အထင်မှားနေလိုက်

Start from the beginning
                                    

"အာ....နာတယ်..လွှတ်''

"မ....ထပ်မေးမယ်...ခုမှပြန်လာရအောင် မတို့ဘာလုပ်နေတာလဲ ''

ဘာတွေပြောပြောခံနိုင်ပေမဲ့ ခုလိုစကားကြားတော့ ရွဲဲ့ပစ်ချင်တယ်...ဘာလို့မယုံရတာလဲ... ဒီစကားကို ကလေးအမြဲမေးတတ်တယ်..ငါလေးက အဲ့လို တွေ့တဲ့သူနဲ့ အိပ်နေတဲ့ပုံပေါက်​နေလို့လား

"နင်က ဘယ်လိုဖြေစေချင်တာလဲ...''

"မ.....''

"ဘယ်လိုအဖြေမျိုးကိုလိုချင်တာလဲ...''

အော်လိုက်တော့ ကလေးက လန့်သွားပေမဲ့ လူကိုဖက်လိုက်ပြီး

"မ ကိုချစ်လို့ စိုးရိမ်မိသွားတာပါ...မ ကိုယုံပါတယ် ဒါပေမဲ့ မ ကျွန်တော်အနားက ထွက်သွားမှာကိုလဲကြောက်တာ..''

ကလေးက သူ့ကိုစိတ်ဆိုးမှန်းသိတော့ လူကိုဖက်ပြီး ငို​ပြန်တယ်...ဘာလို့ငိုရတာလဲ...ကလေးကအရမ်းကိုစိတ်ပျော့တယ် မဟုတ်​သေးဘူး...မ​​ပြတ်သားတာ ဘယ်သူ့ကိုသူရွေးမလဲ...သူသေချာတွေးသင့်ပြီလေ

"ဒါဆို ငါတို့ချစ်သူတွေဆိုတာ လူတိုင်းကိုအသိပေးလိုက်...''

ဖက်ထားရာကနေလူကိုလာကြည့်ပြီး

"မ...''

"ဟူး...နင်သာငါ့ကိုချစ်တယ် လက်မလွှတ်နိုင်ဘူးဆို...ငါ့လက်ကိုဆုပ်ကိုင်ထားလေ...ငါဟာနင့်အပိုင်းဆိုတာကို...လူတိုင်းကို အသိပေးလိုက်ပေါ့...''

ကလေးက နောက်နေတာလားဆိုတဲ့ပုံစံနဲ့ ကြည့်​နေရင်း တကယ်ပြောတာလဲသိရော...ဖက်ထားရာကနေ လွှတ်လိုက်ပြီး

"ခု မ သွေးပူနေလို့ပါ...နားလိုက် မနက်ကျမှဆက်ပြောတာပေါ့ ''

ကလေးက တစ်ခုခုကိုတွေးနေသလိုနဲ့ တံခါးနားကို သွား​နေ​ပြီ...ဘာကိုစိတ်မပြတ်သားနိုင်ရတာလဲ ငါလေးကိုချစ်တယ်ဆို...

"ငါ အတည်ပြောနေတာခန့်ထည်ဝါ..''

ပြောတော့... ကျောပေးပြီး တံခါးနားသွားနေတဲ့ ကလေးရဲ့ ခြေလှမ်းတွေက ရပ်သွားတယ် ဒါပေမဲ့ ဘာစကားသံမှမကြားလာရသေး

"နင်ဆုံးဖြတ်... ငါနဲ့အဲလစ် တစ်ယောက်ယောက်ကိုရွေး...ငါကတော့ ဒီလို လူမသိသူမသိတွဲနေရတာကို စိတ်ကုန်နေပြီ..''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now