Chapter (66)_ဦးလေးဆီက အရှုပ်ထုပ်ကို ရှင်းပေးရခြင်း (Z+U)

Start from the beginning
                                    

"......"

ချင်ယွိဖူက ဆက်ပြောလိုက်သည်။

" မြို့ပေါ်က မိန်းကလေးက ငါ့လိုလူကို အိမ်တစ်လုံးတောင်မပိုင်ပဲ ဘယ်လက်ထပ်ပါ့မလဲ။ ဒါကို ငါသိပါတယ်။ ဒါပေမယ့် အဲ့ဒီမိန်းကလေးကို ငါ တကယ့်ကို နှစ်သက်ပြီး လက်ထပ်ချင်တာပါ...။ အခု ငါ့အစ်မ မိသားစုက အခက်တွေ့ပြီး လာနေချိန်မှာ ငါက ဒီအိမ်ကို ရောင်းပါတော့မယ်ဆိုတာ ဘယ်လိုမှ ပြောမထွက်နိုင်ဘူးဖြစ်နေတယ်။ "

ရှုနင်က သူ မြို့တော်မှာ မြေကွက်လပ်တစ်ခုကို ဝယ်ထားပြီးဖြစ်လို့ အဆောက်ဦးဆောက်မည့်အကြောင်း ပြောလိုက်ချိန်မှာ ချင်ယွိဖူက အရမ်းကို တုန်လှုပ်သွားခဲ့သည်။ သူ့ တတိယ ယောက်ဖက အိမ်ခြံမြေဘုရင်ဖြစ်လို့ ဝယ်ခြမ်းတာ မအံ့သြပေမယ့် သူ့တူလေးက ကလေးတစ်ယောက်တန်မယ့် မြေကွက်ကြီးကို ဝယ်ပြီး ဆောက်လုပ်ရေးလုပ်မယ်ကြားတော့ တုန်လှုပ်သွားပြီး ဖိုမင်ဆီကို ချက်ချင်းဖုန်းဆက်လိုက်သည်။ ရှုနင်လည်း သူ့ဦးလေးနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သွားကာ ဖိုမင်နဲ့တွေ့ပြီး နေ့လည်စာ အတူစားလျက် အလုပ်အကြောင်းတိုင်ပင်ကြဖို့ ချိန်းလိုက်သည်။

နေ့လည်စာစားချိန်မရောက်သေးသောကြောင့် ရှုနင်က သူ့ဦးလေး အခန်းထဲ ဝင်ကြည့်လိုက်တော့ ထိုအိပ်ခန်းကျယ်ကြီးကို ချင်ယွိလန်က အပိုင်စီးထားပြီး သူတို့လင်မယားပုံကြီးကိုတောင် ချိတ်ထားလိုက်သည်။ ချင်ယွိကျိုးက သူ့ဆီပို့လိုက်သည့် အသံဖမ်းစက်ကြောင့် အခက်ကြုံနေရပြီ။ ဒါကြောင့် ချင်ယွိလန်ကို အိမ်ဝယ်ပေးနိုင်မည် မဟုတ်တော့ပေ။ ချင်ယွိလန်အတွက် နောက်ဆုံး ဂုတ်သွေးစုပ်စရာက ချင်ယွိဖူ သာကျန်တော့သည်။ ဒီအတိုင်းဆိုလျှင် သူမက ချင်ယွိဖူရဲ့ အသွေးအသားခန်းခြောက်အောင် ငွေညစ်တော့မည်။ ချင်ယွိဖူက လက်ထပ်တော့မည်ဆိုတော့ ဒီအိမ်ကိုရောင်းပြီး အခြားကို ပြောင်းလိုက်တာ ပိုကောင်းမည်။ ချင်ယွိလန်တို့ ကို အမြန်ဆုံး ခွာချနိုင်ဖို့ သူ လုပ်ပေးရမည်ဖြစ်သည်။

အိမ်အောက်ထပ်မှာ အသံကြားလိုက်ရသောကြောင့် ဆရာထျန်းရဲ့မိဘတွေပြန်လာပြီဆိုတာ သိလိုက်ရသဖြင့် ရှုနင် အိမ်အောက်ကို ဆင်းလာခဲ့သည်။ အိမ်အောက်တွင် အဖိုးအို အဖွားအို လင်မယားက ဝတ်စုံနက်ဝတ်ကာ မျက်နှာသေဖြင့် ရပ်နေသော ကိုယ်ရံတော်ကို တွေ့တော့ ရင်ထဲ စိုးထိတ်သွားခဲ့သည်။ ချင်ယွိလန်၏သမီးငယ်က အစက ကိုယ်ရံတော်များကိုကြောက်လို့ အသံမထွက်ရဲပေမယ့် လူကြီးတွေ ရောက်လာပြီဖြစ်လို့ အသံကျယ်ကျယ်ပြီး အော်ဟစ်ကာ ဒီလူဆိုးတွေက သူမကို အနိုင်ကျင့်ပါတယ်ဟု အဖိုးအဖွားများကို တိုင်နေသည်။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now