အပိုင်း(၅၁)

Start from the beginning
                                    

စတိတ်ခုံပေါ်မှာရပ်နေတဲ့ သင်္ချာဆရာလဲ နားထောင်ပြီးသွားတော့ မျက်မှောင်ကျုံ့လိုက်ပြီး ထန်းမော့နဲ့ အတူလိုက်ဆွေးနွေးလိုက်တယ်။

သူမရဲ့ တက္ကသိုလ်ဒုတိယနှစ် အသိပညာlevel နဲ့တော့ ချောင်လန်က နားလည်နိုင်သေးတယ်။ ဒါပေမဲ့ တစ်ခြားသူတွေက လုံးလုံးကို လိုက်မမှီကြတော့ဘူး။ အတန်းဖော်အားလုံးက ထန်းမော့ကို ကြည့်လိုက် သင်္ချာဆရာကို ကြည့်လိုက်နဲ့ ခေါင်းမူးနေကြတယ်။ နတ်ဘုရားတွေပြောနေတဲ့ စကားကို သာမန်လူသားတွေက ဘယ်လိုလုပ် နားလည်ကြမှာလဲ လို့ တွေးနေမိကြတယ်။

အရင်တုန်းက အားလုံးက ထန်းမော့ရဲ့ အံ့ဩစရာကောင်းလှတဲ့ စာမေးပွဲအမှတ်တွေကို ကြောက်လန့်ခဲ့ကြတယ်။ ထန်းမော့က သူ့ရဲ့ ပုံမန်လိုမဟုတ်တဲ့ အခြမ်းကို အားလုံးရှေ့ထုတ်ပြတာ ဒါပထမဆုံးပဲ။ ထန်းမော့လဲ ဖြေပြီးသွားရော ကျောင်းသားတော်တော်များများက ထန်းမော့ကို ကြည့်တဲ့ အကြည့်တွေပြောင်းသွားကြတယ်။ ဒါက စိတ်ညို့ခံလိုက်ရတာနဲ့ နည်းနည်းတူတယ်

ချောင်လန်က ထန်းမော့ကို မော့ပြီး ကြည့်လိုက်တယ်။ ရှင်းပြလို့ မရနိုင်စွာဘဲ အဲ့အချိန်မှာ သူ့မျက်နှာက မီးထွန်းထားသလိုပဲ တောက်ပနေတယ်လို့ ခံစားလိုက်ရတယ်။

ထန်းမော့ ခေါင်းကို လှည့်လှည့်ချင်းမှာပဲ ချောင်လန်က သူ့ကို ကြည့်နေတာကို တွေ့လိုက်ရတယ်။ ရုတ်တရက် သူက တစ်ခုခုကို စဥ်းစားနေသလိုမျိုးနဲ့ ပြန်လှည့်သွားတယ်။

ဒီစာသင်နှစ်ရဲ့ နောက်ဆုံးစာမေးပွဲကို ရောက်လာပြီ။ ဒီတစ်ကြိမ်တော့ ဒီကျောင်းက ဆရာဆရာမတွေပဲ မေးခွန်းထုတ်ထားတာပါ။ အဲ့တော့ အရင်တစ်ခေါက်ကလို ပုံမန်မဟုတ်တာတွေ မလာတော့ပါဘူး။ ဒါက ကျောင်းသားတော်တော်များများကို စိတ်အေးသွားစေတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်ကစလို့ သူတို့အတန်းကရော တစ်ခြားအတန်းတွေကပါ ထန်းမော့ ဒီတစ်ခေါက်စာမေးပွဲမှာ အမှတ်ဘယ်နှမှတ်ရမလဲ၊ ပြီးတော့ ထန်းမော့က အဆင့်၂ကို ဘယ်နှမှတ် အသာရနိုင်မလဲ ဆိုတာ ဆွေးနွေးနေကြတယ်။

ဒါ့အပြင် တစ်ချို့လူတွေကလဲ ဒီတစ်ခေါက် ချောင်လန်နဲ့ ချန်ယောင်းရန် ဘယ်သူက ပိုသာမလဲဆိုတာကိုလဲ ဆွေးနွေးနေကြတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now