မုဆိုးလား သားကောင်လား(18+)

Start from the beginning
                                    

ခန့်လေးကတော့အရင်ကတည်းက တည်တည်နေတတ်ပေမဲ့ ခုက ခံစားချက်မရှိသလိုမျိုး...ကိုယ့်ကို အနေခက်နေတာများလား...အဲ့လိုနဲ့ခုထိမပြောရသေးလို့ ရဲဆေးတင်ပြီး ပြောပြန်တော့လဲ အကိုက်ခံရတာနဲ့ပဲ အဆုံးသတ်သွားခဲ့တယ်

လက်ကကိုက်ထားတဲ့အရာလေးကိုကြည့်မိတော့ ရင်တောင်ခုန်ချင်လာသလိုလို...သွားရာလေးထင်းနေတဲ့ လက်ကို ဖွဖွလေးနမ်းလိုက်ရင်း

"ဒါကိုရော...နမ်းတယ်လို့ သတ်မှတ်လို့ရလား..ဟား... ''

ရင်ခုန်လွန်းလို့ ကြမ်းပြင်ပေါ်လှဲချလိုက်ရုံမက အကိုက်ခံထားရတဲ့လက်လေးကို ရင်ခွင်ပေါ်တင်ပြီး ကျေနပ်ပြီးရင်း ကျေနပ်နေတာပေါ့...အပေါ်ထပ်မှာလဲ ခန့်တို့ကတော့...

မကအိပ်ချင်တယ်ဆိုလို့ မအခန်းတံခါးကိုဖွင့်ပြီး အိပ်ရာပေါ်သေချာချပေးလိုက်ရင်း ကုတင်ပေါ်ကဆင်း​နေတုန်း

"ဘယ်သွားမလို့လဲ..''

"ဟို တံခါးသွားပိတ်ဖို့..''

"ဒါဆိုချီ...''

"ဟင်..''

"ကိုယ့်ကိုချီပြီး သွားပိတ်..''

"ဟို...''

"ဘာလဲ မချီဘူးလား...ငိုလိုက်မှာနော် အဟင့် အဟင့် ဗြဲ...''

"အို... မငိုပါနဲ့ မရယ်...လာ ချီမယ်...အမလေး​ လေးပါ့ကွာ ''

"ဘာလဲ ကလေးကငြိုငြင်တာလား... ငိုမှာနော် အဟင့် အဟင့်..ဗြဲ..''

လူကိုခွဖက်ထားရင်း ငိုမလို့လုပ်နေတဲ့ မကို အသည်းယားလာလို့ နမ်းပစ်လိုက်တော့..

"အွတ်စ်..''

"ပြွတ်..နောက်တစ်ခါငိုရင် မနက်အထိနမ်းပစ်မယ်...''

"....''

"နှုတ်ခမ်းကိုဘာလို့ဆူထားရတာလဲ အသဲယားလာပြီ...ကိုက်ပစ်လိုက်ရ..''

ပြောတော့လည်ပင်းကို လက်လေးတွေနဲ့သိုင်းဖက်လာပြီး ကိုယ့်ရင်ခွင်ထဲ ခေါင်းလေးတိုးရင်း လာမှီတော့

"ဘာလို့ လာချွဲနေတာလဲ...''

"ကလေးကို ချစ်လို့....''

နောက်လူကို ကြည့်လာပြီး သူ့လက်လေးနှစ်ဖက်ကို ဘယ်ညာ မြှောက်​ပြရင်း

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now