အပိုင်း(၄၄)

Start from the beginning
                                    

တစ်ကယ်တော့ ဖေးနင်နဲ့ ထိုင်ရတာကက သူနဲ့တူတူထိုင်ရမှာထက်ပိုကောင်းတယ်ဆိုပြီးများ သူမ တွေးနေမလား။

ပြီးတော့ ချန်ယောင်းရန်.... သူမက ချန်ယောင်းရန်နဲ့ ထိုင်များထိုင်ချင်နေမလား။

သူ့အတွေးတွေက ထပ်ပြီး အထိန်းအချုပ်မရှိ ဦးတည်ချက်ပေါင်းစုံဆီကို ပျံ့ကုန်ပြန်ပြီ။

အတန်းပိုင်ဆရာက အရင်တစ်ခါကလို နာမည်မခေါ်တော့ဘဲ ကျောက်သင်ပုန်းပေါ်မှာထိုင်ခုံနေရာအစီအစဥ်ကို ကပ်လိုက်တယ်။ ပြီးတော့ ကျောင်းသားတွေကို အဲ့ထဲကအတိုင်း နေရာတွေပြောင်းထိုင်ခိုင်းလိုက်တယ်။

ဒါကိုသိတော့ ထန်းမော့က မော့ကြည့်လိုက်တယ်။ ပြီးတော့ သူ့နာမည်နဲ့ ချောင်လန့်နာမည်တို့ကို တူတူဝိုင်းထားတာကို စိုက်ကြည့်နေတယ်။ သူ့နှလုံးသားထဲမှာ ဖော်ပြလို့မရနိုင်တဲ့ ရင်းနှီးမှုတစ်ခု ခံစားလာရတယ်။

သူက နောက်ဆုံးတော့ ၃လနီးပါးလောက်ထိုင်လာခဲ့တဲ့နေရာကနေ စွန့်ခွာပြီး အရိပ်ထဲကနေ ထွက်လာခဲ့ပြီ။ သူထိုင်ရမဲ့နေရာကို ရောက်တော့ သူ့ထိုင်ခုံဘေးက စားပွဲကို ကြည့်လိုက်တယ်။ စားပွဲပေါ်က စာအုပ်က ချောင်လန်ဖတ်ထားတဲ့စာအုပ်လေးဖြစ်တယ်။ အခုအချိန်မှာ အရာအားလုံးက အစစ်အမှန်တွေဆိုတာကို ထန်းမော့ ခံစားလို့ရသွားပြီ။

နည်းနည်းလေး လှုပ်လိုက်ရုံနဲ့တင် သူ ချောင်လန့်လက်မောင်းကို ထိလို့ရပြီ။

သူခေါင်းလေးကို နည်းနည်း နည်းနည်းလေး စောင်းလိုက်မယ်ဆိုရင်တောင် ချောင်လန့်မျက်နှာလေးနဲ့ သူမ အပြုံးလေးကို သူမြင်နိုင်နေပြီ။ ဘေးနားမှာ ထိုင်ခုံနေရာရွှေ့နေကြလို့ ရှုတ်ရှပ်ခတ်နေကြလို့ ချောင်လန်က အရှေ့ကို တိုးလိုက်ပြီး ထန်းမော့ နားနားလေးကို တိုးတိုးလေးပြောလိုက်တယ်။ " အတန်းပိုင် ဆရာက နင့်ကို ချန်ယောင်းရန်နဲ့ ထိုင်ခိုင်းမှာစိုးလို့ ငါကြောက်သွားတာပဲ။ ဒါပေမဲ့ တော်သေးတယ် ငါနဲ့ထိုင်ခိုင်းလို့။ "

အရမ်း နီးကပ်တာပဲ....... လို့ ထန်းမော့က တွေးလိုက်တယ်။

သူ့ရဲ့ နဂိုကထဲက sensitive ဖြစ်လွန်းတဲ့ အရေပြားက ချောင်လန် သူ့နားပေါ်ကို အသက်ရှူထုတ်လိုက်တဲ့လေကိုတောင် ခံစားလို့ရနေတယ်။ ထန်းမော့က ခေါင်းကိုနည်းနည်းလေး လှည့်လိုက်ဖို့ကို ကြောက်နေတယ်။ ဒါပေမဲ့ မလှည့်ဘဲလဲ သူက မနေနိုင်ဘူး။ သူ့ရဲ့ ပယင်းရောင်မျက်လုံးလေးတွေက ချောင်လန့်ကို စိုက်ကြည့်နေတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now