အပိုင်း(၅၀)

Start from the beginning
                                    

အတန်းထဲက ကျောင်းသားတော်တော်များများလဲ စာသင်ခန်းထဲမှာ ဆန်ပြုတ်သောက်ကြတာကို သူမြင်ဖူးတယ်။

မနက်ခင်းတုန်းက ဒီအာဟာရရှိတဲ့ ဆန်ပြုတ်လေးကိုင်ပြီး ထွက်လာရတုန်းက သူ့နှလုံးသားထဲမှာ ပျော်ရွှင်မှုအနည်းငယ်နဲ့ မျှော်လင့်ခြင်းတွေပါဝင်နေတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ဘူး။ ဒါပေမဲ့ အခုကျတော့ ချောင်လန်က ဒါကို မလိုချင်ဘူးတဲ့။

သူအခုချိန်မှာ ဘယ်လိုခံစားနေရတယ်ဆိုတာ ထန်းမော့ မဖော်ပြတက်ဘူး။ ဒီလို စိတ်တိုခြင်း၊ ဒေါသထွက်ခြင်း၊ ပူဆွေးခြင်း၊ ဝမ်းနည်းခြင်း ဒါတွေ ရောနေတဲ့ ဒီအရှုပ်အထွေးကြီးက ဘာလဲ ဆိုတာ သူနားမလည်ဘူး။

သူက ဆန်ပြုတ်ဘူးကို ကြည့်လိုက်တယ်။ ပြီးတော့ အေးစက်စွာနဲ့ ခေါင်းကို လှည့်သွားတယ်။

" တစ်ကယ်လို့ နင်မစားချင်ဘူးဆိုရင်လဲ လွှင့်ပစ်လိုက်တော့ "

ထန်းမော့က ပြောတယ် တစ်ကယ်လို့ သူမမစားချင်ဘူးဆိုရင် လွှင့်ပစ်လိုက်တဲ့။

ဒါက တစ်ခြားသူတွေအတွက်တော့ ခြိမ်းခြောက်တဲ့စကားလို့ ထင်ရင်ထင်နိုင်မယ်။ ဒါပေမဲ့ သူကတော့ အဲ့လိုဆိုလိုတာ လုံးဝမဟုတ်ဘူး။ အဲ့တာက သူစဥ်းစားနေတဲ့ အရာကို ပြောလိုက်ရုံပဲ။

ငါက နင့်အတွက်ယူလာပေးတယ်။ တစ်ကယ်လို့ နင်မကြိုက်ဘူးဆိုရင် လွှင့်ပစ်လိုက်။

ချောင်လန်က သူမရှေ့က မလှုပ်မယှက်ထိုင်နေတဲ့ ကောင်လေးကို ကြည့်လိုက်တယ်။ ပြီးတော့ ရုတ်တရက် နည်းနည်း အားနည်းလာတယ်လို့ ခံစားလာရတယ်။

သူမက ဒါကို မကြိုက်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူမ ဒါကို လက်မခံနိုင်တာလေ။

သူမငြင်းလိုက်တာက ထန်းမောရဲ့ ကြင်နာမှုကိုလေ။ ဒါပေမဲ့ ထန်းမော့..... သူကတော့ ချောင်လန့် ငြင်းပယ်မှုရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကို နားမလည်ဘူးလေ။ သူ့အတွက်ကတော့ ငြင်းပယ်တယ်ဆိုတာ သူမ မကြိုက်ဘူးလို့ ဆိုလိုတာပဲ။ အဲ့တာက သူတို့၂ယောက်က ဆက်ဆံရေးမကောင်းဘူးဆိုတဲ့ သက်သေပဲ။

ချောင်လန်က ခေါင်းမာလွန်းတဲ့ ကောင်လေးကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ ပြီးတော့ ဘူးကို ဖွင့်လိုက်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now