အပိုင်း(၁၂)

Start from the beginning
                                    

သူမ မျက်လုံးကို ပင့်လိုက်ပြီး ချင်းယန်ကို ကြည့်လိုက်တယ်။ " ငါက ဘယ်သူ့အတွက်ဝယ်ဝယ် နင်နဲ့ဘာဆိုင်လို့လဲ။ " နင့်ရဲ့မိသားစုက ချောင်လန့်ရဲ့မိသားစုထက်ပိုဆင်းရဲနေလို့လား။ Lollipopလေးတစ်ခုတောင် ဝယ်မစားနိုင်ဘဲ သူများဆီကနေ့တိုင်းတောင်းနေရသလား။

သူမ နောက်ထပ်ပြောချင်တဲ့စကားတွေကို ထပ်မပြောချင်တော့လို့ သူ့ကို ကျော်သွားပြီး သူမထိုင်ခုံကို ပြန်သွားလိုက်တယ်။ လီဖန်နဲ့ တစ်ခြားလူတွေက ချင်းယန်က သူ့ရဲ့ စိတ်နဲ့သာဆို ချောင်လန့်ကို တစ်ခုခုလုပ်မိမှာစိုးနေတယ်။ စဥ်းစားကြည့်ရုံနဲ့တင် အရမ်းကြောက်ဖို့ကောင်းနေပြီ။

ဒါ့ကြောင့် တစ်ချို့က ချင်းယန်ကို စာသင်ခန်းထဲကနေဆွဲထုတ်သွားပြီး စိတ်လျှော့ထားဖို့ပြောနေတယ်။ အတန်းထဲကနေ ဆွဲထုတ်သွားခံရတဲ့ ချင်းယန်ကတော့ ချောင်လန့်ကို နောက်ပြန်လှည့်ကြည့်လိုက်တယ်။

သူ ချောင်လန့်ကို တစ်ကယ်ကြီးတစ်ခုခု မလုပ်ချင်ပါဘူး။

သူရူးသွားပြီနေမှာ။ ဘာလို့လဲဆိုတော့ ခုနက ချောင်လန်သူ့ကို ကြည့်လိုက်တဲ့အချိန်မှာ သူမမျက်လုံးတွေက အရမ်းလှတယ်လို့ သူတစ်ကယ်ကြီးတွေးနေမိတာလေ။

သူမရဲ့ မျက်လုံးတွေက မည်းနက်နေတာပဲ။မျက်လုံးက အဆုံးသတ်နားမှာ အပေါ်ကို နည်းနည်းလေးကော့တက်သွားတာကို သူ မဖော်ပြတက်ပေမဲ့ အဲ့ဒါတွေက အရမ်းလှနေတယ်။

ဒီနေ့ချောင်လန်ရဲ့ အပြုအမူက အတန်းထဲက လူတိုင်းကို ကြောက်သွားစေတာလား ဒါမှမဟုတ်ရင် ချင်းယန်ရဲ့စိတ်တိုနေတဲ့ အမူအရာကြောင့်လားမသိဘူး အားလုံးက အဲ့တာကို ပြောတဲ့အချိန်မှာ နဲနဲလန့်နေကြတယ်။ ကျန်တဲ့ရက်တစ်ပတ်လုံးမှာ ချောင်လန့်ကို အရင်တုန်းက လှောင်ခဲ့ဖူးကြတဲ့ ကောင်မလေးတွေက သူမအကြောင်းကို ဘာမှမပြောတော့ဘူး။ အဲ့အစားသူတို့အားလုံး နှစ်ဝက်စာမေးပွဲကိုပဲ အာရုံစိုက်ထားကြတယ်။

ဒီနေ့ကသောကြာနေ့ဖြစ်တယ်။ သူတို့စာမေးပွဲက ဒီပိတ်ရက်ကုန်လို့ကျောင်းပြန်တက်ရတဲ့နေ့မှာစမှာဖြစ်တယ်။ စာမေးပွဲအပြင် အားလုံးကိုစိတ်လှုပ်ရှားစေတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုရှိသေးတယ်။ အဲ့တာကတော့ ထိုင်ခုံနေရာပြောင်းတာလေ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now