Chapter (71-1) _ ငါတို့နှစ်ယောက်ကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိဘူး (Z+U)

Start from the beginning
                                    

ရှုဟိန်ရဲ့ခံစားချက်တွေက နင်နင် ခံစားနေရတဲ့ စိတ်ပူပန်မှုကိုတွေးပြီး အမူယာတွေမှေးမှိန်နေပေမယ့် ရှုနင်က ဒါကိုလုံးလုံး သတိမထားမိပေ။ သူက အနမ်းခံလိုက်ရပြီးကတည်းက ခေါင်းကို ငုံ့ပြီးစဉ်းစားနေသည်။ ရှုဟိန်က အသက် 18 နှစ်အရွယ်ဆိုတော့ သူက ချိန်းတွေ့ဖို့လေ့ကျင့်နေတာလား။ သူက အဖြောင့်ဆိုတော့ နူတ်ခမ်းကို နမ်းတယ်ဆိုတာ ဘာဆိုလိုတယ်ဆိုတာ သိချင်မှသိမယ်။ ပြီးတော့ ဂေးလ်တစ်ယောက်ရဲ့ခံစားချက်ကို သူ ဘယ်နားလည်နိုင်ပါ့မလဲ။ အားလုံးပြီးပြည့်စုံပြီး ချောမောလွန်းတဲ့ နတ်ဘုရားကြီးရဲ့အပွေ့အဖက် အနမ်းကို ခံလိုက်ရချိန်မှာ အသက် 30 ရှိနေပြီဖြစ်တဲ့ သူ့ကိုတောင် မူးတူးဝေတေ ဖြစ်သွားစေသေးတယ်။ ဘယ်လိုလုပ်ရပါ့မလဲ။ သူတို့က အရင်ဘဝတုန်းက ညီအစ်ကို အနေနှင့်ဆက်ဆံခဲ့ကြသေးသည်။ အဲ့ဒီအချိန်တုန်းက သူ့အကိုကို ရှက်ရွံ့တယ်လို့ တခါမှ မခံစားမိဘူး။ အခုတော့ သူ ဘာကြောင့် အကိုကြီး မျက်နှာကို ကြည့်ဖို့ရှက်နေတာလဲ?

ခံစားချက်က ပိုပိုပြီးပြင်းထန်လာသည်။ ရှုနင်က သူ၏နှုတ်ခမ်းကိုကိုက်ကာ သတိလစ်မေ့မျောသွားခဲ့သည်။ သတိမလစ်ခင်မှာ ရှုနင်က သူ့နှုတ်ခမ်းကိုလျက်ပြီး အစ်ကိုကြီးက အရသာရှိတယ်ဟု တွေးနေခဲ့သေးသည်။

နံနက်စာစားချိန်တွင်သူ့အတွက် ဆန်ပြုတ်နဲ့ ဥတွေ စီစဉ်ထားသည်။ နွေရာသီအပန်းဖြေအိမ်တော်မှာ ဟင်းသီးဟင်းရွက်ဆားရည်စိမ်တွေမရှိပေမယ့် ရှုဟိန်က ဒရိုင်ဘာကိုလွှတ်ပြီး လတ်ဆတ်သည်ကို ဝယ်ခိုင်းခဲ့သည်။ အသီးအရွက်သနပ်တွေက လတ်ဆတ်ကာ အရသာရှိလှပြီး စားချင်စိတ်ကို တိုးလာစေသည်။ ရှုဟိန်က ထမင်းစားရတာပိုကြိုက်သည်။ ထမင်းကြိုက်သော ရှုကောင်းက သူ့ကို ပျိုးထောင်ခဲ့တာဖြစ်လို့ အခြား မုန့်ပဲသရေစာတွေကို စားလေ့မရှိပေ။ ရှုနင်ကတော့ ထမင်းသိပ်မကြိုက်ပေ။ အမြဲတမ်း သူ့ပါးစပ်ထဲမှာ မုန့်တခုမဟုတ် တခုရှိနေတတ်သည်။ အခု ဆန်ပြုတ်ပန်းကန်ကို မော့သောက်ပြီး ကြက်တောင်ပံကို ပျော်ရွှင်စွာ ကိုက်နေသည်။

တကယ်လို့ ရှုနင်က ရှုဟိန် ရဲ့ခေါင်းထဲက အတွေးတွေကိုသာသိရင် မျက်ရည်ကျလာမှာသေချာသည်။ မင်း အိပ်မက်ထဲမှာ ဘာတွေကို မက်တယ်ဆိုတာ အခု မင်းမျက်လုံးတွေထဲမှာ အထင်းသားပေါ်နေတယ်လေ။ →-→

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now