Chapter (76)_ စတော်ဘယ်ရီနံ့ သွားတိုက်ဆေးကို အကိုကြီး အနံ့ခံကြည့်မလား

Start from the beginning
                                    

ထိုလှပသောမြင်ကွင်းကိုဖြတ်သွားသောလမ်းလျှောက်သူများက ငေးကြည့်နေမိပြီး အိမ်ပြန်ရန်ပင် မေ့သွားခဲ့သည်။ ဓာတ်ပုံတွေ ရိုက်ယူဖို့ သူတို့ရဲ့ဖုန်းတွေကို ယူလိုက်ကြပေမယ့် ရှုနင်ကတော့ စိတ်အခြေနေ ဆိုးလို့နေသည်။ ဒါပေမယ့် သူ့ဦးလေး မြင်ရင် အထင်လွဲမည်စိုးလို့ ဦးလေးရှေ့မှာ အကိုကြီးကို ချောချောချောမွေ့မွေ့မျက်နှာပေးနှင့် ဆက်ဆံနေရသည်။

သူတို့သည် ကားထဲသို့ရောက်သည်အထိ ရှုနင်က ဟန်ဆောင်နေရပြီး သူ့လက်ကို ဆုပ်ကိုင်ထားပြီးနောက် ဦးလေးဖန်းနဲ့ ဦးလေးဖူတို့ထွက်သွားသည်နှင့် အကိုကြီးလက်ကို ခါထုတ်လိုက်သည်။

ရှုနင်က ကား၏အပြင်ဘက်က ရှုခင်းတွေကို အပြင်သို့ကြည့်ရင်း အသံမထွက်ဘဲကား၏အခြားဘက်ခြမ်းတွင်ထိုင်နေသည်။ ဒါက သူ ရှုဟိန်ကို ဂရုမစိုက်ပဲ နေသည်။ ဒေါသမထွက်ပါဘူးလို့ပြော တာကို ယုံရင် ရူးနေလို့ဖြစ်မည်။

ရှုဟိန်ရဲ့ မျက်လုံးများက လေးလေးနက်နက်ကြည့်လျက် အနီးကပ် မချဉ်းကပ်ဘဲ စိုက်ကြည့်နေသလို သူ့လက်ကို ရှေ့မတိုးဘဲ တိတ်တဆိတ်ထိုင်နေခဲ့သည်။

ရှုနင်က သူ၏ခေါင်းကိုလက်တစ်ဖက်ဖြင့်ထောက်ကာ မျက်လုံးကိုပိတ်လိုက်သည်။

အစ်ကိုကြီးက သူ့အပေါ်ကို အရမ်းကောင်းပါတယ်၊ သူဟာ နည်းလမ်းတိုင်းမှာ တော်တယ်။ ထက်တယ်။ ကြီးမြတ်တယ်၊ သူက ဦး လေးဖန်းနဲ့ ဦး လေးဖူကို စိတ်မသက်မသာ မဖြစ်စေချင်လို့ ဟိုတယ်မှာ သွားတည်းဖို့ စီစဉ်တာကို ငါသဘောပေါက်ပေမဲ့ ငါ ဘယ်လိုခံစားခဲ့ရသလဲလို့ ငါ့ကို မေးခဲ့ဖူးလား။ သူက သူထင်တယ် မှန်သမျှကို အမြဲလုပ်တတ်တယ်၊ ဆုံးဖြတ်ချက်တိုင်းက သူ့ သဘောအတိုင်းပဲ အမြဲ ဆုံးဖြတ်တယ်။ သူက ငါ့ကို ဂရုစိုက်တယ်ဆိုပြီး ငါ့ ခံစားချက်များကို လျစ်လျူရှုနိုင်သလား။

ဟိုတယ်သို့ ကားက တောက်လျောက်မောင်းနှင်သွားခဲ့သည်။ သူတို့အတွက် အခန်းတစ်ခန်းကို ကိုယ်ရံတော်များက ကြိုတင် မှာထားပြီးဖြစ်သည်။ ဟိုတယ်ကို ရောက်တော့ ကိုယ်ရံတော်များက ကားပေါ်မှဆင်းလာပြီး သခင်လေးနှစ်ဦးကို ကားတံခါးဖွင့်ပေး လိုက်သည်။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now