ညှိုးကျသွားတဲ့မျက်နှာကို မြင်ရတဲ့အခါမှာ ပုံပြင်လည်း ကိုယ့်အပြစ်မကင်းတာကြောင့် အနည်းငယ်တော့စိတ်မကောင်းဖြစ်မိသည်။

" ok လေ ငါ Try ကြည့်ပေးပါ့မယ် "

" ငါ့ဇယားတွေ ဖျက်ထားရတော့မလား "

" ငါ့အထင် ~ Zero type က နင့်ဇယားတွေမဖျက်လည်း အဆင်ပြေမယ်ထင်တယ် "

" အိုး "

Xxxx

" Zero ~ နင်ရှင်းကို ကြိုက်နေတာလား "

ပုံပြင် နားချိန်မှာ ZERO စာလုပ်တဲ့နားသွားထိုင်ပြီး တကူးတက စကားသွားပြောမိသည်။

" မကြိုက်ပါဘူး စိတ်ဝင်စားတာပါ သူက နုနုညံ့ညံ့လေး "

" အော် ~ ဒါနဲ့ နင်ခက်ကိုသိလား "

" ဟို အရပ်မြင့်မြင့် ဖြူဖြူ နဲ့ ငါ့လောက်နီးနီးချောတဲ့တစ်ယောက် "

" အေး ~ ထားပါတော့ သူကိုရော စိတ်ဝင်စားလား"

"ကျောင်းပထမဆုံးရက် ကတည်းက သူ့ကို သတိထားမိပါတယ် ~ ဒါပေမဲ့ သူက နာမည်နဲ့လိုက်အောင် ခက်ထန်မယ့်ပုံပဲ ငါပေါင်းလို့ရမယ့် Type မဟုတ်ဘူး "

" ငါလည်း ခက်ထန်ထားပဲဟဲ့ "

" မတူဘူးလေ ~ သူက ခက်ထန်တာ နင်က စရိုက်ကိုက ကြမ်းတာ ~ လူကြမ်းမ ! "

" မအေဘေး "

" တွေ့လား ~ တွေ့လား စရိုက်ကြမ်းတယ်ပြောတော့မကြိုက်ဘူး ပြီးရင် စောက်ကျင့်က ယုတ်သေးတယ် "

xxx

အခုတလော ပုံပြင်သစ်ဟာ မေ့အနားမှာသာ တောက်တဲ့လိုကပ်နေလျက်သည်။

" ပုံပြင် ~ နင်အခုတလော ဘာဖြစ်နေတာလဲ "

" ဘာဖြစ်လို့လဲ ~ "

" ငါ့နားပဲ ဇွတ်ကပ်နေလို့လေ "

" အော် ~ ငါနားညီးလို့ပါ"

" ဘာတွေနားညီးတာလဲ "

" ဒီလိုဟ ~~အခုတလောငါ ရှင်းနဲ့ ခက်အနားသွားရင် ဟို မအေဘေး ZERO အကြောင်းပဲကြားနေရလို့ မသိရင် ငါက သူ့လက်ထောက်ကျနေတာပဲ "

" အော် ~ ဒါနဲ့ Zero နဲ့ခက်ကို ချိတ်ပေးမှာဆို  "

" အင်း ~ ချိတ်တော့ ချိတ်နေတာပဲ ဟိုကောင်ကလည်းပြန်ကြိုက်မယ့်သဘောမှာတော့ရှိပါတယ်"

" အခုထိတော့မတွဲသေးဘူးရော် ~~"

" သူက ခက်အရမ်းတော်တော့ ခက်ကိုရှိန်နေပုံ ပဲ "

" ကြိုက်တော့ကြိုက်ကြတော့မှာမလား "

" ဒါပေါ့ ~ ချိတ်ပေးနေတာ ဘယ်သူလဲ ဒီက ပုံပြင်သစ်လေ "

" ရှင်းကရော "

" Zero လိုကောင်က ရှင်းနဲ့မဖြစ်ပါဘူး မေရာ ~ ဟိုကောင် စောက်ကျင့်ယုတ်တာ ငါပါလက်မြှောက်ရတယ် ~ ခက်နဲ့ Zero ကြိုက်သွားတာ ရှင်းအတွက်အကောင်းဆုံးလမ်းဖြစ်မှာပါ "

" အဲ့ကောင် စောက်ကျင့်ယုတ်ရင် နင်ဘာလို့ပေါင်းသေးလဲ "

" ငါနဲ့စောက်ကျင့်တူလို့လေ "

" အေးပါကွာ~ နင်သူများဇာတ်လမ်းကြားသိပ်မဝင်နဲ့နော် ပုံပြင် တော်ကြာ သူတို့ဟာသူတို့ရှုပ်တာ နင်က ဗီလိန်ဖြစ်နေအုံးမယ် "

" ငါက ဗီလိန်အနေနဲ့ နေရတာ အသားတောင်ကျနေပြီ "

" ငါကစေတနာနဲ့ပြောတာပဲ "

" ဗီလိန်ဖြစ်ရတာ​ပျော်စရာကြီးဟ ~ နင်လည်း သိမှာပါ ဗီလိန်ဖြစ်ရတာပျော်ဖို့ကောင်းမှန်း "

" အေး "

×××

ပင်လယ် နဲ့ ကောင်ကင်မှာ ဘယ်အရာက လူတွေနဲ့ပိုနီးစပ်လဲ။

များသောအားဖြင့် ~

ပင်လယ်ပြာဟာ ခက်ထန်ပြီး ကောင်းကင်ပြာဟာနုညံ့ပေမဲ့

ပင်လယ်ပြင်နုညံ့ပြီး ကောင်းကင်ပြာပြာဟာ စိတ်ဆိုးမည်းမှောင်နေတဲ့အချိန်တွေလည်းရှိပါတယ်။

ရူပဗေဒဘာသာအလိုအရတော့ ပင်လယ်နဲ့ ကောင်းကင်ဟာ အဆုံးမရှိတဲ့နေရာမှာ တွေ့ဆုံကြပါသတဲ့ ။

Enjoy Being A Villain [ Completed ]Where stories live. Discover now