ကံမကောင်းလောက်ဘူး

Start from the beginning
                                    

".....''

"နောက်ပိုင်း...အဲ့ကလေးတွေ ဘာလို့သူများကိုအနိုင်ကျင့်လဲဆိုတာသိလာရတယ်...သူတို့ကိုသူများအန်ိုင်မကျင့်အောင်လို့..''

"...''

"ချီမေးမယ်...ဂျက်ဆင်ကို သူ့အမက ကျောင်းတုန်းကရော ဂရုစိုက်ခဲ့လား..သူ့အတန်းကိုတောင် သွားဖူးရဲ့လား..သူဘယ်သူနဲ့ပေါင်းလဲဆိုတာ​ရောသိလား..''

ဂျက်ဆင်အမကို သေချာကြည့်ပြောတော့...မဲ့ပြုံးလာပြုံးပြရင်း

"မင်းတို့က တစ်ခုခုပဲ...ဂျက်ဆင်က မိသားစုကိစ္စတောင် ပြောပြတယ်ဆိုတော့..''

ချစ်နဲ့ ဂျက်ဆင်အဖေက ငါ​လေးကိုလှမ်းကြည့်ပေမဲ့ ကလေးကတော့ ဒေါသထွက်နေတာကို မနည်းထိန်းပုံနဲ့ လူကိုကြည့်လာတယ်...ဂျက်ဆင်ကတော့

"ချီကို ငါ့မိသားစုအကြောင်း အပေါ်ယံပဲပြောဖူးတာ...ခုလိုကိစ္စတွေကိုပြောပြရအောင် ငါကကလေးလား..''

"ဟား.... လူအကဲခတ်ပညာလို့ခေါ်တယ်...လူတစ်​ယောက်က သူ့အကြောင်းကိုပြောပြမှ သိစရာလိုတာမဟုတ်ဘူး...သူ့ပုံစံအပြောနဲ့ လုပ်ပုံကိုင်ပုံကြည့်ရင် သိသာတယ်လေ..''

"သမီးချီက ဘာမှမသိဘဲတောင် ဦးတို့မိသားစုအကြောင်းသိသလိုပြောနိုင်တာပဲ..''

"ချီဖေဖေကိုကျေးဇူးတင်ရမယ်...အားရင် စာဖတ်ခိုင်းသလို လူတစ်ယောက် သွင်ပြင်ကို ဖတ်နည်းတို့ လူတွေအကြောင်းကို နည်းနည်းစီသင်ပေးလို့လေ...''

"....''

"နောက်ဦးတို့ရဲ့ ပုံစံကိုကြည့်ရင်း ပြောနိုင်တာပေါ့..''

"နာရီပိုင်းလောက်လေးကို...သမီးက အနားမှ ရှိသလိုပြောနိုင်တာပဲ..သိပ်တော်တယ်''

"ကျေးဇူးပါ....ဦး''

"သမီးနဲ့စကားပြောရတာ ကောင်းလိုက်တာ... ဒီနေ့မှသိရတယ်..ဦးအနားမှာ မိတ်ဆွေတွေ အလုပ်သမားတွေအများကြီးရှိတယ်..''

"...''

"ဒါပေမဲ့ ခုလိုမပြောခဲ့​ကြဘူး...သမီးက ပထမဆုံးပဲ..''

"သမီးက ပြောချင်ရင် ရင်ထဲသိမ်းမထားတတ်ဘူး...နောက် မှားနေတာကိုလဲ လက်ခုပ်တီးပြီး မှန်လိုက်တာလို့... ပြောရတာမျိုးကိုမုန်းတယ်..''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now