အပိုင်း(၄၈)

Start from the beginning
                                    

ချောင်လန် အံ့ဩသွားတယ်။ " နင် ငါ့ကို မနက်ဖြန်မှ ပေးလဲရတာပဲကို။ ဘာလို့ ဒီထိ လာရတာလဲ။ "

" မနက်ဖြန်က ခရစ်စမတ်အကြိုနေ့မှ မဟုတ်တာ " ထန်းမော့က သူမကို ကြည့်နေတုန်းပဲ။

ချောင်လန်က ပြုံးလိုက်တယ်။ ပြီးတော့ ဘူးလေးကို ယူလိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်။ " ကျေးဇူးပဲ "

ကောင်လေးက သူမခေါင်းပေါ်က သမင်ဦးချိုလေးကို နောက်တစ်ခါထပ်ကြည့်လိုက်ပြီး အကြည့်ကို ပြန်ရုတ်လိုက်တယ်။

ချောင်လန်က ပြဇာတ်ရုံထဲကနေ ထွက်လာပြီး ဦးလေးချန်က ထန်းမော့ wheelchair ကိုတွန်းကာ ဝေးသထက်ဝေးဝေးရောက်သွားတာကို ကြည့်နေခဲ့တယ်။ သူမ သူ့ကို မမြင်ရတော့ဘူးဆိုမှ သူမလက်ထဲက ဘူးသေးသေးလေးကို ဖွင့်ကြည့်လိုက်တယ်။

ကျောက်စိမ်းကနေထွင်းထားတဲ့ အနုစိတ်တဲ့ ပန်းသီးပုံစံ ဆွဲသီးလေး

အဲ့တာက ထန်းမော့ သူမကို ခရစ်စမတ်အကြိုအနေနဲ့ ပေးတဲ့ လက်ဆောင်လေ.....

ချောင်လန် ငါနင့်ကို အေးချမ်းပြီး ပျော်ရွှင်ဖို့ ဆုတောင်းပေးပါတယ်။

ခရစ်စမတ်ပါတီက semester အဆုံးက နောက်ဆုံးစာမေးပွဲတွေက ယူဆောင်လာတဲ့ တင်းအားတွေ ဖိအားတွေကို အနည်းငယ် လျော့ကျသွားစေနိုင်ခဲ့တယ်။ ပါတီပြီးတဲ့အချိန်ည၁၀နာရီကျတော့မှ အားလုံးက သူတို့ထိုင်ခုံတွေကို စာသင်ခန်းတွေဆီပြန်ရွေ့ပြီး ဒီနေ့ညရဲ့ performance တွေအကြောင်းပြောကြတယ်။ နာမည်ကြီးတဲ့ အတန်းဖော်တွေအကြောင်းပေါ့။

ချောင်လန်က စိတ်မသက်သာစွာနဲ့ပဲ သူမအိတ်ကပ်ကို ထိလိုက်တယ်။ ပြီးတော့ လူအုပ်ကြီးကို သေချာသတိထားပြီး ရှောင်သွားလိုက်တယ်။

သူမက ထန်းမော့ကို ပန်းသီးလေးတစ်လုံးပဲပေးခဲ့တာ။ ထန်းမော့ကလဲ သူမကို ပန်းသီးပြန်ပေးတာပါပဲ။ ချောင်လန် လက်ထဲကိုင်ထားရင်တောင် လက်ကိုပူစေနိုင်တဲ့ ပန်းသီးပေါ့။

ချောင်လန်က သူမထိုင်ခုံကို သယ်ရင်းလျှောက်လာခဲ့တယ်။ ဘာလုပ်ရမယ်မှန်းမသိပဲနဲ့ပေါ့။ သူမ ထန်းမော့ပေါ်မှာ အကြွေးတွေများနေပြီဆိုတဲ့အတွေးက တစ်ဖြည်းဖြည်းနဲ့ မထင်မရှားဖြစ်လာတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now