အပိုင်း(၄၅)

Start from the beginning
                                    

ထန်းမော့က ဘောပင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်တယ်။

ချောင်လန် ပြန်ရောက်လာတော့ ထန်းမော့က physics ဖတ်စာအုပ်ဖတ်နေတာကို တွေ့လိုက်ရတယ်။ သူမလဲ အံ့ဩသွားတယ်။ အဲ့တာနဲ့ သူမက သူ့ကို ကြည့်လိုက်ပြီး မေးလိုက်တယ်။ " နင်ဘာလုပ်နေတာလဲ "

" ...... စာဖတ်နေတာ "

------------

ဒါဖတ်ပြီးသွားရင် နင့်ကို ဒီစာအုပ်ထဲက အကြောင်းအရာတွေကို သင်ပေးမယ်။

ချောင်လုက သူမအဖေပြောဖူးတဲ့ ချောင်လန့်ကို သက်သေမရှိဘဲ မစွပ်စွဲရဘူးဆိုတာကို သတိရနေတော့ အိမ်ကို ရှုံ့မဲ့မဲ့နဲ့ ပြန်သွားတယ်။ သူမအဖေရဲ့ မျက်နှာတည်ကြီးနဲ့ သူ့ကို complain မတက်နဲ့လို့ ဆူဖူးတာကို သတိရလိုက်တော့ အဖေအစား အမေ့ဆီကို သွားလိုက်တယ်။ သူမအမေကို အဆင့်အကြောင်းလဲပြောပြီးရော စငိုတော့တယ်။

ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူမအမေရဲ့ မျက်နှာထားက သူမ မထင်မှတ်ထားတာ ဖြစ်နေတယ်။

ဒုတိယအဒေါ်ချောင်က ချောင်အဖွားကြီးကိုလဲ သဘောမကျသလို တတိယလင်ညီအစ်မကိုလဲ မကြိုက်ဘူး။ ဒါပေမဲ့ သူမက တတိယချောင်မိသားစုက ကလေးတွေကိုတော့ နည်းနည်းအမြင်ကြည်သေးတယ်။

ဒုတိယအဒေါ်ချောင်က အယုံမလွယ်ဘူး။ တစ်ကယ်လို့ သူမက တစ်ယောက်ယောက်ကို မုန်းမယ်ဆိုရင်တောင် သူမမှာ အကြောင်းရင်းတစ်ခုတော့ရှိတယ်။ ဥပမာပြောရရင် သူမ အဖွားချောင်ကိုမုန်းတာက အဖွားချောင်ရဲ့ ရိုင်းစိုင်းမှု၊ တစ်ကိုယ်ကောင်းဆန်မှု ပြီးတော့ တောသူမလို့ သိမ်ငယ်စိတ် တွေကြောင့်ဖြစ်တယ်။ ဒါပေမဲ့ တတိယချောင်မိသားစုက ကလေးတွေထဲမှာတော့ ဒုတိယသမီးရယ် ချောင်ယွမ်ရယ်ကိုပဲ မုန်းတယ်။ ဘာလို့လဲဆိုတော့ ဒုတိယသမီးက အငယ်အနှောင်းမှန်း အသိသာကြီးကို သူမက တစ်စက်ကလေးမှ မရှက်ဘူး။ အဲ့အစား ဂုဏ်တောင်ယူနေလိုက်သေးတယ်။ ပြီးတော့ ချောင်ယွမ်ကကျတော့ သူက ယောက်ျားလေးအဖြစ်မွေးဖွားလာတယ်ဆိုတာနဲ့တင် မာနက ကောင်းကင်ရောက်နေတာလေ။

ကျန်တဲ့ အကြီးဆုံးသမီးရယ် ချောင်လန်ရယ်ကိုကျတော့ ဒုတိယအဒေါ်ချောင်က စိတ်ရှုပ်စရာကောင်းတယ်လို့ မြင်မိပါဘူး။ အကြီးဆုံးသမီးက လိမ္မာရေးခြားရှိတယ်။ ပြီးတော့ ချောင်လန်က ဘယ်တုန်းကမှ ဟန်မဆောင်တက်ဘူးလေ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now