Yellow Is The Warmest Colour ⁴

Start from the beginning
                                    

Chaeyoung က ပြုံးတယ်

ဘယ်လိုအဓိပ္ပါယ်လဲဆိုတာ ခန့်မှန်းလို့မရ​ပေမယ့်
သူမရဲ့အပြုံး​တွေက သိပ်​တော့ မဖြူစင်​နေခဲ့ဘူး ~



" Lisaက ငါ့အ​ပေါ်အရမ်း​ကောင်းတယ်
သူက ငါ့ရဲ့ အမအရင်းတစ်​ယောက်လိုပဲ​

ငါ့Mommy ကိုလည်း သူ့အ​မေအရင်းလိုချစ်တယ် "



" ဒါဆို နင်က ဘာလို့သူ့ကိုမုန်း​နေရတာလဲ ? "



" အရမ်းဖြူစင်​ပြ​​နေတာ​တော့
မဟုတ်​သေးဘူးမှတ်လား Jennie ? "



" နင် ဘာကို ... "



" သူအဲ့လို​နေပြတာကို ငါ $ ရမ်းမုန်းတယ်
Daddy နဲ့ Mommy ကလည်း သူ့ကိုသိပ်ချစ်တာ
အထူးသဖြင့် သမီးအရင်းဖြစ်တဲ့ငါ့ထက်​တောင်မှ
Mommy က Lisa ကို ပိုပြီးချစ်တယ် Jennie !

စာလည်းအရမ်း​တော်ပြီး ထူးချွန်​​ကျောင်းသားဖြစ်တဲ့
Lisa က ငါ့အတွက် အမြဲတမ်း မုန်းစရာ​ကောင်းတယ်

​နောက်ပြီး ဆရာဝန်တစ်​ယောက်ဖြစ်ချင်ခဲ့တဲ့ သူက
ငါ​တောင်းဆိုလို့ Koreaမှာ အနုပညာ​ကျောင်းလာတက်တယ် "



Chaeyoung ​ပြောတာ​တွေကို
နားမလည်ပေမယ့် သူမရဲ့အမုန်း​တွေက
​ဘေးနားမှာထိုင်​နေတဲ့ Jennie ကိုပါ ခံစား​မိ​စေတယ်



" သူ နင့်ကိုအရမ်း​ကောင်းတာကို
ဘာလို့ သူ့အ​ပေါ်မှာ အပြစ်မြင်​နေရတာလဲ ? "



" နင်​ရောပဲလား ? "



" Chae ... "



" ဘယ်သူ့မှ ငါ့ဖက်မရှိကြဘူး
ငါ့ရဲ့ခံစားချက်​တွေကို နားမလည်​ပေးနိုင်ကြဘူး "



Chaeyoung က လိုအင်ဆန္ဒမပြည့်လို့
​အော်ဟစ်ပြီးငို​နေတဲ့ က​လေးတစ်​ယောက်လိုပဲ

သူမက အချစ်မခံရလို့ သိမ်ငယ်​နေတာလား
ဆိုပြီး Jennie စိတ်ထဲ ​တွေးထင်လာမိသည်

သူငယ်ချင်းဖြစ်သူရဲ့​ကျောကို ပုတ်​ပေးရင်း



" ငါက နင့်ရဲ့သူငယ်ချင်း​လေ
အချစ်ဆုံးနဲ့အရင်းနှီးဆုံး မဟုတ်လား ?
ဘာလို့ နင့်ဖက်မှာမရှိဘူးလ်ု့ထင်ရတာလဲ Chae ! "



Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now