အပိုင်း(၂၈)

Start from the beginning
                                    

ကျောင်းသားတွေက အသစ်အသစ်တွေကို ကြိုက်နှစ်သက်ကြတယ်။ အဲ့တော့ သဘာဝကျစွာပဲ ဒီအပြောင်းအလဲကို လက်ခုပ်တီးကြတယ်။

ချောင်လန်ကလဲ အရမ်းပျော်နေတယ်။

ဘာလို့လဲဆိုတော့ သူမက နောက်အပတ်ကျရင် ပထမgpကို သွားရတော့မှာလေ။ ပြီးတော့ ချန်ယောင်းရန်က စတုတ္ထ gpမှာပဲနေခဲ့ရမှာလေ။ ဆိုလိုတာက သူမက နောက်ဆုံးတော့ ချန်ယောင်းရန်ရဲ့ အဝေးမှာ နေလို့ရခဲ့ပြီလေ။

အဲ့ထပ်ပိုတာက ချောင်လန်နောက်မှ သတိထားမိသွားတယ်။ အတန်းဖော်တွေအကုန်လုံး ထိုင်ခုံနေရာပြောင်းကြတယ်။ ဒါပေမဲ့ ထန်းမော့ကတော့ နောက်ဆုံးခုံမှာပဲ ဆက်ထိုင်မဲ့ပုံပေါ်တယ်။ အဲ့တော့ သူမ နောက်အပတ် ထိုင်ခုံပြောင်းရင် သူမက ထန်းမော့အရှေ့မှာ ထိုင်ရမယ်လို့ ဆိုလိုတာမလား။

ချောင်လန် မျက်လုံးတွေတောက်ပသွားပြီး အနောက်ကို လှည့်ကြည့်လိုက်တယ်။ ထန်းမော့က အခုထိ မလာသေးဘူး။

ထန်းမော့ အကြောင်းစဥ်းစားလိုက်တာနဲ့ ချောင်းလန်က နည်းနည်း ကြောင်ကြောင်သွားတယ်။

ထန်းမော့က ညတိုင်း သူနဲ့အတူ အသက်ကြီးကြီး လူကြီးတစ်ယောက်ကို ခေါ်ခေါ်လာပြီး အနောက်တိုင်း စားသောက်ဆိုင်ကို လာတယ်။ ရက်ပိုင်းအတွင်းမှာပဲ ချောင်လန်ရဲ့ ကော်မစ်ရှင်ခတွေ ပြီးတော့ tips က သူမ တစ်လ လစာထက်ပို များနေပြီ။

ချောင်လန်က ရူးနေတယ်ဆိုရင်တောင် ထန်းမော့ရဲ့ရည်ရွယ်ချက်ကို နားလည်နိုင်တယ်။

သူမက ပိုက်ဆံလိုနေတယ်၊ ပြီးတော့ သူမက သူ သူမကို ပိုက်ဆံပေးတာကို မကြိုက်ဘူးဆိုတာကို သိပြီး ထန်းမော့က သူမကို ဒီလို နည်းလမ်းနဲ့ ပိုက်ဆံပေးနေတာဖြစ်တယ်။

အကယ်၍ သူ့နေရာမှာ တစ်ခြားသူတစ်ယောက်သာပြောင်းသွားမယ်ဆိုရင် အဲ့လူက သူမကို လိုက်နေတယ်လို့ ချောင်လန် သေချာပေါက် တွေးမိမှာဖြစ်တယ်။

ဒါပေမဲ့ တစ်ကယ်လို့ ဒီလူက ထန်းမော့သာ ဖြစ်နေတယ်ဆိုရင်တော့ သူမ အဲ့လို လုံးဝ တွေးမှာ မဟုတ်ဘူး။ ထန်းမော့က ရိုးရှင်းပြီး တစ်ခုခုကို တည်မြဲစွာလုပ်တက်တဲ့ ကလေးတစ်ယောက်လိုပဲ။ သူက ဒီတိုင်း သူမကို ကူညီပေးဖို့ ကြိုးစားနေတာဖြစ်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now