အပိုင်း(၁၇)

Start from the beginning
                                    

ချောင်လုက ဒီတစ်ခေါက် အကောင်းဆုံးလုပ်ခဲ့တယ်။ သူမဒီတစ်ကြိမ်မှာ တိုးတက်လာပြီး၃ဆင့်တောင်တက်သွားကာ အတန်းထဲမှာ အဆင့်၇ရခဲ့တယ်။

အဆင့်က မြင့်လေမြင့်လေ အဆင့်တက်ဖို့ရာခက်လေပဲ။ ဒါ့ကြောင့် ချောင်လုက သူမရဲ့ဒီအဆင့်ကို ကျေနပ်နေတယ်။ ပြီးတော့ သူမ ဒီတစ်ခေါက်အဆင့်တက်ခဲ့ရင် သူမအမေက သူမကို လက်ကိုင်ဖုန်းဝယ်ပေးမယ်လို့
သဘောတူထားခဲ့တာလေ။

ချောင်လုက သူမအမေကို သူမအဆင့်ကိုအမြန်ပြေးပြီး ပြောဖို့ရာ မစောင့်နိုင်တော့ဘူး။

သူမဘေးက ကောင်မလေးတွေနဲ့ စကားပြောပြီးမှသာ သူမ ချောင်လန်ကို သတိရသွားတာဖြစ်တယ်။

ချောင်လန်က အဆင့်ဘယ်လောက်ရလဲတော့ သူမမသိဘူး။ ဖြစ်နိုင်တာက သူမက အတန်းရဲ့ဘိတ်ဆုံးမှာပဲနေမှာပေါ့။

သူမ ကျောင်းရဲ့ page ထဲကို ဝင်လိုက်ပြီး အခန်း(၁၃)ရဲ့ အမှတ်စာရင်းကိုရှာလိုက်တယ်။ ပြီးတော့ အောက်ဆုံးနားကိုပဲ တိုက်ရိုက်သွားလိုက်တယ်။ သူမ အောက်ဆုံးကနေ ထိပ်ဆုံးကို ကြည့်တယ်။ ဒါပေမဲ့ဘသူမချောင်လန်ရဲ့နာမည်ကို ဘယ်နေရာမှာမှရှာမတွေ့ခဲ့ဘူး။

ချောင်လန်က စာမေးပွဲမဖြေခဲ့တာများလား?

မဟုတ်သေးပါဘူး။ တစ်ကယ်လို့ စာမေးပွဲမဖြေဘူးဆိုရင်လဲ သူတို့က အဆင့်စာရင်းထဲမှာတော့ ပါနေဦးမှာပဲလေ။ အခန်း(၁၃)ထဲက wheelchair နဲ့ကောင်လေးလိုပေါ့။ သူက နောက်ဆုံးပဲလေ။ သူက ဘာသာရပ်တိုင်းမှာ သုညပဲရတာလေ။

ချောင်လု မျက်မှောင်ကျုံ့လိုက်တယ်။ သူမ ထိပ်ဆုံး၂၀စာရင်းကို ကြည့်တော့မယ့်အချိန်မှာပဲ သူမဘေးက သူငယ်ချင်းတွေကဘအကျယ်ကြီး သက်ပြင်းချလိုက်ကြတာကို ကြားလိုက်ရတယ်။ " ဘုရားရေ ဘယ်လိုတောင်လား ချန်ယောင်းရန်က အမှတ်၃၀ နီးပါးတောင် အကျောခံရတာဆိုပဲ။ ငါတို့ လူသားတွေတော့ မယှဥ်နိုင်တော့ပါဘူးဟာ။"

" အဲ့တာအခန်း(၁၃) ကပဲနဲ့တူတယ်။ အဲ့အခန်းကတော့တစ်ကယ့်ကိုမိုက်တာပဲနော်။ "

ချောင်လုလန့်သွားတယ်။

တစ်ယောက်ယောက်က ချန်ယောင်းရန်ကို အမှတ်၃၀နီးပါးနဲ့အနိုင်ယူခဲ့တာ???

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now