အားလုံး မင်းကြောင့်

Start from the beginning
                                    

ဖေဖေ့မှာတော့ အမှုရှုံးတာကတစ်ကြောင်း ...ဘဝတစ်လျှောက်လုံးထိန်းသိမ်းခဲ့တဲ့ သိက္ခာတရားတွေရော သိပ်မြတ်နိုးရတဲ့ ဆရာဘဝကိုပါစွန့်လွှတ်လိုက်ရသလို...

ငွေကြေးလဲမရှိ အိမ်လဲမရှိ လူတွေရဲ့ အထင်သေးတဲ့အကြည့်တွေကိုသာခံခဲ့ရပြီး
နောက်ဆုံးမှာ စိတ်ထားနူးညံ့တဲ့ဖေဖေဟာ တံတားပေါ်ကနေ ရေထဲကိုခုန်ချပြီးသတ်သေသွားခဲ့တယ်

ပိုရင်နာစရာကောင်းတာက ဘာလဲဆို... ဖေဖေက သူမသေခင်မှာ ​​ဖြတ်သွားတဲ့လူတိုင်းကိုပြောခဲ့တယ်

သူဘယ်လောက်ရိုးသားကြောင်း...သူဟာ တသက်လုံးဘယ်မိန်းကလေးကိုမှ မပစ်မှားခဲ့ကြောင်း... စာသင်ရတာဘယ်လောက်မြတ်နိုးကြောင်း... မတရားခံရတာတွေကိုပြောပြ​နေတာတောင်

အရေးတယူဘယ်သူမှ နားမထောင်ပေးခဲ့ကြဘူး... နောက်ဆုံး ဖေဖေ့သတင်းကိုကြားပြီး မေမေဟာ အရူးတစ်ယောက်လိုအသိစိတ်လွတ်သွားခဲ့တယ်

ကိုယ်လဲ မေမေကိုဆေးကုပေးရမှာရော အိမ်ဋ္ဌားစရိတ်နဲ့ စားဝတ်နေရေးကြောင့် ကျောင်းထွက်လိုက်ပြီး အလုပ်မှန်သမျှလုပ်ခဲ့ရတယ်

တစ်နေ့....တစ်နေ့မှာ ကျောင်းခနနားပြီ အချိန်ပိုင်းအလုပ်ကပြန်လာတဲ့ကိုယ့်ကိုတောင် မေမေကမစောင့်ဘဲ အရမ်းရက်စက်တဲ့အတွေးတစ်ခုကို အကောင်အထည်ဖော်ခဲ့တယ်

မေမေ့အတွက်စားစရာတွေဝယ်လာပြီး တိုက်ထဲဝင်ခံနီး ကိုယ့်ရှေ့ကို အရာတစ်ခုအရှိန်ပြင်းပြင်းနဲ့ကျလာလို့ သေချာကြည့်လိုက်တော့... ကိုယ့်မေမေ

ကိုယ့်ရှေ့မှာ သွေးတွေနဲ့ မေမေကို ​​ကြောင်ကြည့်ရင်း ကိုယ်ရူးမတက်သွေးပျက်ခဲ့ရတယ်

ဆေးရုံတင်ထားပေမဲ့ ပေးစရာပိုက်ဆံကမရှိ... ဆေးရုံစောင့်နေလို့ အလုပ်မသွားဖြစ်တော့ အလုပ်ရှင်ကလဲ အလုပ်ထုတ်ပစ်တာလဲခံလိုက်ရတာကြောင့်...

ဘဝကသိပ်ကိုခါးသီးပြီး ပင်ပန်းခဲ့တာပေါ့ ဆေးရုံကလူတွေကလဲ ငွေရှင်းဖို့ပြောလာ​ကြသလို စားစရာတောင်မရှိတဲ့အခြေအနေမှာ...ငမိုးက ဆေးရုံကိုရောက်လာပြီး

"လေချိုသွေး....''

စိတ်မကောင်းဖြစ်နေသလို မယုံနိုင်တဲ့မျက်နှာပေးနဲ့ ကြည့်နေတဲ့ သူငယ်ချင်းကို တချက်သာကြည့်ပြီး ကုတင်​ပေါ်ကမေမေ့ကိုပြန်ကြည့်နေလိုက်မိတယ်

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now