Chapter (71-2)_ မျှော်တော်ယောင် (Z+U)

Почніть із самого початку
                                    

ရှုချိန်သည် ပထမထပ်ရှိ ဧည့်ခန်းမတွင်ထိုင်နေသည်။ နောက်ဆုံးတွင် သူသည်အိမ်ထောင် ဦး စီး ဖြစ်၍ သူငယ်ချင်းများ၊ မိသားစုများနှင့်ဆက်ဆံရေးကိုတိုးတက်အောင်ပြုလုပ်ရန်လိုအပ်သည်။ နှစ်စဉ်နှစ်တိုင်း ဒီလိုပဲဖြစ်သည်။ ရှုဟိန်လည်း တက်ရောက်ပေမယ့် သူက လူတွေနဲ့ခပ်ကင်းကင်းနေတတ်ပြီး သူ့ဆီက ထုတ်လွှတ်သည့် အေးစက်စက် ကိုယ်ရှိန်ကိုယ်ဝါတွေကြောင့် ဆွေမျိုးထဲက အသက်ငယ်သူတွေက သူ့နားကို မကပ်ရဲကြပေ။

ရှုကျီဟွေ့က ဒုတိယထပ်ကို တက်ဖို့ကြိုးစားပေမယ့် အခွင့်ရေးမရပေ။ ကူယာ့က သူမသားနှစ်ယောက်ကို ခေါ်ပြီး ပြန်သွားခဲ့ပေမယ့် ရှုကျီဟွေ့က ဒီိအိမ်မှာ ၂ ရက်နေရစ်ခဲ့သည်။

ရှုဟိန်က အလုပ်များလွန်းလို့ ရှုနင်နားကိုပင် ကပ်ချိန်မရခဲ့ပေ။ မကြာခင် ရှုနင် ကျောင်းပြန်တက်ရတော့မည်ဖြစ်လို့ မြို့တော်ကို ပြန်ရတော့မည်။ သူ မပြန်ခင် ရှုယောင်းကို ဝင်ကြည့်သွားခဲ့သည်။ ရှုယောင်းက မျောက်ကလေးနှင့် မတူတော့ပဲ နူးညံ့ပျော့ပြောင်းသော အသွင်ပြင်ဖြစ်နေသည်။ အဖေနဲ့အဖိုးက ရှုယောင်းကို အရမ်းချစ်နေသည်။ ရှုနင်ရဲ့ နူတ်ခမ်းတွေက အထက်ကို ကော့ညွတ်သွားခဲ့သည်။ ဒီကလေးရဲ့သွင်ပြင်က သူတို့ကို စိတ်ချမ်းသာအောင်လုပ်လေလေ သူကြီးလာ လို့ စိတ်ပျက်စရာအမူကျင့်ကိုမြင်ရရင် စိတ်ပျက်လေလေဖြစ်မှာ သေချာသည်။ အားလုံးကို သူ စောင့်ကြည့်ရသေးတာပေါ့လေ။

မြို့တော်ကို မပြန်ခင် F City မှာ ရှိနေတဲ့ ဦးလေးချင်ယွိဖူကို သွားတွေ့ခဲ့သည်။ ချင်ယွိဖူက ဗီးလားကို ရောင်းချလိုက်ပြီဖြစ်လို့ ချင်ယွိလန်တို့မိသားစုကော ချင်ယွိဖူပါ နေစရာမရှိတော့ပေ။ ချင်ယွိလန်တို့က တနေရာရာကို ထွက်ခွာသွားကြသလို ချင်ယွိဖူက ဖိုမင်ရဲ့အိမ်မှာ ယာယီလိုက်နေခဲ့ရသည်။ ဖိုမင်နဲ့ သူ့တူက ရှုနင်ရဲ့မြေကွက်မှာ ဆောက်လုပ်ရေးကို ကြီးကြပ်ပေးနေပြီး ချင်ယွိဖူက လောလောဆည်မှာ ဆောက်လုပ်ရေးဆိုဒ်မှာ လုံခြုံရေးအစောင့်ရာထူးကိုပေးပေမယ့် မယူပဲ သူက ပစ္စည်းပို့တာကိုလုပ်နေသည်။

"ဦး လေး၊ ဘာလို့လုံခြုံရေးအစောင့်အဖြစ် မလုပ်တာလဲ "

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now