ဟင်းလေး နည်းနည်းမြည်းလို့ရလား

Start from the beginning
                                    

"ဒါဆို ကိုယ်နဲ့ ဒီနေ့လိုက်...''

"မ ပြောတယ်လေ...ဒီနေ့ ကျွန်တော်နဲ့လိုက်မှာ..''

"ကြည့်အုံး ခုထိမပြေလည်သေးဘူးလား..ဂျက်ဆင် ဒီနေ့တော့ ကလေးနဲ့လိုက်သွားမယ်နော် ရုံးမှာတွေ့မှာပဲဟာ..''

ပြောတော့... ကလေးက မျက်နှာကြီးမဲ့သွားပြီး ဂျက်ဆင်ကတော့ ကျေနပ်သွားပုံရတယ် အောင်နိုင်သူတစ်ယောက်လို ပြုံးနေလေရဲ့..

ကြည့်ရတာ ဂျက်ဆင် ကလေးကိုများကြိုက်နေလားမသိ ကြည့်လေ...ဒါလေးကို ငြင်းခုံနေကြတယ်တဲ့ ficတွေထဲကလိုဆို semeက ukeလေးကို လိုက်စနေတာမျိုးတို့ဘာတို့

အဲ့လိုဆိုလဲ ငါလေးက အနစ်နာခံပြီး နောက်ဆုတ်ပေးရတာပေါ့...ဒါပေမဲ့ ကလေးကိုချစ်လို့မဝသေးဘူးကို

"မ သွားမယ်..''

အတွေးနယ်ချဲ့နေတုန်း ကလေးက လက်ကနေကိုင်ပြီး ကားနောက်ခန်းထဲထည့်လိုက်သလိုသူပါဝင်လိုက်ရင်း အိမ်ကနေထွက်လာကြတယ်...ဂျက်ဆင်ကတော့ ငါလေးတို့ကားနောက်ကနေ လိုက်လာနေပြီ

ကလေးက ကားပေါ်မှာ စကားလဲမပြောသလို မျက်နှာကမာထန်နေတာပဲ လူကိုတောင်တစ်ချက်မှမကြည့်ဘဲ ကားမှန်ကနေ အပြင်ကိုကြည့်နေတဲ့ကလေး... လူကိုစိတ်ကောက်နေတာများလား

ရုံးရောက်ခံနီးဂျက်ဆင်ကားက ကျော်တက်သွား​ပြီး ငါလေးတို့လဲရုံးရှေ့ကားရပ်လိုက်တော့... ဂျက်ဆင်က ကားနားရပ်စောင့်နေတာကိုမြင်လိုက်ရတယ် ခုနက အမြန်မောင်းသွားတာ ကားပါကင်ထိုးရမှာမလို့နေမယ်

"လာ..သွားမယ် ချီ..''

ကားတံခါးတောင် လာဖွင့်ပေးတော့ လူကအနေရခက်သလိုပဲ ဒီကောင် အဲ့လောက်တောင် အဖော်မက်ရလား...ချစ်ကတော့ ကားပေါ်ကဆင်းရင်း

"ဒါဆို နေ့လယ်ကျ ငါ့အခန်းလာခဲ့ မိချီ..''

"အင်း...ချစ် အကိုမိုးယံသွားပြီနော် ကလေးရော..''

ကလေးကိုကြည့်တော့ ကိုယ့်ကိုတောင်လှည့်မကြည့်ဘဲ ဟိုဘက်ကိုလှည့်နေတယ်... ကြည့် စိတ်ကောက်နေတာခုထိမပြေသေးဘူးလား

Ukeနဲ့တူတယ် ပြောရင်လဲမကြိုက် ဒါပေမဲ့လုပ်နေတာကိုက ukeကျနေတာပဲ... စိတ်ကောက်ရတာလဲအမော နောက်ကျ လူကိုလာချွဲအုံးမယ်

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now