" နင်ကလည်းမပြန်နဲ့ပေါ့ "

" ကျန်တဲ့သူတွေမပြန်လို့ရပေမဲ့ တစ်ခန်းထဲက အကောင်တွေကို စာမပြန်လို့ရမလား ဟဲ့ "

" သက္ကသျှံရော ဆောင်း သူနင့်ကိုလိုက်နေတာ အလယ်တန်း ပထမနှစ်ကတည်းက "

" အလကားပါဟာ ငါ့သာလိုက်တာ ထားထားတဲ့စော်က အယောက်၂၀ လောက်နဲ့ "

" စိတ်ဆင်းရဲတာဟယ် ငါ WE LOVE SAUNG KABYAR page သာ ထောင်လိုက်ချင်တယ် "

ပုံပြင်သစ်ရဲ့ အပြောမှာ ၃ယောက်လုံး ဝါးလုံးကွဲအောင်အော်ရယ်မိကြသည်။

Xxx

ဆောင်းကဗျာအကြောင်းလာမေးကြတဲ့ ကောင်လေး တွေထဲမှာ သက္ကသျှံနဲ့ မင်းမြတ်ဟန်ကိုတော့ နဂိုတည်းကခင်တာမို့ သေချာစကားပြန်ပြောဖြစ်သည်။

သက္ကသျှံကတော့ပြဿနာမရှိပေမဲ့ မင်းမြတ်ဟန်ဟာ တစ်နေ့တစ်ခြား စကားတွေကျွံလာသလိုခံစားရသည်။

ဖြစ်စဥ် ၁

" ကျွန်တော် ပုံပြင့်ကို မ လို့ခေါ်လို့ရလား "

" ဘာလို့လဲ "

" ကျွန်တော်က ပုံပြင့်ထက် ၅လလောက်ငယ် တယ်လေ "

" ငါ့ထက် ၉လ ငယ်တဲ့ ငါ့ ex တောင် ပုံပြင်သစ်ပဲခေါ်တာ "

---

ဖြစ်စဥ် ၂

" ပုံပြင် ကျွန်တော့်အကြိုက်တွေ အခုနောက်ပိုင်း ပြောင်းလာတယ် "

"အော် ... လူ့စိတ်ကမျောက်စိတ်လိုပဲလေ အကြိုက်ပြောင်းတတ်ပါတယ် "

" အရင်တုန်းက ပစ္စည်းဆိုရင် အပြာတို့ အနီတို့ဝယ်ပေမဲ့ အခုနောက်ပိုင်းအဖြူပဲကြိုက်လာတာမျိုး "

" အော် အဲ့တာအကြိုက်ပြောင်းလာတာလို့မခေါ်ဘူး ...  အရောင်တွေကြည့်ပါများတော့ အဖြူက မျက်စိအေးနေတာ ..  အချိန်တန်ရင် အဖြူကို ရိုးသွားလိမ့်မယ် ''

___

ဖြစ်စဉ် ၃

" ပုံပြင်သိလား ကျွန်တော် ပန်းဆိုင်တစ်ဆိုင်ကို ပန်းဝယ်ဖို့သွားတာ ~ ပန်းဆိုင်ကျတော့ဝယ်မယ်လို့ စိတ်ကူးယဥ်ထားတဲ့ ပန်းထက် တခြားပန်းကိုပိုသဘောကျလို့ တခြားပန်းကိုပဲ ဝယ်ခဲ့ မိတယ်"

" အဲ့တာ တခြားပန်းကို ပိုသဘောကျတာ မဟုတ်ဘူး "

" ဟုတ်ပါတယ်ဆို "

" မဟုတ်ဘူး လိုချင်တဲ့ပန်းကို မဝယ်နိုင်လို့ တခြားပန်းကို ဝယ်လိုက်တဲ့သဘောပဲ ~ နောက်တစ်မျိုးပြောရရင် ငါးမရတော့ ရေချိုးပြန်တာပေါ့ "

~~~~

ဖြစ်စဥ် ၄

" ကျွန်တော် ပုံပြင်ကို ချစ်မိနေပြီထင်တယ် "

" မင်းမြတ်ဟန်က ဟာသတွေအရမ်းပြောတာပဲ "

" ဟမ် "

" နင် ချွေးထွက်နေတဲ့ အချိန်မှာ ရေချိုးဖို့မကြိုးစားဘဲ ရေမွှေးကောက်ဆွတ်တာက အဖြေ မဟုတ်ဘူးနော် ။ အဲ့တာက ရေမွှေးနံ့ရှိတုန်း ခဏပဲ Solution ကိုဖြေရှင်းနိုင်မှာ "

" ကျွန်တော် ပုံပြင်ပြောတာ နားမလည်ဘူး "

" ငါပြောတာ နားလည်စရာ မလိုဘူး ။ နင့်စိတ်နင်ပဲ နားလည်နိုင်အောင်ကြိုးစား "

" ကျွန်တော် ပုံပြင့်ကို တကယ်ချစ်တာ "

" ငါးမရ ရေချိုးပြန်တာ နေရာတိုင်းမှာ မကောင်းဘူး "

" မဟုတ်ဘူး ကျွန်တော် ငါးမရရေချိုးပြန်တာ မဟုတ်ဘူး"

" ဒါဆို ဘာလို့ ငါ့ကိုချစ်တာလဲ "

" ပုံပြင်က ရိုးရှင်းပြီး သဘောကောင်းလို့ ပြီးတော့ချစ်ဖို့ကောင်းလို့  "

"အေး ~~~ အဲ့ဒီကတည်းက နင်မှားနေတာ "

ထိုနေ့ကစပြီး ပုံပြင်သစ်ဟာ မင်းမြတ်ဟန်ကို Online မှာ block လိုက်သလို ၊ ကျောင်းမှာလည်းစကားပြောမခံတော့ပေ။

~~~~

အဖြူရောင်ဟာ တကယ်တော့ မသန့်စင်ပါဘူး။

အဖြူရောင်ဟာ မာယာအများဆုံးအရောင်လည်းဖြစ်သလို ဟန်ဆောင်အကောင်းဆုံးအရောင်လည်းဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့အလိုအရ အဖြူရောင်ဟာ ရောင်စဥ် ၇မျိုးအချိုးကျ ပေါင်းစပ်ထားတဲ့အရောင်ဖြစ်ပြီး ရောင်စဥ် ၇မျိုးလုံး ရဲ့ ဂုဏ်သတ္တိတွေ လည်းရှိပါတယ်။
သိပ်ကိုရှုပ်ထွေးတဲ့ ၇ ရောင်ပေါင်းမှအဖြူရောင်ဖြစ်တယ်လို့ပြောနိုင်သလို၊ အဖြူကနေ အရောင်ရ ရောင်မွေးဖွားလာတယ်လို့ပြောလည်းရပါတယ်။
အရောင်တွေကိုတောင်အရောင်ပါလို့ မသန့်စင်ဘူးလို့တွေးကြတာ အရောင်၇ရောင်ရောထားတဲ့အဖြူရောင် ကရော သန့်စင်ပါ့မလား။

အဖြူရောင် ဟာ တကယ်က အရောင်တစ်ခု မဟုတ်ပါဘူး။ အရောင်တွေကိုမြင်အောင် ကူညီပေးတဲ့ ကြားခံနယ် တစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အကုန်လုံးဟာ အဖြူ ကို အရောင်လို့ အထင်မှားခဲ့ကြတာပါ။

အဖြူရဲ့ နောက်ထပ်နာမည်တစ်မျိုးက အလင်းလို့ခေါ်ပါတယ်။

Enjoy Being A Villain [ Completed ]Where stories live. Discover now