ဘယ်သူ့ ကောင်လေးလဲ

Start from the beginning
                                    

လှည့်ပြီး ပြောလာတဲ့ ဂျက်ဆင်မျက်လုံးတွေမှာ မျက်ရည်စတွေလား...

"ရား...ငိုနေတာလား...''

တကယ်စိတ်မကောင်းဘူး...ခုလိုမြင်ရတော့ နောက်​ပြီး...လိုက်မပို့ပေးနိုင်တာကိုရော..အနားသွားပြီး ဂျက်ဆင်မျက်ရည်တွေကိုသုတ်​ပေးဖို့လက်ရွယ်နေတုန်း...

"ဟင့်အင်း ကိုယ်ငိုချင်တယ်..မေမေဆုံးပြီးကတည်းက မငိုနိုင်ခဲ့တာမို့...ကိုယ်ငိုချင်တယ်ကွာ...မေမေပြီးရင် ကိုယ်အချစ်ရဆုံးက ချီကို မလို့...ငိုပါရစေ... ''

မျက်ရည်သုတ်ပေးမဲ့လက်ကို လှမ်းဆွဲပြီး ငိုနေတဲ့ဂျက်ဆင်ကိုမြင်တော့ ပိုစိတ်မကောင်းဖြစ်မိတယ်

"ငါ့ကိုအဲ့လောက်တောင် ခင်တာလား..''

"ဟင့်အင်း...အဲ့ထက်အများကြီးပိုတယ်..''

အာ...သူက ငါ့ကိုအမလိုပါ သံယောဇဥ်ဖြစ်နေတာကို...ဟုတ်ပါ့ သူ့အမက သူ့ကိုပစ်ထားတာဆို​​တော့ သူကငါ့ကို အမတစ်ယောက်လိုပါ သဘောထားနေပြီ...(တကယ် အတုံးဆုံးဆုပေးသင့်တယ် တို့အချီ...ကို)

"လာပါအုံး...ငါတို့ကောင်လေး မငိုနဲ့တော့... တိတ်တိတ် ဒီက မမချီက ဖက်ပေးထါးမယ်..''

အရပ်သိပ်မကွာတာ​​ကြောင့် ဂျက်ဆင်က အနားကိုတိုးပေးတော့ ဖက်လိုက်ပြီး ကျောကိုပုတ်ပေး​နေတော့...ငါလေးပခုံးကို မျက်နှာအပ်ပြီး ငိုပါလေရော..

ခါးကိုဖက်ထားတာကလဲ... ဘယ်ဘဝက အငြိုးကြောင့်လဲမသိ... အသက်တောင်မရှူနိုင်ဘူး..ဒါပေမဲ့ ဂျက်ဆင်ငိုတယ်...ပခုံးပေါ်မှာတောင် မျက်ရည်တွေနဲ့စိုရွှဲနေတဲ့အထိ

"ဟူးး...ကိုယ်ပြန်တော့မယ်...''

တော်သေးတာပေါ့...နာရီဝက်လောက် မတ်တပ်ရပ်ထားရပြီး သူ့ကိုယ်ကြီးကိုပါ ထိန်းထားရတာ ခုဆိုပေါင်တွေတောင် တောင့်နေပြီး ပခုံးလဲကိုက်လာတယ်...

"ငိုလို့ဝပြီလား..''

"အင်း...မငိုရတာတောင်ကြာတော့.. ချီ ကျေးဇူး...ကိုယ် စိတ်ဖြောင့်ဖြောင့်နဲ့သွားနိုင်တော့မယ် ''

"အင်း...တကယ်လိုက်မပို့ရဘူးလား..''

ကားမောင်တဲ့နေရာဆီသွား​နေတဲ့ဂျက်ဆင်ကို လှမ်းမေးတော့...ဂျက်ဆင်က ရယ်ပြပြီး

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now