အပိုင်း(၅)

Começar do início
                                    

ချောင်လန်နဲ့ တစ်ခုံထဲထိုင်တဲ့ ကောင်မလေးရဲ့ မျက်နှာက မည်းသထက် မည်းလာတယ်။
သူမလဲ အကောင်းဆုံး ရေးခဲ့တာပဲ။ ဒါပေမဲ့ ချောင်လန်ကြောင့် သူမတောင် လောင်လျှို အပြစ်ပေးခံရတဲ့ လူတွေထဲကို ပါသွားရတယ်။ သူမ ထိုင်ခုံကို မည်းနက်နေတဲ့ မျက်နှာကြီးနဲ့ ပြန်လာတယ်။ စိတ်ထဲမှာတော့ သူမက အရမ်းပေါက်ကွဲနေပြီ။ သူမက ချောင်လန့်ကို အရင်ကလို အနိုင်ကျင့်လို့ရတဲ့ကောင်မလေးလို့ပဲမြင်ပြီး ချောင်လန်ဘက်ကို လှည့်ပြီး ဘာမှမစဥ်းစားဘဲမေးချလိုက်တယ်။ " ဒီမနက်ခင်းတုန်းက နင်သိနေနှင့်ပြီးသားလား "

ချောင်လန်က ဘာreaction မှမပြဘဲနဲ့ စာရွက်ကိုပဲ အေးအေးဆေးဆေးလှန်နေလိုက်တယ်။

နင်ဘာတွေပြောနေတာလဲ။ လေတိုက်တာက အရမ်းပြင်းနေတာ။ ငါမကြားရတော့ဘူး။

Oh my god!!! အခု ချောင်လန်က သူမပြောတာကို တစ်ကယ်ကြီး မကြားချင်ယောင်ဆောင်ပြီး သူမကို လျစ်လျူရှုလိုက်တာလား။

ချောင်လန်ရဲ့ deskmateက shock ရသွားတယ်။ ပြီးတော့ သူမမျက်နှာကြီးတောင် ပြာလာတယ်။

လောင်လျှိုဆီကနေ တစ်ခါလေး ချီးကျူးခံလိုက်ရတာမလား။ အဲ့ဒါလေးကို သူမက ကောင်းကင်ဘုံ ကနေဆင်းလာတဲ့အတိုင်းဘဲ ပြုမူနေလိုက်တာ။ ချောင်လန်က သူမကို လျစ်လျူရှုရဲတယ်ပေါ့။ စုန့်ယောင်ဘေးက လူအုပ်စုက ချောင်လန့်ကို မခေါ်ဖို့ ဆုံးဖြတ်ထားကြပြီးသား။ အခုတော့ သူမက ထပ်ပြီးတော့တောင် သူတို့ကို အပြစ်လုပ်မိလိုက်သေးတယ်။ ဟမ့် နောက်ကျမှ ဘယ်သူက နောင်တရမလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့။

Self-study အချိန်ပြီးတော့ အဲ့ကောင်မလေးက သူမနဲ့ပုံမှန်တွဲလေ့ရှိတဲ့ အတန်းဖော် ကောင်မလေးတွေဆီ ပြေးသွားလိုက်တယ်။ အဖွဲ့လိုက်စုမိကြပြီး စကားတွေစပြောကြတယ်။ သူတို့က စကားပြောနေရင်းနဲ့ တစ်ချက်တစ်ချက် ချောင်လန့်ဘက်ကို လှမ်းလှမ်းကြည့်နေကြတယ်။ သူတို့ပြောနေတာကို တစ်ယောက်ယောက်ကသာ သေချာနားထောင်ကြည့်မယ်ဆိုရင် အဲ့ကောင်မလေးတွေက ချောင်လန့်ရဲ့အဝတ်အစားအကြောင်း ပြောနေတာကိုကြားရလိမ့်မယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Onde as histórias ganham vida. Descobre agora