အဲ့ဆရာ ထူးဆန်းတယ်🤔

Start from the beginning
                                    

"ဘာ!!!ငါ ...ဟို ....ငါကမင်းသိပ်အချိန်ပိုနေလားလို့မေးတာ ''

"အင်းလေ... အရင်ကဆို ရုပ်တည်ကြီးနဲ့ စကားတောင်တိုတိုတုတ်တုတ်ပဲပြောပြီးတော့ ''

"ဒီမှာ ကလေးမ... မင်းခုလိုလုပ်နေလဲအပိုပဲကိုယ်ကလုံးဝမလုပ်နိုင်ဘူး ''

ပြောတော့... ကောင်မလေးက ရယ်နေရာကနေ ​ပြန်တည်သွားပြီး

"ဘာလို့လဲ ''

"ကိုယ်သဘောနဲ့ ကိုယ်ပေါ့ ''

"ကြည့်ရတာ... အလုပ်နဲ့ပတ်သက်တာ​တော့မဟုတ်​လောက်ဘူး ''

".....''

"ငွေကြေးနဲ့လဲမဆိုင်​ပြန်ဘူးဆိုတော့ ''

".....''

"ကိုယ်ရေးကိုယ်တာခံစားချက်ကြောင့်မလား ''

"မင်းကို ဘယ်သူပြောလဲ ''

"ရာထူးတိုးတာတို့... ဘာတို့လဲမဟုတ်ဘူးကွာ လစာကလဲ ချီတို့ပေးသလောက်ပဲပေးတါ ''

"မင်းက ခုငါရတဲ့လစာကို ဘယ်လိုသိမလဲ ''

"ဒီ၅ရက်အတွင်းချီက ဆရာ့နော​က်ပဲ လိုက်နေတာမဟုတ်ဘူးလေ ''

"ဘယ်လို ''

ဝိတ်တာကောင်လေးလာချပေးတဲ့ကော်ဖီခွက်ကို အဲ့ကောင်မလေးက သူ့အနားဆွဲယူလိုက်ရင်း ပြုံးပြလာတယ်

"ချီပြောတယ်မလား... ချီက အရင်ကလူတွေနဲ့မတူပါဘူးဆို ''

သိပြီ...စာသင်ချိန်မှာ အတန်းထဲဝင်ထိုင်တက်သလို တစ်ခါတလေ အနားကပျောက်သွားတာမျိုး...သင်တန်းကဆရာတချို့နဲ့ရယ်မောနေတတ်တဲ့ကောင်မလေးကို...ကိုယ့်အကြောင်းစုံစမ်းနေမှန်းမသိဘဲ အသိ​တွေနေမှာပါ...

ကိုယ့်အနားမကပ်ရင် ပြီးရောဆိုပြီးနေခဲ့တာ ...ခုတော့ ၅ရက်အတွင်း သူမကအများကြီးသိသွား​ပြီလား...ဘယ်လောက်ထိသိတာလဲ

"ကော်ဖီကမခါးဘူးလား...ဘာမှမထည့်ဘဲ ဒီတိုင်းသောက်ရတာ... အနည်းဆုံး နွားနို့လေး​တော့ထည့်သောက်ပါလား ''

"မင်း ဒီလောက်ထိသိတာလား ''

"အင်းပေါ့ ဆရာက နေ့လည်စာလဲမစားဘူး ...ညစာတောင်ဆရာ့သူငယ်ချင်းကအတင်းကျွေးရတာမလား ''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now