အပိုင်း(၃၉)

Start from the beginning
                                    

သူက မေးခွန်းက အရမ်းရိုးရှင်းတယ်လို့ ပြောလိုက်တုန်းက ချောင်လန်က ဘာလို့ အဲ့လိုဖြစ်နေတာလဲဆိုတာ ထန်းမော့ နောက်ဆုံးတော့ နားလည်သွားပြီ။

သူ ခဏလောက်တွေးလိုက်တယ်။ သူက လူတွေကို ဘယ်လို နှစ်သိမ့်ပေးရမလဲဆိုတာ မသိဘူး။ အဲ့တော့ သူက ကျိုးကြောင်းဆီလျော်တဲ့ သုံးသပ်ချက်ကိုပဲ အသုံးပြုနိုင်တယ်။ " နင်က အဆင့်၁ မလား။ တစ်ကယ်လို့ နင့်အတွက်တောင်ခက်နေတယ်ဆိုရင် တစ်ခြားသူတွေအတွက်က ပိုပြီးတော့တောင်ခက်မှာပေါ့။ "

အဲ့တာကြောင့် ဝမ်းနည်းနေစရာမလိုဘူး။

သူမကို သေသေချာချာလေး ဖြေရှင်းချက်ပေးနေတဲ့ ထန်းမော့ကို ချောင်လန် ကြည့်လိုက်တယ်။ စာမေးပွဲကြောင့်မလို့ ဖြစ်နေတဲ့ ဝမ်းနည်းမှုက နည်းနည်း နည်းနည်းချင်းစီ ပျောက်သွားတယ်။ " တစ်ကယ်တော့ ငါက တစ်ခြားသူတွေကို အဲ့လောက် စိတ်မပူပါဘူး။ ဒါပေမဲ့ ချန်ယောင်းရန်ကိုတော့ နည်းနည်း စိတ်ပူတယ်။ သူက physics နဲ့ chemistry မှာ အရမ်းတော်တယ်မလား။ ငါသူ့ကို ဒီတစ်ခေါက် ရှုံးလောက်တယ်။ "

အချိန်ခဏလောက် ထန်းမော့ မျက်လုံးတွေ အေးခဲသွားတယ်။

အရင်တုန်းက ကျောင်းသားတစ်ချို့ ပြောခဲ့ဖူးတဲ့ စကားတွေကို ထန်းမော့ သေချာပေါက် မှတ်မိတယ်။

သူမက ချန်ယောင်းရန်နဲ့ တူတူထိုင်ချင်လို့များလား ၊ ဒါမှမဟုတ် သူမက ချန်ယောင်းရန်ကို အရမ်းဂရုစိုက်လို့များလား။

သူမကို ဘာစကားမှ မပြောဘဲ ဒီတိုင်းစိုက်ကြည့်နေတော့ ချောင်လန်က ထန်းမော့ကို မေးလိုက်တယ်။ " ဘာဖြစ်လို့လဲ "

" နင်ကဘာလို့ ချင်ယောင်းရန်ကို မရှုံးချင်ရတာလဲ "

" ငါ့အဆင့်တွေက မကောင်းလို့ ချန်ယောင်းရန်က ငါ့ကို အထင်သေးတယ်လေ " သူတို့က သူမကို မုန်းလဲမုန်းကြတယ်။ ပြီးတော့ တစ်ချို့ဆို သူမကို အရင်တုန်းက အနိုင်ကျင့်ခဲ့ကြဖူးတယ်။ ချင်းယန်... ချန်ယောင်းရန်... သူတို့အကုန်လုံးက စိတ်ရှုပ်ဖို့ကောင်းတယ်။

ထန်းမော့က ဒီအဖြေကို မကျေနပ်ဘူး။

ချောင်လန် ပြောချင်တဲ့ သဘောက အစတုန်းက ချန်ယောင်းရန်က သူမကို အထင်သေးလို့ သူမက ချန်ယောင်းရန်ကို မုန်းတယ်။ ပြီးတော့ အဲ့တာကြောင့် ချန်ယောင်းရန်ကို မရှုံးချင်တာ။ ဒါပေမဲ့ ထန်းမော့က တစ်ခြားနည်းလမ်းနဲ့ အဓိပ္ပာယ်ကောက်လိုက်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now