မြှားနတ်မယ်လေး ငါပါ

Start from the beginning
                                    

ဆရာ့အကြည့်တွေက လူကို အိပ်ငွေ့ချခံလိုက်ရသလို မလှုပ်နိုင်တော့ဘဲ အတွေးတွေများနေတုန်း ထိကပ်လာတဲ့နှုတ်ခမ်းတစ်စုံ...တပြိုင်နက်တည်း နူးညံ့တယ်လို့လဲခံစားလိုက်ရတယ်

အမြဲလိုလို ကလေးက စိတ်မရှည်တတ်ဘူးလေ...တော်ရုံဆို နူးနူးညံ့ညံ့အနမ်းထက် ရမက်ဆန်တဲ့ဘက်ကိုသွားတာကြောင့် အခုလိုအနမ်းခံရတာကျ တမျိုးပဲ...ဆရာက ထိထားရာကနေ အပေါ်နှုတ်ခမ်းလေးကို ဖွဖွလေးငုံလိုက်ရင်း လျှာလေးနဲ့သပ်လိုက်တော့..

"အင့်...''

ဆရာက လည်ပင်းကနေဆွဲယူလိုက်ပြီး ညင်ညင်သာသာလေး အရှေ့ကိုတိုး​စေရင်း နှုတ်ခမ်းတွေကိုပိုနီးကပ်စေသလို လက်ကို ကိုင်ထားတဲ့ဆရာလက်တစ်ဖက်ကလဲ လက်မောင်းကို​​​ပြောင်းကိုင်လိုက်ရင်း အနမ်းတွေကိုရှေ့ဆက်ပြန်တယ်

ကလေးကနမ်းတာအရမ်းတော်တယ်...နမ်းပြီးရင်းနမ်းချင်လာတာမျိုး...ပြောရရင် ဆားငန်ရေနဲ့တူ​​ပေမဲ့ ဝန်ခံရမယ်ဆို ဆရာ့အနမ်းက ကျ အဲ့လိုမဟုတ်ဘူး...ရမက်ဆန်တာမျိုးမဟုတ်ဘဲ ခံစားရတာကောင်းသလို သိပ်ညင်သာတယ်...

နူးညံ့သလိုရှိပြီး ကလေးအနမ်း​တွေလိုမဟုတ်ဘဲ နမ်းနေတယ်ဆိုရုံနဲ့တင် ကျေနပ်လောက်တဲ့အနမ်းမျိုး...ဘာကိုမှမတွေးမိ​လောက်အောင် နှုတ်ခမ်းသားတွေရဲ့နူးညံ့မှုကိုခံစား​​နေရ​ပြီး ဘာမှကိုမတွေးနိုင်တော့ဘဲ  နမ်းနေရတာနဲ့ကို ကျေနပ်နေတာမျိုးပေါ့

ဆရာက နှုတ်ခမ်းကြားထဲကနေ လျှာလေးကို ဖွဖွလေးထိုးထည့်နေတာကြောင့် ဟပေးလိုက်တော့ ကိုယ့်လျှာလေးကို ဆရာ့လျှာလေးက လှည့်ပတ်ပြီး ကစားနေလေပြီ

ဘဝမှာ ခုလိုကျ ကလေးနဲ့ပဲနမ်းဖူးတာဆိုပေမဲ့ ဆရာ့အနမ်းက လုံးဝကလေးနဲ့မတူဘူး...နမ်းနေရင်းကနေ ဆရာ့အနားတိုးလိုက်ပြီး ပခုံးလေးကိုသိုင်းဖက်လိုက်တော့..

"မ.....ချစ်တယ်..''

အတွေးထဲ ကလေး ပုံရိပ်တွေမြင်လာတာ​ကြောင့် နမ်းနေရာကနေ လန့်ပြီး ဆရာ့ကိုတွန်းထုတ်လိုက်မိတော့ ဆရာကလဲ ခုံပေါ်က ပြုတ်ကျပြီး ကြောင်နေရာကနေ...

"အာ...sorry...ကိုယ် အခွင့်အရေးယူမိသွားပြီ..''

ကိုယ်လဲနှုတ်ခမ်းကိုကိုက်ရင်း ဟိုဘက်ကိုလှည့်နေမိတယ်...အမှန်ပြောရရင် ဆရာ့အနမ်းမှာ လူကမျောသွားတယ်ဆိုတာ ဝန်ခံတယ်...သဘောလဲကျမိတယ်ဆိုပေမဲ့ သဘောကျရုံပါပဲ  လူတိုင်းကအထိအတွေ့မှာသာယာတတ်တာပဲလေ..

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now