ကံမကောင်းလောက်ဘူး

Start from the beginning
                                    

"ရိုင်းလိုက်တာ မင်းက သိပ်ဆရာလုပ်တာပဲ ကိုယ့်အဆင့်လဲသိအုံး..''

လူကိုအထင်သေးသလိုပြောလာတဲ့ အဲလစ်ကို သေချာပြန်ကြည့်လိုက်ပြီး

"ပြောပြလေ...လူတစ်ယောက်ရဲ့အဆင့်ကို ဘယ်လို တိုင်းတာလဲ..''

"....''

"ပေတံနဲ့လား...ဘယ်လောက်ချမ်းသာတယ်...ဘယ်လောက်ရှာနိုင်တယ်...ဘယ်လို ဘယ်လိုဆိုတာမျိုးလား..''

"...''

"ခုကျ ဘာလို့ မပြောတာလဲ..''

"အဆင့်မတူလို့...မင်းနဲ့ပြိုင်ရန်ဖြစ်ရမဲ့ အစားမျိုးမဟုတ်ဘူးလေ..''

သူကတော့ နာမလားလို့ပြောပေမဲ့ ငါလေးက ချက်ကြောနဲ့ရှက်ကြောမှားဖြတ်ထားသလားမေးရအောင် ဘာမှကိုမခံစားရတာ...ရှက်ဖို့မပြောနဲ့ ရင်ထဲတောင်မထိဘူး

"ပြောရဲလား...ဦးသာမရှိရင် ရှင်ရော ခုလိုနေနိုင်မယ်လို့...ပြောရဲလား...တကယ်လို့များဆင်းရဲသွားရင် အစက ပြန်စရဲမယ်လို့....ဘာမှမကြိုးစားခဲ့ရဘူးလို့မပြောပါဘူး..''

"....''

"လူတစ်ယောက်ကို အဆင့်လိုက်သတ်မှတ်နေတဲ့သူက သူ့အဆင့်တော့ သူမေ့တတ်တယ်..''

"...''

"သူများအဆင့်ပဲ လိုက်ကြည့်နေတတ်တာမို့..''

ထိစမ်း စပ်စမ်း ငါလေးကိုများ...ခုမှ ရှူးရှူးရှဲရှဲနဲ့ လူကို သတ်​တော့မလိုတောင်ကြည့်လာပြီး သူမပုံစံက ခုကျငါးစိမ်းသည်လိုပါပဲလား...အင်းပေါ့လေ

ငယ်ငယ်ကတည်းက သူများကိုနှိမ်ပြီး အနိုင်ယူနေကျဆိုတော့ ရန်မပြောနဲ့ စကားနိုင်တောင်ဘယ်လုဖူးမလဲ...ငါလေးလို ကျောင်းမှာရော ရန်​​ဖြစ်...fbမှာပါ warဖြစ်ဖူးတဲ့လူနဲ့တွေ့တော့ ဘယ်နိုင်မတုန်း

"အို...ခုဒေါသထွက်တာတောင် မထိန်းနိုင်​တော့ဘူးလား...အရမ်းသိသာတယ်...ရှင့်အဆင့်ကရော ''

"နင်...နင်ကဘဝမေ့နေတဲ့ဘဝင်မြင့်မပဲ...ဆရာကြီးလိုလို ဘာလိုလိုနဲ့ နင့်ဘဝကိုနင်ပြန်မှတ်မိအောင် လုပ်ရတာပေါ့..''

ဒီတစ်ခါတော့... တကယ် ရေခွက်ကို ကိုင်ပြီးပက်တော့မယ်...ကလေးကိုအားကိုးပြီး ​ကြည့်ပေမဲ့ ကလေးက လက်သီးကိုသာဆုပ်ထားပြီး ​ကြည့်နေရုံပဲတတ်နိုင်ပုံရတယ်... ကိုယ့်ကိုတောင်မကြည့်..

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now