
Start from the beginning
                                    




Chapter (75)_ တဆင့်ချင်း တလှမ်းချင်း တိုးကပ်လို့ ရင်ခွင်ထဲမှာ သိမ်းထားမယ် (Z+U)

ရှုဟိန်က ခေါင်းကိုဖြေးဖြေးလေး ငုံ့ကာ နင်နင်ထံကို ဖြည်းဖြည်းခြင်း ချဉ်းကပ်လာသည်။  2 နှစ်ကြာ ဂရုစိုက်ပြီး တဲ့နောက် နင်နင် ရဲ့ အသွင်အပြင်လေးတွေက ပိုပြီးကောင်းမွန် ကျန်းမာလာပြီးနူးညံ့သိမ်မွေ့လာတယ်။ သူ့ရဲ့အသားအရေက နို့လို ဖြူဖွေးနေပြီး ကိုက်လိုက်ရင် အရသာရှိမယ့်ပုံပေါက်နေသည်။  သူ့မျက်တောင်တွေက ယပ်တောင်လို ထူထူထပ်ထပ်လေးဖြစ်ကာ ရှုဟိန် အသာလေး ထိလိုက်တော့ တဖြတ်ဖြတ်လှုပ်ကာ နိုးလာမလို ဖြစ်ပြီး မျက်လုံး မဖွင့်ပဲ  လက်လေးတွေနဲ့ ဟိုစမ်းဒီစမ်းလုပ်နေသည်။

 သူက ငါ့ကို ရှာဖို့ စမ်းနေတာလား။


ရှုဟိန်က ဒီလို တွေးပြီး ရင်ထဲ တချက်လှုပ်ခတ်သွားခဲ့သည်။ သူက အရမ်းကို  လိမ္မာပါးနပ်စွာဖြင့် ဖြည်းဖြည်းချင်း ချဉ်းကပ်ခဲ့တာ ဖြစ်လို့ သူတို့  နှစ် ဦးကြားက ဆက်ဆံရေးသည် အက်ကြောင်း မရှိဘဲ တနေ့ထက် တနေ့ ပိုမို နက်ရှိုင်းလာခဲ့သည်။ သူက နင်နင်လေးရဲ့ နူတ်ခမ်းများကို နမ်းရှုပ်ခြင်းနှင့် တကိုယ်လုံးကို   နူးညံ့သိမ်မွေ့စွာ ထိတွေ့ခြင်းတို့ကို မသိမသာ ပြုလုပ်ခဲ့တာဖြစ်လို့ အခုဆိုရင် နင်နင်က သတိလုံးဝမထားမိပဲ သူ့အနမ်း၊ သူ့အထိအတွေ့၊ အပွေ့အဖက်တွေကို လက်ခံလို့နေပြီ။

ရှုဟိန်က ရှုနင်က အိပ်ချင်ယောင်ဆောင်နေသည်ကို  မဖော်ထုတ်ခဲ့ပဲ  သူကနှာခေါင်းကို အသာလေး ညှစ်ကာ ပြန်လွှတ်ပေးလိုက်တယ်။

ရှုနင်က အောင့်ထားတဲ့ သက်ပြင်းကို အသာချပြီး စိတ်ထဲ သက်တောင့်သက်သာ ခံစားလိုက်ရသည်။

 အရင်ရက်က သူ့အကိုကြီးက ဘာကြောင့် သူ့နူတ်ခမ်းကို ပြင်းပြင်းပြပြနမ်းသလဲ။ ဘာကြောင့် သူ့ကို လျှာချင်းရစ်ပတ် ခဲ့သလဲ ဆိုတာ မေးချင်ပေမယ့် အချိန်ခါကောင်း မဟုတ်လို့ မမေးခဲ့ရပေ။ တကယ်လို့ အကိုကြီးက အဲ့ဒီနေ့က အရက်အမူးလွန်ပြီး သူ့ဖာသာ သတိမထားမိပဲ သူ့အာခံတွင်းထဲ လျှာဖြင့် ရစ်ပတ်ထိုးမွှေခဲ့တာဆိုရင်တော့ ဒါက မူးလို့လုပ်တာပဲဟု တွေးနိုင်သည်။ သူ့အကိုကြိးက သူ့နူတ်ခမ်းကို နမ်းရတာကို ကြိုက်ပေမယ့် တခါမှ မကျော်သင့်တဲ့ စည်းကို မကျော်ခဲ့ဖူးပေ။


အင်း ......သူက အကိုကြီးကို  နားလည်မှုလွဲခဲ့တာပဲဖြစ်မယ်...


ဒါပေမယ့် သူက ဘာကြောင့်  အဆင်မပြေသလို ခံစားနေရတာလဲ။ ဘာကြောင့် သူ့ရင်ထဲမှာ လေးလံနေရတာလဲ။ ရှုဟိန်က  သိပ်ကိုထူးချွန်တယ်၊ သူဟာ သတိမထားလိုက်မိခင်မှာ အကိုကြီးနဲ့ အရမ်းရင်းနှီးသွားမိပြီး အကိုကြိးရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရတယ်။

 ရှုနင် မျက်မှောင်ကြုတ်ပြီးမျက်လုံးများကိုဖွင့်လိုက်သည်။ သူနဲ့ လက်မ နည်းနည်းပဲ ကွာသည့်နေရာမှာ အကိုကြီးရဲ့ ပြိုင်စံရှား ချောမောလှပသည့် မျက်နှာကို တွေ့လိုက်ရသည်။  သူ စကားမပြောမီ ရှုဟိန် သည် အရင်ဆုံးပြုံးပြလိုက်သည်။ ဒီအပြုံးက လျှပ်စီးလက်သွားသလို တောက်ပလွန်းလှပြီး သူ့နှလုံးသားတစ်ခုလုံးကို လင်းခနဲဖြစ်သွားစေသည်။ ဒါက တကယ် အစစ်အမှန် မဟုတ်သလို သူ ခံစားလိုက်ရသည်။

အကိုကြီးက အရမ်းကို တောက်တောက်ပပနဲ့ ငါကို ပြုံးပြနေတယ်....

 ရှုနင်က အံ့အားသင့်စွာဖြင့် အကိုကြီးကို ပြန်ပြုံးပြကာ မေးလိုက်သည်။


  "အကိုကြီး.... အခု ဘာလုပ်နေတာလဲ"

"မင်းကို နိုးနေတာလေ "

"အိုး ~"

ရှုနင်က စကားကို သံရည်ဆွဲကာ ပြောလိုက်ပြီး ရှုဟိန်ရဲ့ ဗိုက်က ကြွက်သားတွေကို လက်နှင့် အသာယာပွတ်သပ်ရင်း ရင်ဘတ်ကို ရောက်သွားသည်။ ထိုမှ တဖန် သူ့လက်လေးက လည်ပင်းကို အသာယာပွတ်ရင်း အကိုကြီးရဲ့အောက်နူတ်ခမ်း၊ ထိုမှတဖန် ညစ်ကျယ်ကျယ်စိတ်လေးပေါ်လာပြီး အကိုကြီးရဲ့နှာခေါင်းကို အသာယာညစ်လိုက်သည်။

အိုး... နှာတံဖြောင့်ဖြောင့်တွေက ညစ်လို့ကောင်းလိုက်တာ... ဒါ တကယ် စိတ်ဝင်စားဖို့ကောင်းတယ်...


ရှုနင်က အကိုကြီးရဲ့မျက်နှာကို ကြည့်ကာ ညစ်ကျယ်ကျယ်ပြုံးပြီးပြောလိုက်သည်။

 " အစ်ကိုကြီး လုပ်သလို ပြန်လုပ်တာလေ... စိတ်ဆိုးမဆိုးကြေး..."

"ငါ စိတ်ဆိုးမယ်ဆိုရင် မင်း ဘာလုပ်မှာလဲ"

" ......"

"လိမ်မာပါကွာ.... မင်း ရေငတ်နေလား"

" ......"
ဒီလိုနဲ့ စကားပြောနေတဲ့ အကြောင်းရာ ခေါင်းစဉ်ပြောင်း လိုက်တာလား (⊙ o ⊙)

ရှုနင်က  ရေနွေးနွေးလေး သောက်ပြီးမှ အကိုကြီးရဲ့ ပွေ့ဖက်ထားတဲ့ ရင်ခွင်ကနေ ထွက်ခွင့်ရလိုက်သည်၊

ဟမ်.... ဒါက အလုပ်ကြပ်ဖိုမင် ဦးလေးဖန်းရဲ့ အိမ်အောက်ကို ရောက်နေတာ မဟုတ်လား။ သူ့ ဦးလေး ချင်ယွိဖူက ဦးလေးဖန်းရဲ့အိမ်မှာ အတူနေနေတာ ဖြစ်ပြီး အခု နှစ်သစ်ကူးအချိန်မှာ သူတို့က ဘယ်ကိုမှ မသွားပဲ အိမ်မှာ ရှိနေကြမှာ သေချာတယ်။

အကိုကြီးက တကယ့်ကို အံ့အားသင့်စရာကောင်းတာပဲ။ နှစ်သစ်ကူးမှာ သူ အချစ်ရဆုံး  ဦးလေးနဲ့တွေ့ရအောင် ခေါ်လာပေးတယ်....


ရှုနင်က ရှုဟိန်ကို ပျော်ရွှင်စွာ မော့ကြည့်လိုက်တော့ ရှုဟိန်က သူ ရထိုက်သည့် ဆုကို နှောင့်နှေးခြင်းမရှိပဲ သူ့နူတ်ခမ်းကို လက်ညှိုးနှင့် ထိုးပြကာ တောင်းလိုက်သည်။

ရှုနင်က တွက်ကပ်ခြင်းမရှိ " မွ " ဆိုပြီး အကိုကြီးကို ဆုချလိုက်သည်။

 

" အိုး.....မဟုတ်သေးဘူး... ဦးလေးအတွက ်ဘာ လက်ဆောင်မှ ဝယ်မလာမိဘူးူ၊ "

ရှူနင်းသည်စိုးရိမ်တကြီးဖြစ်နေပြီ။ o(╯□╰)o

"ဒီလက်ဆောင်တွေက ငါတို့ ကားနောက်ဖုံးထဲမှာ။ ငါတို့အတွက် ဝေစုလည်းပါတယ်...  "

ဝေစု?

အစ်ကိုကြီးက အစစ အရာရာကို စဉ်းစားပေးတတ်လို့ အရမ်းကောင်းတာပဲ....

ရှုနင်က ပျော်လွန်းလို့ ရယ်မောလိုက်ကာ ပြောလိုက်သည်။

  "အစ်ကို ကျေးဇူးတင်ပါတယ်။ ကားပေါ်က ဆင်းလိုက်ရအောင်။ ဦး လေးက ကျွန်တော့်ကိုတွေ့တဲ့အခါ ဘယ်လောက် အံ့သြသွားမလဲလို့ တွေးနေမိတယ်  "

"သူကသေချာပေါက် အံ့သြမှာပေါ့... မင်းကို သူ အရမ်းလွမ်းနေမှာ သေချာတယ်  "

ရှုနင်က ကားထဲက ထွက်ပြီး ရှုဟိန် နောက်မှလိုက်သွားသည်။ သဘာဝကျကျပင် သူ့လက်လေးက ရှုဟိန်ရဲ့လက်ဝါးကြီးထဲ ဆုပ်ကိုင်ထားခံရပြီး အသာလေး ဖျစ်ညစ်လိုက်သည်။ ဒါက သူတို့လုပ်နေကျဖြစ်သည်။

 ကားနောက်ဖုံးထဲမှအရာများနှင့်အစားအစာများကို ကိုယ်ရံတော်များက ထုတ်ယူခဲ့ပြီး ရှုဟိန်က အိမ်အပေါ်ထပ်သို့ မတက်ခင် လွှဲပြောင်းယူလိုက်သည်။ ရှုနင်က သယ်ဆောင်ချင် ပေမယ့် ရှုဟိန်က သူ့ကိုခွင့်ပြုမှာ မဟုတ်ဘူး၊

အစားအစာအိတ်က သိပ်ပြီးလေးလံနေလို့ အများကြီး ဝယ်ထားတယ်ဆိုတာ သိသာတယ်။  လက်ဆောင်တွေ များများစားစား ရှိပေမဲ့ အကိုကြီးက ဘာမှမလေးသလို ပေါ့ပါးစွာ သယ်လာပြီး အပေါ်ကို တက်လာခဲ့သည်။ အပေါ်ထပ်  လှေကား စင်္ကြံကျဉ်းကျဉ်းလေးတွင်နှစ်ယောက်တည်း ပူးကပ်ကာ တက်လာစဉ် ရှုဟိန်က အမှတ်တမဲ့လိုဖြင့် ခေါင်းငုံ့ကာ ရှုနင်ရဲ့နူတ်ခမ်းလေးကို နမ်းလိုက်သည်။

  ရှုနင်က သူ့ကိုတချက်ကြည့်ကာ ခေါင်းငုံ့သွားပြီး တိတ်နေသဖြင့် သူ ရှက်သွားပုံရသည်။

ရှုဟိန်သည်ပစ္စည်းများစွာကို လက်တစ်ဖက်တည်းဖြင့် စတုတ္ထထပ် သို့ ရောက်အောင် သယ် ဆောင်ခဲ့သည်။ ရှုနင်က တံခါးကိုခေါက် လိုက်တော့  ဦး လေးဖန်းသည် ပါးစပ်တွင် စီးကရက် တလိပ်တပ်လျက် တံခါးလာဖွင့်ပေးသည်။ မဖိတ်ခေါ်ပဲရောက်လာ သည့် ဧည့်သည်များကို မောင်းထုတ်ရန် ကြံပေမယ့် ရှုနင်မှန်းသိတော့ အထဲဝင်ရန် လမ်းဖယ်ပေးပြီး အိမ်ထဲကိုလှည့်ကာ ဝမ်းသာအားရလှမ်းအော်လိုက်သည်။

 "ရှောင်ဖူ... မင်း တူလေးလာတယ်။ လာ...လာ... အိမ်ထဲ မြန်မြန်ဝင်ကြ... အပြင်က လေအေးတိုက်တယ်...ဒါနဲ့...သူက...  "

"ကျွန်တော့် အစ်ကိုရင်းပါ"

ရှုနင် ကအိတ်တွေများလွန်းနေလို့ ရှုဟိန် လေးနေမည်ကို စိုးရိမ်သောကြောင့် အထုပ်တချို့ကို အလျင်အမြန်ဆွဲယူလိုက် ပေမယ့် အကိုကြီးက လုံးဝ လွတ်မပေးပေ။

ရှုဟိန်ရဲ့မျက်နှာက မျက်နှာသေ ဖြစ်နေပြီး စိတ်ဓါတ်ကျနေသည်။ သူ့ဇနီးလေးက သူ့ကို မိတ်ဆက်ပေးသည့်အခါ အကိုရင်း ဆိုသည့် အသုံးနှုန်းကို ဘာကြောင့် သုံးရတာလဲ...။
 
ဒီအသုံးအနှုန်းက ငါ့နှလုံးသားကို ဒဏ်ရာ ရစေတယ် မဟုတ်ဘူးလား။

သို့သော် ရှုဟိန်သည် စိတ်မချမ်းမြေ့သည့် အတွေးကို လွှင့်ပစ်လိုက်ကာ အလိုက်အထိုက် နူတ်ဆက်လိုက်သည်။

 
ကောင်းကင်က လျင်မြန်စွာမှောင်လာခဲ့လေပြီ။ ချင်ယွိဖူက  အခန်းထဲမှထွက်လာပြီး အံ့သြစွာဖြင့် မျက်နှာတခုလုံး အပြုံးတွေ ဖုံးကာ သူ့တူလေးဆီကို ပြေးဖက်ကာ ပုခုံးကို အသာလေးပုတ်လိုကသ်ည်။ ပြီးတော့ ကိုယ်ကို ဟိုဘက် ဒီဘက် စောင်းကာ တကိုယ်လုံး နေကောင်းကျန်းမာရဲ့လားဆိုတာကို ကြည့်လိုက်သည်။

ရှုဟိန်က ဒီမြင်ကွင်းကို ကြည့်ကာ နင်နင်ကို တကယ် ချစ်ခင်ကာ ဂရုစိုက်ကြောင်းကို ခံစားမိလိုက်သည်။ ချင်ယွိဖူရဲ့မျက်လုံးတွေထဲ အရမ်းကို ပျော်နေတာမြင်တော့ သူတို့ တူဝရီး ဘယ်လောက် နီးစပ်ကာ သံယောဇဉ်ကြီးသည်ကို နားလည်လိုက်သည်။ ကိုယ်ကို တကယ်ချစ်ခင်သူနှင့် အတူနေရရင် ခါးသီးတဲ့နေ့ရက်တွေကို ကျော်ဖြတ်ရလည်း ဘာအရေးလဲ...။

 ချင်ယွိဖူးက အစောပိုင်းက ဦးလေးဖန်း မေးလိုက်သည့် အသံကို ကြားပြီးသားဖြစ်လို့ နင်နင်ရဲ့ပုခုံးလေးကို ဖက်ရင်း ရှုဟိန်ဘက်လှည့်ကာ နူတ်ဆက်လိုက်သည်။


"တွေ့ရတာ ဝမ်းသာပါတယ် ဆရာ..."

ဆရာ...? အာ.. ငါ့ ဦးလေးငယ်ကတော့....။ အကိုကြီး ရှုဟိန်ရဲ့ မတုန်မလှုပ်မျက်နှာတည်ကြီးက သူ့ကို ဘယ်လောက်တောင် ခြောက်လှန်းလိုက်ပြီလဲ။

ယောက်ဖဖြစ်သူ ရှုချိန်နှင့် ယှဉ်ရင် အခု လူငယ်လေး ရှုဟိန်ရဲ့ အရှိန်အဝါက ပိုပြင်းထန်ပြီး သူ့ကို ဖိအားကြီးဖြစ်စေသည်။ အရာအားလုံးကို ပိုင်စိုးသည့် ဧကရာဇ်ဘုရင်ကြီးရှေ့ကို ရောက်နေသည့်လူပမာ ကြီးမားသော အရှိန်အဝါက ချင်ယွိဖူကို အသက်ရှုရကြပ်စေသည်။

ရှုဟိန်က နင်နင်ရဲ့ဦးလေးကို ကိုယ်ကို အနည်းငယ်ညွတ်ကိုင်းကာ ဦးလေးဟု နူတ်ဆက်လိုက်တော့ ချင်ယွိဖူရဲ့ကိုယ်က တောင့်ခနဲဖြစ်သွားရသည်။ ရှုနင်က သူ့ဦးလေးကို စိတ်ကျဉ်းကြပ်မှုမှ ကယ်ထုတ်ရန် ဗိုက်ဆာနေပြီဟု ပြောကာ မီးဖိုချောင်ဘက်ကို ပထုတ်လိုက်ရသည်။

ချင်ယွိဖူက မီးဖိုဘက်ကို ပျော်ရွှင်စွာ ပြေးထွက်သွားတော့ ဖိုမင် အန်ကယ်ဖန်းက ခေါင်းယမ်းလိုက်မိသည်။

 " ......"

ရှုနင်က ရှုဟိန်ကို ဧည့်ခန်းမှာ နေရချပေးပြီး အကိုကြီးသောက်ဖို့ ရေတခွက်ခပ်ပေးခဲ့သည်။ တလမ်းလုံး သူ့ကိုပဲ ဂရုစိုက်ပေးခဲ့သောကြောင့် အကိုကြီး ရေငတ်နေလောက်ပြီ။

ဖိုမင် အန်ကယ်ဖန်းက အတွေ့အကြုံများစွာရှိကာ သူဌေးများနှင့် ပြောဆိုဆက်ဆံဖူးပေမယ့် ဒီလူငယ်လေး ရှုဟိန်ရဲ့အရှိန်အဝါက သူ့ကို မသက်မသာဖြစ်စေပြီး သူ့ခြေ၊သူ့လက်နှင့် သူ့ဖင်ကိုတောင် ဘယ်လိုထားရမှန်း မသိ အိုးတိုးအမ်းတမ်းဖြစ်နေစေသည်။ သူက လည်ချောင်းကပ်လာလို့ ချောင်းဟန့်လိုချင်ပေမယ့် ကပ်ထိုင်ပြီး စကားပြောနေသည့် ညီအကိုကို အနှောက်ယှက်မဖြစ်စေချင် သောကြောင့် လက်ဆောင်အထုပ်များကို ကူသယ်ပေးကာ ရှောင်ဖူကို ကူညီပေးရန် မီးဖိုထဲကို ရှောင်ထွက်လာခဲ့တော့သည်။

ချင်ယွိဖူက ဖိုမင်ကို တီးတိုးမေးလိုက်သည်။
 
 "အကိုက ဧည့်မခံပဲ ဘာကြောင့် လာရတာလဲ"  

"ဒီကောင်လေးက အရာရှိကြီးတစ်ယောက်လိုပဲကွ.။  သူနဲ့ စကားပြော ရမှာ စိတ်ကျဉ်းကျပ်တယ်။ မင်းကိုပဲ ကူညီပေးတော့ မယ်။ သူတို့ညီအစ်ကိုတွေပဲ စကားပြောကြပါစေတော့   "

 အလုပ် ကြီးကြပ်အုပ်ချုပ်ရေးမှူးက ပစ္စည်းပစ္စယများကို ချလိုက်ကာ ကြည့်ရှုရန် ဖွင့်လိုက်သည်။

"ရှောင်ဖူ... တချို့လက်ဆောင်တွေက မင်းအတွက်ကွ...  ငါ့ အတွက်လည်း တချို့ပါတယ်။ ငါ အစားအစာတွေကို ရေခဲသေတ္တာထဲမှာ အရင်ထည့်လိုက်မယ်။ နင်နင်အတွက် နို့လည်း ပါတယ်။ မင်း ဒါကို မမှားစေနဲ့ဦးနော်  "

 "ကျွန်တော် မှားသွားရင် သေသွားမှာပေါ့"

" မဖြစ်ဘူး..မဖြစ်ဘူး.... ငါ့ကို တစ်ယောက်တည်းထားပြီး အရင် သေမသွားနဲ့ဦး။ "

"ကောင်းပြီ၊ ဟင်းသီးဟင်းရွက်တွေကို အရင် ဆေးကြောလိုက်ဦးမယ်။ ကျွန်တော်တို့ ဒီနေ့  ရှောင်နင်ရဲ့အကြိုက်ဆုံး ဟင်းတွေ ချက်ပေးမယ်။ အကို့အတွက် မနက်ဖြန် ငါးဟင်းချက်ပေးမယ် "

"ကောင်းပါပြီ,  ဒါနဲ့ ..မင်း နင်နင်ရဲ့ အကို   ဘာဟင်းကြိက်သလဲ မမေးတော့ဘူးလား"

 "ကောင်းပြီ.. မေးချင်ရင် အကို့ဖာသာပဲ သွားမေးတော့။ ကျွန်တော် သူ့ကို ကြည့်မိရင် စကားသံမထွက်လာတော့ဘူး။ "


 ချင်ယွိဖူက နောက်ကို ရွှေ့ကာ ပြောလိုက်သည်။

"ဒါဆို  ညစာ အတူစားတဲ့အခါ  မင်း သူ့မျက်နှာကို ကြည့်ပြီး  အစာကို မျိုချဖို့မခက်ဘူးလား။ "

"အကို... ဟင်းသီးဟင်းရွက်များကို မဆေးသေးဘူးလား....  ။ "

ချင်ယွိဖူရဲ့နဖူးပေါ်ကသွေးကြောတွေ ထောင်ထလာပြီး ဒေါသတကြီးနှင့် အကိုဖန်းကို ခပ်ကြိတ်ကြိတ် အော်လိုက်သည်။

 အကိုဖန်း... အကိုက ဘယ်သူ့ကို လှောင်ပြောင်နေတာလဲ။  ̄ へ  ̄

"ကောင်းပြီ...ကောင်းပြီ.... ငါ မပြောတာ့ဘူး...ဟုတ်ပြီလား... စိတ်မဆိုးနဲ့တော့.... ဟုတ်ပြီလား  ငါ အရွက်တွေ ဆေးနေပြီနော်...  "

ဦးလေးဖန်းနဲ့ ဦးလေးချင်ယွိဖူတို့နှစ်ယောက် မီးဖို ကျဉ်းကျဉ်း လေးမှာ  ခေါင်းချင်းတိုးဝှေ့က သူ့ကိုငါတွန်း၊ ငါ့ကိုသူ တွန်းလုပ် ကာ စကားတွတ်ထိုးနေသည်ကို ကြည့်ရတာ သူတို့ အချင်းချင်းကြား အရမ်းကို ရင်းနှီးသည့်ပုံပေါ်နေသည်။ ဒါက သူ့ဦးလေးအတွက်ကောင်းတယ်လို့ ရှုနင်ခံစားမိသည်။ အရင်ဘဝကတော့ သူ့ဦးလေးက မိတ်ဆွေကောင်းရယ်လို့ မရှိပဲ တစ်ယောက်တည်း အထီးကျန်ပြီး ကြီးတော်နှစ်ဦးရဲ့ ဂုတ်သွေးစုပ်မှုကို ခံခဲ့ရသည်။

ရှုဟိန်က ရှုနင်ရဲ့ ခါးလေးကို ဖက်ကာ သူ့ရဲ့ချောမောသည့် မျက်နှာက ညီငယ်လေးကို ကြည့်ကာ မေးလိုက်သည်။

 
 " ဘာ မှားနေတာလဲ"

ရုတ်တရက် သူ့ညီလေးက ဘာကြောင့် အထီးကျန်နေသလို ခံစားနေရတာလဲ။ သူက သူ့ ဦး လေးနဲ့ နီးနီးကပ်ကပ်နေချင်တာ လား။

"ဘာမှမဟုတ်ပါဘူး။ ကျွန်တော့် ဦးလေးကို အရမ်းခင်တဲ့ မိတ်ဆွေရှိတာ တွေ့ရလို့ ကျွန်တော် ဝမ်းသာနေတာ။ ဦးလေးက နည်းနည်း သီးသီးသန့်သန့်ဖြစ်နေပေမယ့် အခု ဦးလေးဆီမှာ စိတ်ရင်းနဲ့ခင်တဲ့ မိတ်တွေရှိနေပြီ။ အကိုကြီးကော...အကိုကြီးရဲ့ သူငယ်ချင်းတွေနဲ့လည်း အဲဒီလိုပဲ ရင်းနှီးသလား"

"ရွှွှီကျင်းနဲ့တော့ မဆိုးပါဘူး "

"  ဟုတ်လား?"

" စိတ်ရင်းမှန်တဲ့တစ်ယောက်ပဲ"

ရွှီကျင်းက ဘယ်သူဆိုတာ သိပြီးဖြစ်သည်။ အရင်ဘဝတုန်းက သူ့ဘဝမှ ရွှီကျင်းရဲ့ ပတ်သတ်မှုက အများကြီးရှိသောကြောင့်  သူ သေချာ သတိထားရမည်။ ရှုဟိန်ရဲ့ အနည်းငယ်မျှသော သူငယ်ချင်းအနည်းငယ်ကသာ စကားနည်းသော ရှုဟိန်ကို   စကားပြောလာနိုင်အောင် ဆွဲဆောင်နိုင်ပြီး သူ့အကိုကြီး ရှုဟိန်က ရွယ်တူ သခင်လေးတွေကြားထဲမှာ တကယ့်ကို ဇာမဏီကဲ့သို့ ထူးခြားကာ ခေါင်းဆောင်တစ်ယောက်လို ဖြစ်နေသည်။ အကိုကြီးရဲ့ သူငယ်ချင်း အနည်းငယ်ကလည်း သြဇာအာဏာရှိပြီး၊ အရည်ချင်းရှိသည့် လူငယ်တွေဖြစ်သည်။

 
"ဒါဆို မင်းကရော....? သူငယ်ချင်း ဘယ်လောက်ရှိလဲ"

ရှုနင် ပြန်ဖြေရမယ့် အလှည့်ရောက်လာလေပြီ။ ရှုနင်က အကိုကြီးရဲ့ပုခုံးကို ခေါင်းမှီကာ ဖြေလိုက်သည်။

 "အများကြီးပဲ။ ဒါပေမဲ့ သူတို့က ကျွန်တော့်အပေါ်ကို စိတ်ရင်းမှန်၊ မမှန်ဆိုတာ မသိဘူး"

 "ဘာမှ မဖြစ်ဘူး။ အကိုကြီး သူတို့ကို စောင့်ကြည့်ပေးမယ်... "


ရှုဟိန်က သူ့ညီလေးကို လက်တဖက်ဖြင့် တင်းတင်း ဖက်ကာ ကျန်လက်တဖက်ဖြင့် နူးညံ့သော ဆံပင်လေးတွေကို ပွတ်သပ်ကာ ကြင်နာစွာပြောလိုက်သည်။ ရှုနင်က သူ့အကိုကြီးရဲ့ ရင်ခွင်ထဲမှာ ဇိမ်ကျနေသည်။

 သူ့အကိုကြီးရဲ့စကားတွေကြောင့် သူ ကြက်သီးလေး ထလာအောင် ရင်ထဲနွေးသွားခဲ့သည်။


ညစာစားသောအခါ စားပွဲနှင့်အပြည့် အရသာရှိသော နင်နင် ကြိုက်သည့် ဟင်းလျာများဖြင့်ပြည့်နေခဲ့သည်။ သူ ငယ်စဉ်အခါက  အကြိုက်ဆုံးဖြစ်ခဲ့သည်။ဦးလေးချင်ယွိဖူက နောက်ဆုံး ဟင်းချိုပန်းကန်ကိုစားပွဲပေါ်ချလိုက်သည်။

အလုပ်သမားများကြီးကြပ်ရေးမှူးသည် လက်များကိုဆေးကြော ကာ စားပွဲတွင် လာထိုင်ခဲ့သည်။ သူ့လက်တွင် အပူလောင်ကာ အရေကြည်ဖု တချို့ထွက်နေပေမယ့် အပြုံးမပျက်ပေ။

  " လာကြ...လာကြ၊ နှစ်သစ်မှာ စားကောင်းသောက်ဖွယ်တွေနဲ့ နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြရင် ငါတို့ အနာဂါတ်က ပိုကောင်းလာပြီး ကိုယ့် ဆုတောင်းတွေ ပြည့်ဝလိမ့်မယ်.... ဟား...ဟား...ဟား "

အား... ဦးလေးဖန်းပြောမှ သူတို့အားလုံးနှစ်သစ်ကူး ပွဲတော်အကြောင်းကို မေ့လျော့နေခဲ့သည်။ ရှုနင်က ရှုဟိန်ကို သူတို့နှင့်အတူ စားသောက်ရန်ဆွဲဆောင်လိုက်သည်။ ချင်ယွိဖူ သည် သူ၏အိတ်ကပ်ထဲမှ အနီရောင်စာအိတ်များကို ထုတ်ယူခဲ့သည်။

နင်နင်ရဲ့အစ်ကိုက အသက် ဘယ်လောက်ရှိပြီလဲလို့ မေးခဲ့လို့ သူက နင်နင်ထက် ငါးနှစ်ပဲ ကြီးသည်ကို သိခဲ့ပေမယ့် ဒီလူငယ်လေးက ဘာစားလို့ ဒီလောက်ထွားတာလဲ ဆိုပြီး အံ့သြနေသည်။

သူ့တတိယ ယောက်ဖက ရုပ်ရည်ချောမောကာ ထူးခြားထက်မြက်သူဆိုတာ သိပေမယ့် ယောက်ဖရဲ့ ပထမ အိမ်ထောင်နှင့်ရသည့် သားကြီးက သူ့အဖေထက် ပိုချောကာ အရှိန်အဝါပိုကြီးနေသည်။ ထိုလူငယ်နှင့် ယှဉ်ရင် သူ့တူလေး နင်နင်က ဘောလုံးလေးလို သေးသေးလေး ဖြစ်သွားသည်။ နင်နင်လည်း ထိုလူငယ်စားသလို စားရင် မကြာခင် ထွားလာနိုင်မလား။

ဘယ်လိုကြည့်ကြည့် နင်နင်က ယောက်ဖရဲ့သားကြီးနဲ့ရုပ်ရည် လုံးဝမတူပေ။ ဒါပေမယ့် ယောက်ဖက အရူးမှ မဟုတ်ပဲ။ နင်နင်သာ သူ့သားအရင်းမဟုတ်ရင် အိမ်တော်ထဲကို ဘယ်အဝင်ခံပါ့မလဲ။

  "ဦးလေး... ဒီမှာ လာထိုင်လေ "

သူ့ချစ်တူလေးက သူ့ဘေးကို ပုတ်ပြကာ ပြောလိုက်သောကြောင့် ချင်ယွိဖူက စိတ်လှုပ်ရှားကာ ပန်းကန်ကိုပင် တီုက်ခွဲလုမတတ်ဖြစ်သွားသည်။

 ရှုဟိန်က  သူတို့နှင့်အတူတိတ်ဆိတ်စွာ စားနေခဲ့သည်။ သူသည် ဘာမှ ဝင်မပြောပေမယ့် သူရှိနေသည့်အတွက် ကျန်လူတွေ အနေရကျဉ်းကြပ်သည်ကို သိသောကြောင့် ညစာစားပြီးတာနဲ့ ထွက်သွားမည်ဟု ဆုံးဖြတ်ထားသည်။ ဒီရိုးသားတဲ့ လူတွေ မပြောနဲ့၊ အထက်တန်းကျပါတယ်ဆိုတဲ့ ရှုမိသားစုက သခင်လေးတွေရဲ့ စုဝေးပွဲမှာလည်း သူရှိနေရင် ကျန်လူတွေက နေရထိုင်ရကျဉ်းကျပ်ကုန်စမြဲဖြစ်သည်။

ရှုနင်က သူ့အကြိုက်တွေချည်းဖြစ်လို့ ညစာကို အတော်လေး စားပစ်လိုက်သည်။ ရှုဟိန်က နင်နင် အစားလွန်ပြီး အဆာမကြေဖြစ် မည်စိုးသောကြောင့် စားပွဲအောက်မှ ပေါင်လေးကို အသာညစ်ကာ ထပ်မစားဖို့ အချက်ပြလိုက်သည်။


 သူ ဗိုက်ပြည့်နေရင် ရပ်လိုက်ဖို့ပြောလိုက်တယ်။

ရှုနင် ကတော့ သူ့အစ်ကိုကြီးက အရမ်းဆိုးနေတယ်လို့ ထင်သည်၊ သူ့ ဦး လေးက သူ့အတွက်  ဒီလောက် ကောင်းသောအစား အစာများကို ချက်ပြုတ်ပေးခဲ့သည်။ ဒါကြောင့် ကိုယ်က ပါးစပ်ထဲ အကုန်သွပ်ဖို့ကောင်းတယ် မဟုတ်လား....
 ~ \\ (≧▽≦) / ~

ပုံမှန်အားဖြင့်တော့ ရှုဟိန် က သူ့ကို ရပ်တန့်ခိုင်းမှာ မဟုတ်ဘူး၊ ရှုဟိန်က ဖုန်းကိုထုတ်ပြီး စာတစ်စောင်ပို့လိုက်တယ်။

ရှုဟိန် သည်အစာစားပြီးနောက် ဒီအိမ်ကနေ ထွက်ခွာလိုသောကြောင့် စာပို့လိုက်တာဟု ထင်ကာ ရှုနင်က  အံ့အားသင့်စွာ မတ်တပ်ရပ်ကာ ကြည့်လိုက်သည်။

 "အကိုကြီးက ကိုယ်ရံတော်များလာကြိုမှာကို စောင့်နေတာလား။ ဘာကြောင့်လဲ...။  ဘိုးဘွားပိုင်အိမ်ကြီးကို ပြန်သွားမလို့လား....  "

 ညဉ့်သန်းခေါင်ယံကြီး အိမ်ပြန်ချင်တာလား။ ဒါ ဟာသလုပ်နေတာလား။ ကျွန်တော်က ဦးလေးဆီကို အချိန်မရွေး လာတွေ့နိုင်တယ်လေ။ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဦးလေးဆီမှာ လဝက်တောင် လာနေခဲ့သေးတယ်။ အဓိက ကျွန်တော်က အကိုကြိးနဲ့ အတူနေချင်တာလေဗျာ။ အကိုကြီးက ကျွန်တော့်ကို အချိန်အကြာကြီး ထားရစ်ခဲ့ပြီး နိုင်ငံခြားမှာ စာသွားသင်နေ ခဲ့တာမဟုတ်ဘူးလား။ ဒါ တကယ်ကို လွန်တာပဲ...။

 
ရှုနင်သည်ထိုနေရာ၌မပျော်မရွှင်ဖြစ်လာခဲ့ပြီး သူ၏မျက်လုံးများ ထဲမှာ အပြစ်တင်ခြင်းနှင့် ၀ မ်းနည်းခြင်းတို့ဖြင့်ပြည့်နှက်နေသည်။

တစ်စုံတစ်ယောက်က အိမ်တံခါးကိုခေါက်လာတော့ ဦးလေးဖန်က တံခါးကို သွားဖွင့်တော့ ကိုယ်ရံတော်တစ်ယောက်က အိတ်တအိတ်ကို ကမ်းပေးကာပြောလိုက်သည်။  

"ဒါကဒုတိယသခင်လေးအတွက် အစာကြေဆေးပါ...   "

 ကြီးကြပ်ရေးမှူးက သူတို့ကိုကျေးဇူးတင်စကားပြောကာ လက်ခံခဲ့သည်။
 "ကျေးဇူးပါပဲ "

 "ဒါ ကျွန်တော်တို့ လုပ်သင့်တဲ့ အလုပ်ပါ "


ကိုယ်ရံတော်တွေက ပြန်ဖြေပြီး  ရှုဟိန် ဆီကိုကြည့်လိုက်သည်။

 " သခင်လေး ကား အဆင်သင့်ဖြစ်ပါပြီ "

ရှုနင်က ထရပ်ကာ ဦးလေးကို ပြောလိုက်သည်။


" ဦး လေး၊ အိမ်မှာ လူသုံးယောက် နေလို့ရပေမယ့်  အစ်ကို တစ်ယောက်တည်း ဟိုတယ်မှာတည်းနေမှာကို စိုးရိမ်မိတယ်၊ ဒါကြောင့် အကိုကြီးကို အဖော်လုပ်ပြီး ဟိုတယ်မှာပဲ သွားအိပ်လိုက်တော့မယ်။ နောက်တစ်ခါမှ ကျွန်တော် ပြန်လာလည် ဦး မယ်"

ရှုဟိန်သည် စကားမပြောနိုင်သော်လည်း သူ၏သူငယ်အိမ်များု ကျုံ့ကာ နင်နင်ကို အကဲခတ်လိုက်သည်။

သူ့ညီငယ်လေးက ဒေါသထွက်နေတာလား....

*********-*******

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now