[နတ်ဘုရားကအရမ်းချောတာဘဲ!!!]

[နတ်ဘုရားရေ!!!မင်းကအရမ်းမိုက်တယ်!!!]

[Screenshot!Screenshot!!!]

[ငါဘာလို့Queenဖြစ်လို့မရတာလဲ!!*SOBS*]

[အပေါ်ကတစ်ယောက်! အိမ်မက်ဘဲမက်နေလိုက်! Queenကမင်းထက်အများကြီးလှတယ်]

[အပေါ်ကတစ်ယောက်+1 သူပြောတာမှန်တယ်!]

[နတ်ဘုရားကိုကြည့်ရတာအရသာရှိမယ့်ပုံကြီး!!]

[အပေါ်ကတစ်ယောက်!မှန်တယ်! ငါ့ရဲ့screenကိုလျက်ခွင့်‌ပြုပါ!]

အင်တာနက်အသုံးပြုသူတိုင်းက နတ်ဘုရားရဲ့နူးညံ့တဲ့အခြမ်းကို ကြည့်ရှုနေရင်းနဲ့ဘဲ သူတို့ရဲ့စဉ်းစားနိုင်စွမ်းတွေက ကင်းလွတ်နေလျက်ရှိနေကြသည်။ သူကဘယ်အချိန်မှာဘဲဖြစ်ဖြစ် သူ့ရဲ့အေးစက်စက်နဲ့လျစ်လျူရှုတတ်တဲ့အကျင့်ကြောင့် လူတိုင်းကအဲ့တာကသူ့ရဲ့ပင်ကိုယ်စရိုက်လို့ တွေးထင်ထားတာဖြစ်သည်။ ဒါပေမယ့် ဒါကြီးက!! သူ့ရဲ့ခန့်ညားတဲ့ရုပ်ရည်ကို ပစ်မှားခွင့်ပြုပါ!!!

Hostကတော့သူမကိုယ်သူမနဲ့ သူမရဲ့ဇာတ်လိုက်ကြီးကိုစိတ်ကျေနပ်လို့နေသည်။ သူမရဲ့systemကကြည့်ရှုသူဦးရေကိုစစ်ကြည့်လို့နေသည်။

'အဲ့တာက၁.၅ဘီလီယမ်ကြည့်ရှုသူရှိတယ်!! ဒီဇာတ်လိုက်ကအဆင့်တော်တော်မြင့်တာဘဲ!!' ဒါ့အပြင်သူမကသူမရဲ့အမွှေးဖြူဖြူလေးကို အသုံးချဖို့လည်းစဉ်းစားသေးသည်။ သူမရဲ့ခန္ဓာကိုယ်ကိုဆန့်လိုက်ပြီး ဇာတ်လိုက်နဲ့မျက်နှာချင်းဆိုင်နေတဲ့အချိန်မှာဘဲ ကွန်ပျူတာmouseကို သူ့ဆီကိုတွန်းပို့လိုက်သည်။ hostကကင်မရာဆီကိုလာနေပြီး အသံလေးတစ်ခုမထွက်ခင်အချိန်ထိ သူကစိတ်ရှုပ်ထွေးလျက်ရှိနေတာဖြစ်သည်။ ဇာတ်လိုက်က ကင်မရာကိုစိုက်ကြည့်လိုက်တဲ့အချိန်မှာဘဲ လူတိုင်းကသူတို့စိတ်ထဲမှာ ပေါက်ကွဲမှုတွေဖြစ်ကုန်ပြီး ဗလာကျင်းသွားကာ သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ပန်းပွင့်တွေပွင့်လာသလိုဖြစ်သွားကြသည်။

ဇာတ်လိုက်ကသူ့ကွန်ပျူတာမှာ တိုက်ရိုက်ထုတ်လွှင့်နေတာကို‌ တွေ့လိုက်ရသည်။ သူ့ရဲ့နဖူးကြောကလည်းမြင့်တက်သွားသည်။ ဒါကဘယ်လိုဖြစ်သွားတာလဲဆိုတာကို သူ့ကိုသူပြန်မေးနေပြီး သူ့ရဲ့ကြောင်လေးကသူ့ရဲ့အာရုံကိုမရခင်မှာဘဲ သူမကကင်မရာရှေ့မှာဘဲရှိနေတာကို တွေ့လိုက်ရသည်။ သူကကင်မရာကိုပြန့်ကြည့်လိုက်တဲ့အချိန်မှာ သူမရဲ့ချစ်စရာကောင်းမျက်နှာလေးတွေကို တွေ့လိုက်ရသည်။ ပြီးတော့ကြည့်ရှုသူတွေနဲ့သူတို့ရဲ့မှက်ချက် အများကြီးကိုတွေ့လိုက်ရသည်။

PET SYSTEM: BE THE FAMOUS PET OF ALL(Myanmar Translation)Where stories live. Discover now