အပိုင်း(၆)

Start from the beginning
                                    

ချန်ယောင်းရန်က အရင်လပတ်စာမေးပွဲတုန်းက ဒီနှစ်အထက်တန်း တစ်ခုလုံးရဲ့ အဆင့်၁ရခဲ့တာ။ တစ်ကယ်လို့သာ ဘာaccident မှမဖြစ်ဖူးဆိုရင် သူက နှစ်ဝက်စာမေးပွဲကျရင်လဲ အဆင့်၁ပဲရဦးမှာလေ။

အရင်လတုန်းက သူမက အတန်းထဲမှာ အဆင့်၅ ရခဲ့တာလေ။

အခုတလောလဲ သူမက စာကို အသေအလဲကို ကြိုးစားလေ့လာနေတယ်။ နေ့တိုင်းမနက်၁နာရီအထိ စာကြည့်တယ်။ ချန်ယောင်းရန်နဲ့ နည်းနည်းလေးနီးစပ်ခွင့်လေးရဖို့အတွက် သူမက နှစ်ဝက်စာမေးပွဲ အတွက်ကို စိတ်အားထက်သန်စွာနဲ့ စာအရမ်းကြိုးစားနေခဲ့တာ။ နည်းနည်းလေးပဲ ဖြစ်ဖြစ် အဆင့်တက်လာအောင်လို့ပေါ့။ ဒါပေမဲ့ အရင်တုန်းက ဒုတိယရတဲ့ စုန့်ယောင်က သူမထက် အင်္ဂလိပ်စာပိုတော်နေတယ်။ သူမ စုန့်ယောင်ကို ကျော်နိုင်ပါ့မလားတော့မသေချာဘူး။ ဒါပေမဲ့ ဒုတိယနေရာမရလဲကိစ္စတော့မရှိပါဘူး။ တတိယ စတုတ္ထ ဆိုလဲ ရပါတယ်။ ဘာလို့လဲဆိုတော့ တတိယနဲ့ စတုတ္ထနေရာဆိုရင် ပထမနဲ့ ဒုတိယရဲ့ ခုံနောက် မှာ ထိုင်ရမှာမလို့
လေ။

အရှေ့ခုံနံ့ အနောက်ခုံကြားထဲက အကွာအဝေးက အရမ်းနီးကပ်တယ်လေ။

စုန့်ယောင်ကလဲ ချန်ယောင်းရန်ကို ကြိုက်နေတာမှန်းသူမသိပါတယ်။ ဒါပေမဲ့ သူတို့၂ယောက်က မတွဲဖြစ်ကြသေးဘူးလေ။ ဟုတ်တယ်မလား။ တစ်ကယ်လို့ သူမက ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ချန်ယောင်းရန်နဲ့နီးစပ်သွားမယ်ဆိုရင်တောင် လူတွေက သူမက ဒီအတိုင်းပဲ စာအရမ်းကြိုးစားတာပါပဲလို့ပဲ ပြောကြမှာလေ။ တစ်ကယ်လို့ သူမက ချန်ယောင်းရန်ကို ကြိုက်နေတယ်ဆိုတာ ပေါ်သွားလဲ သူမက ကိုယ့်ရဲ့ အဆင့်ကို မှီခိုပြီးတော့ပဲ အဲ့နေရာမှာ ထိုင်ရအောင်လုပ်ခဲ့တာဆိုတော့ သူများတွေကလဲ ဘာမှမပြောနိုင်လောက်ပါဘူး။

လူတွေက ချောင်လန့်ကို မုန်းနေကြတာက ချောင်လန်က ချန်ယောင်းရန်ကို ကြိုက်နေလို့ မဟုတ်ဘူး။ ချောင်လန်က ချန်ယောင်းရန်ကို ကြိုက်ဖို့ မထိုက်တန်လို့ လေ။

အဲ့လိုတွေးလိုက်တော့ tablemate ကလဲ ချက်ချင်းကိုပဲ စိတ်သက်သာရာရသွားတော့တယ်။ သူမ ချောင်လန်ကို လှည့်ကြည့်လိုက်တော့ ချောင်လန်ရဲ့ မျက်လုံးတွေက ဖတ်စာအုပ်ပေါ်မှာပဲ ရှိနေတာကို တွေ့လိုက်ရတယ်။ သူမလဲ ချောင်လန့်ကို စကားပြောရမှာ ပျင်းသွားပြီး ဒီအတိုင်းပဲ ပြန်လှည့်သွားလိုက်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now