အပိုင်း(၂၂)

Start from the beginning
                                    

အဖွားချောင်၊ အမေချောင် ပြီးတော့ ချောင်ယွမ်တို့က ချောင်လန့်အခန်းထဲကို ဝင်မယ်ဆိုရင် အခန်းတံခါးကို ဘယ်တော့မှ ခေါက်လေ့မရှိဘူး။ အခုက ဘယ်သူလဲဆိုတာ ချောင်လန်ခန့်မှန်းမိနေပြီ။ တံခါးဖွင့်လိုက်တော့ တံခါးခေါက်တဲ့လူက အကြီးဆုံးအစ်မချောင်ဆိုတာ သူမတွေ့လိုက်ရတယ်။

အမေချောင်က သမီး၃ယောက်မွေးထားတယ်။ အကြီးဆုံးသမီးက ဒီနှစ်ဆို ၂၃နှစ်ရှိပြီ။ သူမက လွန်ခဲ့တဲ့၂နှစ်ကျော်ကျော်လောက်က လက်ထပ်ခဲ့တာ။ သူမခင်ပွန်းက ချောင်မိသားစုရဲ့ စားသောက်ဆိုင်လေးကို ဟင်းချက်စရာပစ္စည်းတွေပို့ပေးနေတဲ့ ဟင်းသီးဟင်းရွက်ပိုင်ရှင်ရဲ့ သားဖြစ်တယ်။

အဖွားချောင်ရော အမေချောင်ရောက ဒီသမက်ကို အထင်သေးကြတယ်။ ဟင်းရွက်ဆိုင်က သူတို့စားသောက်ဆိုင်နဲ့ အခြေအနေက သိပ်မကွာလှဘူး။ ဒါပေမဲ့ အဲ့ဟင်းရွက်ဆိုင်က ချောင်မိသားစုဆိုင်ကိုပို့တာ ပိုဈေးသက်သာတယ်။ ဒါ့ကြောင့်လဲ အဖေချောင်နဲ့ အမေချောင်တို့က သူတို့ သမီးကြီးနဲ့ လက်ထပ်ပေးဖို့ သဘောတူခဲ့တာ။

ကံကောင်းတာက အဲ့ဇနီးမောင်နှံအတွဲက တော်တော်လေးချစ်ခင်ကြတဲ့ ဆက်ဆံရေးရှိကြတယ်။ အကြီးဆုံးအစ်မချောင်က မနှစ်က သမီးလေးမွေးခဲ့တယ်။ အဲ့ကထဲက သူမတစ်ကိုယ်လုံးက အရင်ကထက်ပိုပြီး ပိုကောင်းတဲ့လူဖြစ်လာခဲ့တယ်။

အကြီးဆုံးအစ်မချောင်က အပြင်က ဝင်လာပြီး အခန်းတံခါးကို ညင်ညင်သာသာလေးပိတ်လိုက်တယ်။ ပြီးတော့ပြုံးလိုက်ပြီး ချောင်လန်ရဲ့ အိပ်ယာပေါ်ထိုင်လိုက်တယ်။ စကားကို နူးနူးညံ့ညံ့လေးပြောတာကိုက ကျန်တဲ့ ချောင်မိသားစုဝင်တွေနဲ့ အရမ်းကွာတယ်။

အကြီးဆုံးအစ်မချောင်က ချောင်လန်ဘယ်လိုနေလဲလို့မေးတယ်။ ပြီးတော့ ဒီလချောင်လန့်ရဲ့ စာမေးပွဲအဆင့်အကြောင်းကိုပြောတယ်။ " ဒီတစ်ခေါက်ညီမလေးက တစ်တန်းလုံးမှာ အဆင့်၁ရတယ်လို့အစ်မကြားတယ်။ "

အခုအချိန်ထိတော့ ချောင်လန်က အကြီးဆုံးအစ်မချောင်အပေါ် အမြင်ကောင်းနေတော့ ခေါင်းညိမ့်ပြီးဖြေလိုက်တယ်။ " အင်း "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now