် "

ဘုန်းဝဏ္ဏဟာ စင်ပေါ်တက်လာတဲ့အချိန်မှာ  ​အနည်းငယ်ကြောက်နေပုံပေါ်သည်။

" ဟုတ်ကဲ့ ခေါင်းစဉ်ရွေးပေးပါအုံး "

ပုံပြင်သစ်ဟာ စာအိတ်တွေတင်ထားတဲ့ ဗန်းကို ဘုန်းဝဏ္ဏရှေ့ကမ်းပေးလိုက်သည်။

Flashback ~

" တကယ်လို့များ စာအိတ်ရွေးရတော့မယ်ဆိုရင်
ငါ့ရဲ့ ဘယ်လက်နဲ့ အနီးဆုံးကစာအိတ်ကိုရွေးပါ "
( ဘယ်ဘက်အစွန်ဆုံးက စာအိတ်ကိုရွေးပါ )

ပုံပြင်ဟာ ဘုန်းဝဏ္ဏကို စင်ပေါ်မတက်ခင်ပြောခဲ့တဲ့ နောက်ဆုံးစကားဖြစ်သည်။

Flashback end ~

ဘုန်းဝဏ္ဏဟာ ဘက်ဘက်အစွန်ဆုံးကစာအိတ်ကိုရွေးပြီးပုံပြင့်ကိုပေးလိုက်သည်။

" ဟုတ်ကဲ့ ~ သူငယ်ချင်းဘုန်းဝဏ္ဏ ကျပန်းစကားပြောပြိုင်ရမယ့် ခေါင်းစဉ် ကတော့
ကျွန်တော်ဘာကြောင့် အာဇာနည်ခေါင်းဆောင်တွေကို လေးစားတာလဲ    ဆိုတဲ့ ခေါင်းစဉ်ပဲ ဖြစ်ပါတယ် "

ဘုန်းဝဏ္ဏ စိတ်ထဲက တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။
ပုံပြင်ဟာတော့ အေးအေးဆေးဆေး ပြုံးပြလို့ ။

၉ယောက်လုံးပြောပြီးတဲ့အခါမှာ ပထမဆုဟာ ဘုန်းဝဏ္ဏဆိုတာ သေချာသလောက်ရှိပြီဖြစ်သည်။

၉ပုဒ်ကျင့်ခဲ့ရတဲ့သူထက် တစ်ပုဒ်ထဲသာ ကျင့်ခဲ့ရတဲ့သူဟာ ပိုပြီး ​သွက်သွက်လက်လက်နဲ့ အချက်အလက်မကျန်အောင် ပြောနိုင်မည်မဟုတ်ပါလား။

ပြိုင်ပွဲပြီးသွားတဲ့အခါ အမှန်တကယ်ပင် ကျပန်းစကားပြောဆုကို ဘုန်းဝဏ္ဏရခဲ့ပါသည်။

Enjoy Being A Villain [ Completed ]Donde viven las historias. Descúbrelo ahora